


ယူနီကုဒ်ဖြင့်ဖတ်ရန်

ပရိသတ်လက်ခံအားပေးတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်နေပြီဆိုပေမယ့် ကလေးစိတ်မကုန်သေးတဲ့ သူမရဲ့အကြောင်းကို ပြသလာတဲ့ သဇင်ထူးမြင့်

နိုင်ငံကျော် ပြည်သူချစ်သရုပ်ဆောင် ခင်လှိုင်ရဲ့ တစ်ဦးတည်းသောသမီးဖြစ်သူ သဇင်ထူးမြင့်ကတော့ အနုပညာလောကထဲကို အမှတ်မထင်ပဲ ဝင်ရောက်လာသူတစ်ယောက်ပါ။ ရွှေကြိုတစ်ယောက်အဖြစ် ပါဝင်ခဲ့ပြီးနောက်ပိုင်းမှာတော့ သဇင်ထူးမြင့်က ကြော်ငြာတွေကို လက်ခံရိုက်ကူးခဲ့သလို “ဆုံဆည်းခွင့်”၊ “ဆိုးပေ”ဆိုတဲ့ တီဗီဇာတ်လမ်းတွဲလေးတစ်ခုမှာ ပါဝင်သရုပ်ဆောင်ခဲ့တာ တွေ့ရပါတယ်။ အနုပညာလမ်းကြောင်းပေါ်မှာ ကျင်လည်ခဲ့တာ အချိန်တစ်ခုရောက်ရှိနေပြီဖြစ်တဲ့ သဇင်ထူးမြင့်က အနုပညာအသိုင်းအဝိုင်းထဲမှာ ဝင်ဆံ့ခဲ့ပြီဖြစ်သလို ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း အထိုက်အလျောက်ရရှိခဲ့ပြီပဲ ဖြစ်ပါတယ်။

တစ်အိမ်လုံးရဲ့ အငယ်ဆုံးလေးလည်းဖြစ်သလို ဦးခင်လှိုင်ရဲ့ ဖူးဖူးမှုတ်ထားခြင်းခံရတဲ့ သဇင်ထူးမြင့်က အသက် (၂၁) နှစ်အရွယ်ကိုရောက်ရှိနေပေမယ့် ကလေးစိတ်မကုန်သေးသူလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ သဇင်ထူးမြင့်က သူမရဲ့ ရိုက်ကွင်းပေါ်က အမှတ်တရလေးတစ်ခုကိုမျှဝေပြီး ကလေးစိတ်မကုန်သေးတဲ့ သူမရဲ့အကြောင်းကို အခုလိုပဲ ပြသလာခဲ့ပါတယ်။

သဇင်ထူးမြင့်ကတော့ ပရိသတ်လက်ခံအားပေးတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်နေပြီဆိုပေမယ့် ကလေးစိတ်မကုန်သေးပဲ ချောင်တွေထဲ ပုန်းနေတတ်တာ ပရိသတ်ကြီးတွေ့ရမှာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သဇင်ထူးမြင့်ရဲ့ ပုံရိပ်လေးကိုကြည့်ပြီး အသည်းယားနေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Thazin Htoo Myint’s fb
Bilie – Cele Connections