နိုင္ငံေက်ာ္ မင္းသားေခ်ာ မိုးယံဇြန္ကေတာ့ ေမာ္ဒယ္တစ္ေယာက္အျဖစ္ အနုပညာေလာကထဲကို ဝင္ေရာက္လာခဲ့သူျဖစ္ျပီး ရုပ္ရွင္နဲ့ ဗီဒီယိုဇာတ္ကားေတြမွာ ပါဝင္သရုပ္ေဆာင္ရင္း ပရိသတ္ေတြရဲ့ အားေပးမႈကို အခိုင္အမာရရိွထားသူတစ္ေယာက္ ျဖစ္ပါတယ္။ မိုးယံဇြန္က ရုပ္ရွင္နဲ့ ဗီဒီယိုဇာတ္ကားေတြမွာ က်ရာကာရိုက္တာမွာ စိတ္ေရာလူပါနစ္ျပီး အေကာင္းဆံုးသရုပ္ေဆာင္နိုင္ေပမယ့္ အျပင္က သူ့ရဲ့ ကာရိုက္တာကေတာ့ ေအးေအးေဆးေဆးရိွျပီး သာမာန္လူတစ္ေယာက္လုိ ေနထိုင္တတ္သူတစ္ေယာက္ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း အေနေအးျပီး တည္ျငိမ္လြန္းတဲ့ မိုးယံဇြန္ရဲ့ အျပင္က ကာရိုက္တာေလးကိုလည္း ခ်စ္ခင္စြာနဲ့ အားေပးၾကတာပဲ ျဖစ္ပါတယ္။

စိတ္ထားေကာင္းသလို အလွဴအတန္းေတြမ်ားစြာကို ျပဳလုပ္တတ္တဲ့ မိုးယံဇြန္က ဒီတစ္ေခါက္မွာလည္း (၂၀၂၁) ခုနွစ္ရဲ့ နွစ္ဦးအလွဴကို ပိုင္တံခြန္နဲ့မွပဲ စျပီး လွဴဒါန္းျဖစ္ေတာ့ေၾကာင္းကို “gym မွာဆုံေတာ့မွ ပိုင္တံခြန္ မတည္ထားတဲ့သိမ္အလႉမွာ 2021ရဲ႕ပထမဦးဆုံးအလႉကိုစျပီးလႉျဖစ္ေတာ့တယ္။ ယခုထက္ပို hotတဲ့ megastar ထပ္ျဖစ္ပါေစ🤗” ဆိုျပီး သူ့ရဲ့ အလွဴေလးအေၾကာင္းေျပာရင္း ပိုင္တံခြန္အတြက္လည္း ဆုေတာင္းစကားေလး ေျပာလာပါတယ္။

မိုးယံဇြန္ကေတာ့ သူ့ရဲ့ နွစ္ဦးအလွဴကို အနုပညာေလာကထဲက ညီေလးတစ္ေယာက္ျဖစ္တဲ့ ပိုင္တံခြန္နဲ့မွပဲ လွဴဒါန္းျဖစ္ေၾကာင္း ေျပာလာတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း မုိးယံဇြန္ရဲ့ ကုသိုလ္ေလးကို ဝမ္းေျမာက္စြာနဲ့ သာဓုေခၚဆိုေပးၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Moe Yann Zune’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

(၂၀၂၁) ခုနှစ်ရဲ့ နှစ်ဦးအလှူကို ပိုင်တံခွန်နဲ့မှပဲ စပြီး လှူဒါန်းဖြစ်တော့ကြောင်း ပြောပြလာတဲ့ မိုးယံဇွန်

နိုင်ငံကျော် မင်းသားချော မိုးယံဇွန်ကတော့ မော်ဒယ်တစ်ယောက်အဖြစ် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့သူဖြစ်ပြီး ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူတစ်ယောက် ဖြစ်ပါတယ်။ မိုးယံဇွန်က ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ကျရာကာရိုက်တာမှာ စိတ်ရောလူပါနစ်ပြီး အကောင်းဆုံးသရုပ်ဆောင်နိုင်ပေမယ့် အပြင်က သူ့ရဲ့ ကာရိုက်တာကတော့ အေးအေးဆေးဆေးရှိပြီး သာမာန်လူတစ်ယောက်လို နေထိုင်တတ်သူတစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း အနေအေးပြီး တည်ငြိမ်လွန်းတဲ့ မိုးယံဇွန်ရဲ့ အပြင်က ကာရိုက်တာလေးကိုလည်း ချစ်ခင်စွာနဲ့ အားပေးကြတာပဲ ဖြစ်ပါတယ်။

စိတ်ထားကောင်းသလို အလှူအတန်းတွေများစွာကို ပြုလုပ်တတ်တဲ့ မိုးယံဇွန်က ဒီတစ်ခေါက်မှာလည်း (၂၀၂၁) ခုနှစ်ရဲ့ နှစ်ဦးအလှူကို ပိုင်တံခွန်နဲ့မှပဲ စပြီး လှူဒါန်းဖြစ်တော့ကြောင်းကို “gym မှာဆုံတော့မှ ပိုင်တံခွန် မတည်ထားတဲ့သိမ်အလှူမှာ 2021ရဲ့ပထမဦးဆုံးအလှူကိုစပြီးလှူဖြစ်တော့တယ်။ ယခုထက်ပို hotတဲ့ megastar ထပ်ဖြစ်ပါစေ🤗” ဆိုပြီး သူ့ရဲ့ အလှူလေးအကြောင်းပြောရင်း ပိုင်တံခွန်အတွက်လည်း ဆုတောင်းစကားလေး ပြောလာပါတယ်။

မိုးယံဇွန်ကတော့ သူ့ရဲ့ နှစ်ဦးအလှူကို အနုပညာလောကထဲက ညီလေးတစ်ယောက်ဖြစ်တဲ့ ပိုင်တံခွန်နဲ့မှပဲ လှူဒါန်းဖြစ်ကြောင်း ပြောလာတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မိုးယံဇွန်ရဲ့ ကုသိုလ်လေးကို ဝမ်းမြောက်စွာနဲ့ သာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Moe Yann Zune’s fb
Bilie – Cele Connections