သရုပ္ေဆာင္ ေဆာင္းယြန္းစံကေတာ့ ကိုရီးယားမင္းသမီး ေဆာင္းေဟကုိနဲ့တူတယ္ဆိုျပီး ပရိသတ္ေတြၾကားမွာ နာမည္ၾကီးထင္ရွားလာခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ ခ်စ္စရာေကာင္းျပီး ငယ္ငယ္ရြယ္ရြယ္ေလးနဲ့ အလုပ္ေတြမ်ားစြာကို ဦးစီးလုပ္ကိုင္ေနတဲ့ အရည္အခ်င္းအျပည့္ရိွတဲ့ မိန္းကေလးတစ္ေယာက္လည္းျဖစ္တဲ့ ေဆာင္းယြန္းစံက လက္ရိွမွာေတာ့ အနုပညာအလုပ္ေတြအျပင္ မိဘေတြရဲ့ စီးပြားေရးလုပ္ငန္းေတြကိုပါ တစ္ဖက္တစ္လမ္းကေန ကူညီလုပ္ကိုင္ေပးေနတာပဲ ျဖစ္ပါတယ္။ လူေလးလွသလို အလွဴအတန္းပရဟိတအလုပ္ေတြကိုလည္း လုပ္ကိုင္ေနတဲ့ ေဆာင္းယြန္းစံကို ပရိသတ္ေတြကလည္း ခ်စ္ခင္စြာနဲ့ အားေပးေနၾကတာပဲ ျဖစ္ပါတယ္။

လာမယ့္ ဇန္နဝါရီလ (၂၃) ရက္ေန့မွာ ေမြးေန့က်ေရာက္မယ့္ ေဆာင္းယြန္းစံက ေမြးေန့မေရာက္ခင္ ရက္ပိုင္းအလိုကတည္းက ခ်စ္ပရိသတ္ေတြဆီက အမွတ္တရ ေမြးေန့လက္ေဆာင္ေတြ ရရိွေနျပီပဲ ျဖစ္ပါတယ္။ ေဆာင္းယြန္းစံက “Birthday မေရာက္ေသးေပမဲ့ 🎁 ေဆာင္းရဲ႕ ခ်စ္ရတဲ့ Fans ေလးေတြရဲ႕ Birthday Pre Surprise ေတြလုပ္ေပးၾကလို႔ အရမ္းေပ်ာ္ေနပါၿပီ ♥️” ဆိုျပီး သူမရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ ေျပာလာပါတယ္။

ေဆာင္းယြန္းစံကေတာ့ ေမြးေန့မေရာက္ခင္ကတည္းက ခ်စ္ပရိသတ္ေတြဆီက ၾကိဳတင္ Surprise လုပ္ခံေနရျပီး သည္းသည္းလႈပ္အခ်စ္ခံေနရတာပဲျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း အခ်စ္ခံရလြန္းျပီး ဂရုစိုက္ခံရလြန္းသူေလး ေဆာင္းယြန္းစံကို အားက်ေနၾကျပီထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Saung Yoon San’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

မွေးနေ့မရောက်ခင်ကတည်းက ချစ်ပရိသတ်တွေဆီက ကြိုတင် Surprise လုပ်ခံနေရပြီး သည်းသည်းလှုပ်အချစ်ခံနေရကြောင်း ပြသလာတဲ့ ဆောင်းယွန်းစံ

သရုပ်ဆောင် ဆောင်းယွန်းစံကတော့ ကိုရီးယားမင်းသမီး ဆောင်းဟေကိုနဲ့တူတယ်ဆိုပြီး ပရိသတ်တွေကြားမှာ နာမည်ကြီးထင်ရှားလာခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ချစ်စရာကောင်းပြီး ငယ်ငယ်ရွယ်ရွယ်လေးနဲ့ အလုပ်တွေများစွာကို ဦးစီးလုပ်ကိုင်နေတဲ့ အရည်အချင်းအပြည့်ရှိတဲ့ မိန်းကလေးတစ်ယောက်လည်းဖြစ်တဲ့ ဆောင်းယွန်းစံက လက်ရှိမှာတော့ အနုပညာအလုပ်တွေအပြင် မိဘတွေရဲ့ စီးပွားရေးလုပ်ငန်းတွေကိုပါ တစ်ဖက်တစ်လမ်းကနေ ကူညီလုပ်ကိုင်ပေးနေတာပဲ ဖြစ်ပါတယ်။ လူလေးလှသလို အလှူအတန်းပရဟိတအလုပ်တွေကိုလည်း လုပ်ကိုင်နေတဲ့ ဆောင်းယွန်းစံကို ပရိသတ်တွေကလည်း ချစ်ခင်စွာနဲ့ အားပေးနေကြတာပဲ ဖြစ်ပါတယ်။

လာမယ့် ဇန်နဝါရီလ (၂၃) ရက်နေ့မှာ မွေးနေ့ကျရောက်မယ့် ဆောင်းယွန်းစံက မွေးနေ့မရောက်ခင် ရက်ပိုင်းအလိုကတည်းက ချစ်ပရိသတ်တွေဆီက အမှတ်တရ မွေးနေ့လက်ဆောင်တွေ ရရှိနေပြီပဲ ဖြစ်ပါတယ်။ ဆောင်းယွန်းစံက “Birthday မရောက်သေးပေမဲ့ 🎁 ဆောင်းရဲ့ ချစ်ရတဲ့ Fans လေးတွေရဲ့ Birthday Pre Surprise တွေလုပ်ပေးကြလို့ အရမ်းပျော်နေပါပြီ ♥️” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။

ဆောင်းယွန်းစံကတော့ မွေးနေ့မရောက်ခင်ကတည်းက ချစ်ပရိသတ်တွေဆီက ကြိုတင် Surprise လုပ်ခံနေရပြီး သည်းသည်းလှုပ်အချစ်ခံနေရတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အချစ်ခံရလွန်းပြီး ဂရုစိုက်ခံရလွန်းသူလေး ဆောင်းယွန်းစံကို အားကျနေကြပြီထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Saung Yoon San’s fb
Bilie – Cele Connections

Leave a Comment

Your email address will not be published. Required fields are marked *