ကချင်တိုင်းရင်းသူမော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့ အောန်ဆိုင်းကတော့ မော်ဒယ်လ်လောကမှာ နှစ်ပေါင်းများစွာတိုင် အောင်မြင်မှုတွေများစွာ ရရှိထားသူတစ်ယောက်ပါ။ အောန်ဆိုင်းကတော့ မော်ဒယ်လ်တစ်ယောက်ဆိုပေမယ့် ရုပ်ရှင်ဇာတ်ကားကြီးအချို့မှာလည်း ပါဝင်သရုပ်ဆောင်ပေးခဲ့ပြီး သီချင်း MV တွေမှာလည်း ပါဝင်သရုပ်ဆောင်ပေးခဲ့တာကို ပရိသတ်ကြီးတွေ့ရမှာပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိလည်း အောန်ဆိုင်းက အောင်မြင်မှုတွေများစွာနဲ့ သူမဝါသနာပါမြတ်နိုးတဲ့ အနုပညာအလုပ်တွေကို တစိုက်မတ်မတ်လုပ်ကိုင်နေဆဲပါ။

ချစ်သူဆီက လက်ထပ်ခွင့်တောင်းခံ ခဲ့ရပြီးနောက် မကြာခင်အချိန်အတွင်းမှာ လက်ထပ်တော့မယ်ဖြစ်တဲ့ အောန်ဆိုင်းက အခုဆိုရင် သူမရဲ့ချစ်သူကို ပရိသတ်တွေဆီ တရားဝင်မိတ်ဆက်ပေးပြီးပြီ ဖြစ်ပါတယ်။ အောန်ဆိုင်းတို့ ချစ်သူနှစ်ယောက်က လက်ထပ်ဖို့အတွက် Pre Wedding အမှတ်တရပုံတွေကိုလည်း ရိုက်ကူးနေပြီဖြစ်ပြီး ပရိသတ်တွေအတွက်လည်း အမှတ်တရချပြနေလျက်ရှိတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း အောန်ဆိုင်းတို့ ချစ်သူနှစ်ယောက်က နိုင်ငံခြားမင်းသားနဲ့ မင်းသမီးအလားထင်မှတ်ရလောက်အောင် ဆွဲဆောင်မှုရှိကြတာကို တွေ့ရပါတယ်။

အောန်ဆိုင်းကေ တာ့ ချစ်ရသူရဲ့ တန်ဖိုးထားမြတ်နိုးခြင်း ခံရတဲ့ အမျိုးသမီးတစ်ယောက်ပီပီ ပိုလို့တောင်လှလာတာ ပရိသတ်ကြီးသတိာထးမိကြမယ် ထင်ပါတယ်။ ပရိသတ်ကြီးလည်း အောန်ဆိုင်းတို့ချစ်သူနှစ်ယောက်ရဲ့ ကြည်နူးစရာအမှတ်တရလေးကိုကြည့်ပြီး အားကျစိတ်တွေဖြစ်ပေါ်နေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Awn Seng – Elizabeth’s fb
Bilie – Cele Connections