(၂၀၀၇) ခုနွစ္အတြင္းမွာ အလွမယ္တစ္ေယာက္အျဖစ္ ဆုတံဆိပ္ သရဖူေတြမ်ားစြာ ရရိွပိုင္ဆိုင္ခဲ့တဲ့ မိုးယုစံကေတာ့ Miss Now How ဆုရွင္အျဖစ္ လူသိမ်ားလာခဲ့သူ ျဖစ္ပါတယ္။ အလွမယ္တစ္ေယာက္ျဖစ္ေပမယ့္ ေနာက္ပိုင္းမွာ ရုပ္ရွင္သရုပ္ေဆာင္တစ္ေယာက္အျဖစ္လည္း ရပ္တည္လာတဲ့ မုိးယုစံက နွင္းဆီအဖြဲ့ရဲ့ ပင္တိုင္စံ မင္းသမီးတစ္ေယာက္အျဖစ္လည္း ေဆာင္ရြက္ခဲ့သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ မိုးယုစံကလည္း လက္ရိွမွာေတာ့ အိမ္ေထာင္ရွင္ မိခင္တစ္ေယာက္ျဖစ္ေပမယ့္ သူမခ်စ္တဲ့ အနုပညာအလုပ္ေတြကို မစြန့္လႊတ္ပဲ ကေလးတစ္ဖက္နဲ့ အနုပညာလႈပ္ရွားမႈေတြ လုပ္ကိုင္ေနတာပဲ ျဖစ္ပါတယ္။

မိုးယုစံကေတာ့ လက္ရိွမွာ သူမရဲ့ ဒုတိယေျမာက္ ကုိယ္ဝန္ကို လြယ္ေဆာင္ထားတာျဖစ္ျပီး ဗိုက္ထဲက ရင္ေသြးေလးကို ဂရုတစိုက္ရိွသလို သားၾကီးေကာင္းသိခၤမိုးသူကိုလည္း အခ်စ္မေလ်ာ့ပဲ အစြမ္းကုန္ခ်စ္ေပးေနတာပဲ ျဖစ္ပါတယ္။ မိုးယုစံရဲ့သားၾကီး ေကာင္းသိခၤမိုးသူကေတာ့ မိုးယုစံရဲ့ ရုပ္ခ်င္းတစ္ေထရာတည္းတူသလို ဝါသနာလည္းထပ္တူက်တာပဲ ျဖစ္ပါတယ္။ ဒီကေန့မွာလည္း မိုးယုစံက သူမပန္းခ်ီဆြဲတာကိုၾကည့္ျပီး လိုက္ရႈပ္တဲ့သားေလးအေၾကာင္း ျပသလာပါတယ္။

မိုးယုစံကေတာ့ သူမကို ေန့စဥ္ေန့တိုင္းလိုလို ေပ်ာ္ရႊင္စရာေတြေပးတဲ့ သားၾကီးနဲ့ မျမင္ရေသးေပမယ့္ အခ်စ္ပိုေနရတဲ့ သားငယ္ေလးေၾကာင့္ ၾကည္နူးေနရတာပဲ ျဖစ္ပါတယ္။ မိုးယုစံတို့ မိသားစုေလးကိုၾကည့္ျပီး ပရိသတ္ၾကီးလည္း ၾကည္နူးမႈေတြ ကူးစက္သြားမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Moe Yu San’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

မေမေနဲ့ ရုပ်ချင်းတူတဲ့အပြင် ဝါသနာချင်းပါထပ်တူကျတဲ့ အမေတူသားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ မိုးယုစံ

(၂၀၀၇) ခုနှစ်အတွင်းမှာ အလှမယ်တစ်ယောက်အဖြစ် ဆုတံဆိပ် သရဖူတွေများစွာ ရရှိပိုင်ဆိုင်ခဲ့တဲ့ မိုးယုစံကတော့ Miss Now How ဆုရှင်အဖြစ် လူသိများလာခဲ့သူ ဖြစ်ပါတယ်။ အလှမယ်တစ်ယောက်ဖြစ်ပေမယ့် နောက်ပိုင်းမှာ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်အဖြစ်လည်း ရပ်တည်လာတဲ့ မိုးယုစံက နှင်းဆီအဖွဲ့ရဲ့ ပင်တိုင်စံ မင်းသမီးတစ်ယောက်အဖြစ်လည်း ဆောင်ရွက်ခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ မိုးယုစံကလည်း လက်ရှိမှာတော့ အိမ်ထောင်ရှင် မိခင်တစ်ယောက်ဖြစ်ပေမယ့် သူမချစ်တဲ့ အနုပညာအလုပ်တွေကို မစွန့်လွှတ်ပဲ ကလေးတစ်ဖက်နဲ့ အနုပညာလှုပ်ရှားမှုတွေ လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

မိုးယုစံကတော့ လက်ရှိမှာ သူမရဲ့ ဒုတိယမြောက် ကိုယ်ဝန်ကို လွယ်ဆောင်ထားတာဖြစ်ပြီး ဗိုက်ထဲက ရင်သွေးလေးကို ဂရုတစိုက်ရှိသလို သားကြီးကောင်းသိင်္ခမိုးသူကိုလည်း အချစ်မလျော့ပဲ အစွမ်းကုန်ချစ်ပေးနေတာပဲ ဖြစ်ပါတယ်။ မိုးယုစံရဲ့သားကြီး ကောင်းသိင်္ခမိုးသူကတော့ မိုးယုစံရဲ့ ရုပ်ချင်းတစ်ထေရာတည်းတူသလို ဝါသနာလည်းထပ်တူကျတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း မိုးယုစံက သူမပန်းချီဆွဲတာကိုကြည့်ပြီး လိုက်ရှုပ်တဲ့သားလေးအကြောင်း ပြသလာပါတယ်။

မိုးယုစံကတော့ သူမကို နေ့စဉ်နေ့တိုင်းလိုလို ပျော်ရွှင်စရာတွေပေးတဲ့ သားကြီးနဲ့ မမြင်ရသေးပေမယ့် အချစ်ပိုနေရတဲ့ သားငယ်လေးကြောင့် ကြည်နူးနေရတာပဲ ဖြစ်ပါတယ်။ မိုးယုစံတို့ မိသားစုလေးကိုကြည့်ပြီး ပရိသတ်ကြီးလည်း ကြည်နူးမှုတွေ ကူးစက်သွားမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Moe Yu San’s fb
Bilie – Cele Connections