အဆိုေတာ္ ေနေနကေတာ့ ပရိသတ္ေတြခံစားခ်က္နဲ႔ တိုက္ဆိုင္တဲ့ သီခ်င္းေကာင္းေလးေတြကို သီဆိုေလ့ရွိသူတစ္ေယာက္ ျဖစ္ပါတယ္။ ေနေနက လက္ရွိမွာလည္း သူမဝါသနာပါရာ အႏုပညာအလုပ္ေတြကို လုပ္ကိုင္ေနသလို သူမရဲ႕ မိသားစုေလးကိုလည္း ဂ႐ုတစိုက္နဲ႔ ၾကင္နာစြာ ေစာင့္ေရွာက္ေနတဲ့ မိခင္ေကာင္းတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ေနေနရဲ့ အမ်ိဳးသား ကိုလင္းျမိဳင္ကလည္း ဂီတကိုဝါသနာပါသူတစ္ေယာက္ျဖစ္ျပီး လက္ရိွထုတ္လႊင့္ျပသေနတဲ့ The Voice Myanmar Season (3) သီခ်င္းဆိုျပိဳင္ပြဲမွာ ဝင္ေရာက္ယွဥ္ျပိဳင္ေနတာပဲ ျဖစ္ပါတယ္။

ဒါေပမယ့္ မေန့က Knockout Round မွာေတာ့ ေနေနရဲ့အမ်ိဳးသား ကိုလင္းျမိဳင္က ကံမေကာင္းစြာနဲ့ နႈတ္ဆက္ထြက္ခြာလာရျပီျဖစ္ပါတယ္။ ေနေနကေတာ့ ျပိဳင္ပြဲကေန နႈတ္ဆက္ထြက္ခြာသြားတဲ့ ခင္ပြန္းအတြက္ “ခ်စ္ ေယာက္က်ားေရ…အရင္ဆုံး သီခ်င္းေလးကို mood အျပည့္နဲ႔ ဆိုျပေပးသြားတာ ေႂကြဆင္းေနပါၿပီေနာ္။ ko kyar pauk Team ကလည္း လုံးဝ ရွယ္ေတြႀကီး စုေနတာကို ေတြ႕ရေတာ့ တကယ္ကိုေလးစားမိပါတယ္။ ဘယ္လိုပဲ​​စ​ျဖစ္ျဖစ္ ေယာက္က်ား အေကာင္းဆုံး ဆိုသြားတာကို ၾကားလိုက္ရလို႔ မ်က္ရည္ေတာင္က်ခ်င္တယ္။ ခ်စ္တယ္ေနာ္ babe. .you r my winner 😇❤❤❤”

“The Voice ဆိုတဲ့ ၿပိဳင္ပြဲ ေခါင္းစဥ္ ရဲ႕ အဓိပၸာယ္က ထားျခားတဲ့ အသံပိုင္ရွင္ ကို ရည္ၫႊန္းတဲ့ အတြက္ ကိုယ္ကေတာ့ သူ ၿပိဳင္ခဲ့တာ အဲဒီအတြက္ပဲလို႔ ျမင္မိတဲ့ အခ်ိန္ကစၿပီး သူ႔အသံကို ၾကားဘူးတဲ့ သူတိုင္းလည္း အဲလိုပဲ ခံစားၾကရမယ္လို႔ လက္ခံထားတယ္။ အဲဒီအတြက္ ရလဒ္က ဘယ္လို ျဖစ္ျဖစ္ သူက ကိုယ့္အတြက္ ေတာ့ အဆိုေတာ္တစ္ယာက္လို႔ ခံယူထားတယ္။ so keep up the good work babe.. ☺” ဆိုျပီး ခင္ပြန္းျဖစ္သူ ကိုလင္းျမိဳင္အတြက္ အားေပးစကားေျပာလာပါတယ္။

ေနေနကေတာ့ ခင္ပြန္းျဖစ္သူရဲ့ ဘယ္လိုရလဒ္မ်ိဳးကိုမဆို အေကာင္းဆံုးလက္ခံျပီး ခင္ပြန္းသည္အတြက္ေတာ့ အားျဖစ္ေစမယ့္ အားေဆးေကာင္းတစ္ခြက္ပါပဲေနာ္။ ကိုလင္းျမိဳင္လည္း ဝါသနာပါတဲ့ ဂီတလမ္းေၾကာင္းမွာ ဆက္လက္ေလွ်ာက္လွမ္းနိုင္ဖို့ ဆႏၵျပဳပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source:ေနေန ရည္မြန္ ‘s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

The Voice Myanmar ကို နှုတ်ဆက်ခဲ့ရတဲ့ ခင်ပွန်းဖြစ်သူ ကိုလင်းမြိုင်ရဲ့ အကောင်းဆုံးသီဆိုခဲ့မှုအပေါ် ပီတိမျက်ရည်တောင်ကျချင်ခဲ့တယ်ဆိုတဲ့ နေနေ

အဆိုတော် နေနေကတော့ ပရိသတ်တွေခံစားချက်နဲ့ တိုက်ဆိုင်တဲ့ သီချင်းကောင်းလေးတွေကို သီဆိုလေ့ရှိသူတစ်ယောက် ဖြစ်ပါတယ်။ နေနေက လက်ရှိမှာလည်း သူမဝါသနာပါရာ အနုပညာအလုပ်တွေကို လုပ်ကိုင်နေသလို သူမရဲ့ မိသားစုလေးကိုလည်း ဂရုတစိုက်နဲ့ ကြင်နာစွာ စောင့်ရှောက်နေတဲ့ မိခင်ကောင်းတစ်ယောက်ပဲ ဖြစ်ပါတယ်။ နေနေရဲ့ အမျိုးသား ကိုလင်းမြိုင်ကလည်း ဂီတကိုဝါသနာပါသူတစ်ယောက်ဖြစ်ပြီး လက်ရှိထုတ်လွှင့်ပြသနေတဲ့ The Voice Myanmar Season (3) သီချင်းဆိုပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နေတာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် မနေ့က Knockout Round မှာတော့ နေနေရဲ့အမျိုးသား ကိုလင်းမြိုင်က ကံမကောင်းစွာနဲ့ နှုတ်ဆက်ထွက်ခွာလာရပြီဖြစ်ပါတယ်။ နေနေကတော့ ပြိုင်ပွဲကနေ နှုတ်ဆက်ထွက်ခွာသွားတဲ့ ခင်ပွန်းအတွက် “ချစ် ယောက်ကျားရေ…အရင်ဆုံး သီချင်းလေးကို mood အပြည့်နဲ့ ဆိုပြပေးသွားတာ ကြွေဆင်းနေပါပြီနော်။ ko kyar pauk Team ကလည်း လုံးဝ ရှယ်တွေကြီး စုနေတာကို တွေ့ရတော့ တကယ်ကိုလေးစားမိပါတယ်။ ဘယ်လိုပဲစဖြစ်ဖြစ် ယောက်ကျား အကောင်းဆုံး ဆိုသွားတာကို ကြားလိုက်ရလို့ မျက်ရည်တောင်ကျချင်တယ်။ ချစ်တယ်နော် babe. .you r my winner 😇❤❤❤”

“The Voice ဆိုတဲ့ ပြိုင်ပွဲ ခေါင်းစဉ် ရဲ့ အဓိပ္ပာယ်က ထားခြားတဲ့ အသံပိုင်ရှင် ကို ရည်ညွှန်းတဲ့ အတွက် ကိုယ်ကတော့ သူ ပြိုင်ခဲ့တာ အဲဒီအတွက်ပဲလို့ မြင်မိတဲ့ အချိန်ကစပြီး သူ့အသံကို ကြားဘူးတဲ့ သူတိုင်းလည်း အဲလိုပဲ ခံစားကြရမယ်လို့ လက်ခံထားတယ်။ အဲဒီအတွက် ရလဒ်က ဘယ်လို ဖြစ်ဖြစ် သူက ကိုယ့်အတွက် တော့ အဆိုတော်တစ်ယာက်လို့ ခံယူထားတယ်။ so keep up the good work babe.. ☺” ဆိုပြီး ခင်ပွန်းဖြစ်သူ ကိုလင်းမြိုင်အတွက် အားပေးစကားပြောလာပါတယ်။

နေနေကတော့ ခင်ပွန်းဖြစ်သူရဲ့ ဘယ်လိုရလဒ်မျိုးကိုမဆို အကောင်းဆုံးလက်ခံပြီး ခင်ပွန်းသည်အတွက်တော့ အားဖြစ်စေမယ့် အားဆေးကောင်းတစ်ခွက်ပါပဲနော်။ ကိုလင်းမြိုင်လည်း ဝါသနာပါတဲ့ ဂီတလမ်းကြောင်းမှာ ဆက်လက်လျှောက်လှမ်းနိုင်ဖို့ ဆန္ဒပြုပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source:နေနေ ရည်မွန် ‘s fb
Bilie – Cele Connections