သရုပ္ေဆာင္ စမိုင္းလ္ကေတာ့ သူမကို အရမ္းခ်စ္ျပီး အလိုလိုက္ ဂရုစိုက္တဲ့ခင္ပြန္းနဲ့ လိမၼာေရးျခားရိွတဲ့ သမီးေလးနွစ္ေယာက္ကို ပိုင္ဆိုင္ထားျပီး သာယာေပ်ာ္ရႊင္တဲ့ မိသားစုဘဝေလးကို တည္ေဆာက္ထားတာပဲ ျဖစ္ပါတယ္။ စမိုင္းလ္ကေတာ့ ေပ်ာ္ရႊင္တဲ့ မိသားစုကို တည္ေဆာက္ထားသလို ပစၥည္းဥစၥာလည္း ၾကြယ္ဝခ်မ္းသာသူတစ္ေယာက္ျဖစ္တာေၾကာင့္ အလွဴေရစက္ လက္နဲ့မကြာ လွဴဒါန္းေလ့ရိွတာပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း စမုိင္းလ္တစ္ေယာက္ အနုပညာအလုပ္ေတြကို မလုပ္ကိုင္ျဖစ္ေပမယ့္ သူမရဲ့ ၾကင္နာေဖာ္ေရႊတဲ့ ပံုစံေလးေၾကာင့္ အခ်စ္ပိုေနရတာပဲ ျဖစ္ပါတယ္။

အလွဴအတန္းေတြ မ်ားစြာကို ျပဳလုပ္ေလေလ ပိုျပီး စီးပြားဥစၥာတိုးေလေလျဖစ္တယ္လို့ ပြင့္ပြင့္လင္းလင္းေျပာထားတဲ့ စမိုင္းလ္ကေတာ့ ျပင္ဦးလြင္ျမိဳ့မွာ သူမတုိ့ မိသားစုအတြက္ အပန္းေျဖေနအိမ္ကို တည္ေဆာက္ေနတဲ့အျပင္ ဟိုတယ္တစ္ခုကိုလည္း တည္ေဆာက္ေနတာပဲ ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ စမိုင္းလ္က”ျပင္ဦးလြင္ကအိမ္ကေလးေတာင္အၾကမ္းၿပီးေတာ့မယ္။ ကိုဗစ္ေတြၿပီးသြားရင္ ေမၿမိဳ႕မွာ ၃ လေလာက္သြားေနမယ္💝” ဆိုျပီး ျပင္ဦးလြင္က ေတာင္ကုန္ေလးေပၚမွာ တည္ေဆာက္ေနတဲ့ သူမတို့ရဲ့ အပန္းေျဖအိမ္ေလးရဲ့အၾကမ္းထည္ကို ျပသလာတာကို ေတြ့ရပါတယ္။

စမုိင္းလ္ကေတာ့ ေရွးဘဝကုသိုလ္ကံေၾကာင့္ လူတကာ အားက်ရေလာက္တဲ့ စည္းစိမ္ေတြကို ခံစားေနရတာပဲ ျဖစ္ပါတယ္။ အခုလက္ရိွမွာလည္း အလွဴေရစက္ လက္နဲ့မကြာ လွဴဒါန္းတဲ့ စမိုင္းလ္တစ္ေယာက္ ဒီထက္မက ပစၥည္းဥစၥာတိုးပြားျပီး ဆထက္တမ္းပိုး လွဴနိုင္တန္းနိုင္ပါေစေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: စမိုင္းလ္ Smile ‘s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ပြင်ဦးလွင်မြို့က တောင်ကုန်လေးပေါ်မှာ တည်ဆောက်နေတဲ့ သူမတို့ရဲ့ အပန်းဖြေအိမ်ကြီး အကြမ်းထည်ကို ပြသလာတဲ့ စမိုင်းလ်

သရုပ်ဆောင် စမိုင်းလ်ကတော့ သူမကို အရမ်းချစ်ပြီး အလိုလိုက် ဂရုစိုက်တဲ့ခင်ပွန်းနဲ့ လိမ္မာရေးခြားရှိတဲ့ သမီးလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားပြီး သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ စမိုင်းလ်ကတော့ ပျော်ရွှင်တဲ့ မိသားစုကို တည်ဆောက်ထားသလို ပစ္စည်းဥစ္စာလည်း ကြွယ်ဝချမ်းသာသူတစ်ယောက်ဖြစ်တာကြောင့် အလှူရေစက် လက်နဲ့မကွာ လှူဒါန်းလေ့ရှိတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း စမိုင်းလ်တစ်ယောက် အနုပညာအလုပ်တွေကို မလုပ်ကိုင်ဖြစ်ပေမယ့် သူမရဲ့ ကြင်နာဖော်ရွှေတဲ့ ပုံစံလေးကြောင့် အချစ်ပိုနေရတာပဲ ဖြစ်ပါတယ်။

အလှူအတန်းတွေ များစွာကို ပြုလုပ်လေလေ ပိုပြီး စီးပွားဥစ္စာတိုးလေလေဖြစ်တယ်လို့ ပွင့်ပွင့်လင်းလင်းပြောထားတဲ့ စမိုင်းလ်ကတော့ ပြင်ဦးလွင်မြို့မှာ သူမတို့ မိသားစုအတွက် အပန်းဖြေနေအိမ်ကို တည်ဆောက်နေတဲ့အပြင် ဟိုတယ်တစ်ခုကိုလည်း တည်ဆောက်နေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စမိုင်းလ်က”ပြင်ဦးလွင်ကအိမ်ကလေးတောင်အကြမ်းပြီးတော့မယ်။ ကိုဗစ်တွေပြီးသွားရင် မေမြို့မှာ ၃ လလောက်သွားနေမယ်💝” ဆိုပြီး ပြင်ဦးလွင်က တောင်ကုန်လေးပေါ်မှာ တည်ဆောက်နေတဲ့ သူမတို့ရဲ့ အပန်းဖြေအိမ်လေးရဲ့အကြမ်းထည်ကို ပြသလာတာကို တွေ့ရပါတယ်။

စမိုင်းလ်ကတော့ ရှေးဘဝကုသိုလ်ကံကြောင့် လူတကာ အားကျရလောက်တဲ့ စည်းစိမ်တွေကို ခံစားနေရတာပဲ ဖြစ်ပါတယ်။ အခုလက်ရှိမှာလည်း အလှူရေစက် လက်နဲ့မကွာ လှူဒါန်းတဲ့ စမိုင်းလ်တစ်ယောက် ဒီထက်မက ပစ္စည်းဥစ္စာတိုးပွားပြီး ဆထက်တမ်းပိုး လှူနိုင်တန်းနိုင်ပါစေနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: စမိုင်းလ် Smile ‘s fb
Bilie – Cele Connections