


ယူနီကုဒ်ဖြင့်ဖတ်ရန်

သည်းခံလွန်းတဲ့ ခင်ပွန်းအပေါ် ကိုယ်တိုင်အပြစ်တင်မိပြီး ပြန်စိတ်မကောင်းဖြစ်ရတဲ့အကြောင်း ပြောပြလာတဲ့ ပိုင်ဖြိုးသု

ချစ်စရာကောင်းတဲ့ မင်းသမီးချောလေး ပိုင်ဖြိုးသုကတော့ ပရိသတ်တိုင်းအားကျရတဲ့ သာယာပျော်ရွှင်ဖွယ် အိမ်ထောင်တစ်ခုကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ ပိုင်ဖြိုးသုရဲ့ ခင်ပွန်းဖြစ်သူ ဦးဏကြီးကလည်း အရည်အချင်းရှိသလို အနေအထိုင်လည်း အေးဆေးတည်ငြိမ်တာမို့ ပရိသတ်တွေကတော့ ပိုင်ဖြိုးသုရဲ့ အိမ်ထောင်ရေးကို အားကျနေကြတာပဲ ဖြစ်ပါတယ်။ ပိုင်ဖြိုးသုကလည်း ဏကြီးထက် အသက်ငယ်သူလေးပီပီ ခင်ပွန်းဖြစ်သူအပေါ် ကလေးဆိုးလေးလို နွဲ့ဆိုးဆိုးတတ်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ခင်ပွန်းဖြစ်သူအပေါ် ကလေးဆိုးလေးတစ်ယောက်လို နွဲ့ဆိုးဆိုးတတ်တဲ့ ပိုင်ဖြိုးသုက ဒီကနေ့မှာလည်း သူမကိုယ်တိုင်ပြောပြီး သူမကိုယ်တိုင် ပြန်လည်စိတ်မကောင်းဖြစ်ရတဲ့အကြောင်းကို ပြောပြလာပါတယ်။ ပိုင်ဖြိုးသုက “ကိုယ့်ဘာသာ ပိန်ချင်လို့ အစားလျှော့ပြီးရင် ယောကျာ်းကို သူများသားသမီးယူထားပြီး အစာဝအောင် မကျွေးဘူးလို့ စွပ်စွဲ.. ဦးဏကြီးလည်း သနားပါတယ် ” ဆိုပြီး ကိုယ့်ဘာသာအစားမစားပဲ ခင်ပွန်းဖြစ်သူဏကြီးကို မဲမိကြောင်း ပြောလာတာပဲ ဖြစ်ပါတယ်။

ဏကြီးကတော့ ချစ်ဇနီးလေးအပေါ် စိတ်ရှည်သည်းခံသူဖြစ်ပြီး ပိုင်ဖြိုးသု ဘာပြောပြော အပြစ်မမြင်တတ်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အချစ်ခံရပြီး အလိုလိုက်ခံရလွန်းတဲ့ ပိုင်ဖြိုးသုကို အားကျနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Paing Phyo Thu’s fb
Bilie – Cele Connections