


Source: Nay Toe’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

နှင်းဆီအဖွဲ့သားတွေရဲ့ နိုင်ငံခြားခရီးစဉ်တွေမှာ တစ်အိမ်တည်း အကုန်လုံးစုနေကြပြီး စစနောက်နောက်နဲ့ ပျော်စရာကောင်းတဲ့အမှတ်တရတွေကို ပြသလာတဲ့ နေတိုး

မင်းသားချော နေတိုးကတော့ ငယ်စဉ်ကလေးဘဝကတည်းက အနုပညာနဲ့ ပက်သတ်ရင် သူများတကာထက် ပိုပြီး ဝါသနာကြီးသူတစ်ယောက် ဖြစ်ပါတယ်။ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးချိန်ကတည်းက အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တဲ့ နေတိုးက အကယ်ဒမီ သုံးဆုရှင် မင်းသားတစ်ယောက်အဖြစ်သာမက နှင်းဆီအဖွဲ့ရဲ့ လူရွှင်တော်တစ်ယောက်အဖြစ်လည်း ပါဝင်ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။ နေတိုးကတော့ အသက်လေးဆယ်နီးပါးအရွယ်အထိ အိမ်ထောင်မပြုသေးပဲ ပရိသတ်တွေအတွက် မရိုးနိုင်တဲ့ အနုပညာလှုပ်ရှားမှုတွေကို ချပြနေဆဲ ဖြစ်ပါတယ်။

လက်ရှိမှာ အနုပညာလှုပ်ရှားမှုတွေ ရပ်နားထားတဲ့ နေတိုးက သူ့ရဲ့ပရိသတ်တွေအတွက် အမှတ်တရဗီဒီယိုလေးတွေကို မျှဝေပေးနေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း နေတိုးက လွန်ခဲ့တဲ့နှစ်တွေက နှင်းဆီအဖွဲ့သားတွေနဲ့ နိုင်ငံခြားဖျော်ဖြေပွဲတွေထွက်ရင် ဟိုတယ်မှာတစ်ယောက်တစ်ခန်းနေတာမျိုးမဟုတ်ပဲ တစ်အိမ်တည်းမှာ အကုန်လုံးစုနေပြီး စစနောက်နောက်နဲ့ ပျော်ရွှင်ခဲ့တဲ့ အမှတ်တရကို ပရိသတ်တွေ ကြည့်ရှုနိုင်ဖို့ အခုလိုပဲ ဖော်ပြပေးလာပါတယ်။

နေတိုးကတော့ အနေအေးတယ်ဆိုပေမယ့် သူခင်မင်ရတဲ့လူတွေနဲ့ဆိုရင်တော့ ပျော်ပျော်ရွှင်ရွှင်နေတတ်တာပဲနော်။ ပရိသတ်ကြီးလည်း နေတိုးတို့နှင်းဆီအဖွဲ့သားတွေရဲ့ ပျော်စရာ အခိုက်အတံ့လေးတွေကို ဗီဒီယိုလေးကိုကြည့်ပြီး အပျော်တွေကူးစက်ကုန်မှာ သေချာပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Nay Toe’s fb
Bilie – Cele Connections