လူရႊင္ေတာ္တစ္ေယာက္လည္းျဖစ္သလို အကယ္ဒမီဆုရွင္ၾကီးလည္းျဖစ္တဲ့ ဦးမိုးဒီကေတာ့ ဟာသေတြကို ဖန္တီးျပီး ပရိသတ္ေတြကို ရယ္ေမာေပ်ာ္ရႊင္ေစဖို့ ဟာဒယရႊင္ေဆးတိုက္ေကြ်းေလ့ရိွတာပဲ ျဖစ္ပါတယ္။ ဦးမိုးဒီကေတာ့ အသက္အရြယ္တစ္ခုေရာက္ရိွလာခ်ိန္မွာ က်န္းမာေရးအေျခအေနေၾကာင့္ အနုပညာအလုပ္ေတြကို သိပ္မလုပ္ကိုင္နိုင္ေတာ့ေပမယ့္ ပရိသတ္ေတြရဲ့ သတိရအားေပးျခင္းကို ယေန့ထက္တိုင္ ခံယူေနဆဲ ျဖစ္ပါတယ္။

လြန္ခဲ့တဲ့ နွစ္ေတြကတည္းက က်န္းမာေရးသိပ္မေကာင္းလို့ ေဆးရံုေဆးခန္း မၾကာခဏတက္ရေလ့ရိွတဲ့ ဦးမိုးဒီက အခုတစ္ခါမွာလည္း Covid-19 ေရာဂါပိုးကူးစက္ခံခဲ့ရျပန္ပါတယ္။ ဦးမိုးဒီရဲ့ က်န္းမာေရးအေျခအေနနဲ့ ပက္သတ္ျပီး ဦးမိုးဒီရဲ့ ေျမးလည္းျဖစ္သလို၊ သရုပ္ေဆာင္ လူရႊင္ေတာ္ ေကာင္းစံရဲ့ ေျမးျဖစ္သူက သူမရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာကေန အသိေပးထားတာပဲ ျဖစ္ပါတယ္။

ဦးမိုးဒီကေတာ့ လက္ရိွက်န္းမာေရးအေျခအေနေတြေၾကာင့္ ေဆးကုသမႈခံယူေနရတဲ့အျပင္ ကပ္ေရာဂါတစ္မ်ိဳးျဖစ္တဲ့ Covid-19 ေရာဂါပိုးကလည္း ကူးစက္ခံခဲ့ရျပီ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ဦးမိုးဒီတစ္ေယာက္ အျမန္ဆံုးေနေကာင္းသက္သာဖို့ ဆုေတာင္းေပးၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Eishwesin Maw’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

Covid-19 ရောဂါပိုးကူးစက်ခံခဲ့ရပြီဆိုတဲ့ ဟာသလူရွှင်တော်ကြီး ဦးမိုးဒီ

လူရွှင်တော်တစ်ယောက်လည်းဖြစ်သလို အကယ်ဒမီဆုရှင်ကြီးလည်းဖြစ်တဲ့ ဦးမိုးဒီကတော့ ဟာသတွေကို ဖန်တီးပြီး ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေဖို့ ဟာဒယရွှင်ဆေးတိုက်ကျွေးလေ့ရှိတာပဲ ဖြစ်ပါတယ်။ ဦးမိုးဒီကတော့ အသက်အရွယ်တစ်ခုရောက်ရှိလာချိန်မှာ ကျန်းမာရေးအခြေအနေကြောင့် အနုပညာအလုပ်တွေကို သိပ်မလုပ်ကိုင်နိုင်တော့ပေမယ့် ပရိသတ်တွေရဲ့ သတိရအားပေးခြင်းကို ယနေ့ထက်တိုင် ခံယူနေဆဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်တွေကတည်းက ကျန်းမာရေးသိပ်မကောင်းလို့ ဆေးရုံဆေးခန်း မကြာခဏတက်ရလေ့ရှိတဲ့ ဦးမိုးဒီက အခုတစ်ခါမှာလည်း Covid-19 ရောဂါပိုးကူးစက်ခံခဲ့ရပြန်ပါတယ်။ ဦးမိုးဒီရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပက်သတ်ပြီး ဦးမိုးဒီရဲ့ မြေးလည်းဖြစ်သလို၊ သရုပ်ဆောင် လူရွှင်တော် ကောင်းစံရဲ့ မြေးဖြစ်သူက သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ အသိပေးထားတာပဲ ဖြစ်ပါတယ်။

ဦးမိုးဒီကတော့ လက်ရှိကျန်းမာရေးအခြေအနေတွေကြောင့် ဆေးကုသမှုခံယူနေရတဲ့အပြင် ကပ်ရောဂါတစ်မျိုးဖြစ်တဲ့ Covid-19 ရောဂါပိုးကလည်း ကူးစက်ခံခဲ့ရပြီ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဦးမိုးဒီတစ်ယောက် အမြန်ဆုံးနေကောင်းသက်သာဖို့ ဆုတောင်းပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Eishwesin Maw’s fb
Bilie – Cele Connections