လူေကာင္ေသးေသးေလးနဲ့ အရမ္းလွတဲ့ မင္းသမီးေလး ပိုင္ျဖိဳးသုကေတာ့ သူမရဲ့ ရုပ္ရည္ထက္ ေျပာင္ေျမာက္လွတဲ့ အနုပညာအရည္အေသြးေၾကာင့္ ပရိသတ္ေတြၾကားမွာ နာမည္ၾကီးသူတစ္ေယာက္ပါ။ ပိုင္ျဖိဳးသုက “3 Girls” ရုပ္ရွင္ဇာတ္ကားၾကီးနဲ့ အကယ္ဒမီထူးခၽြန္ဆုတစ္ခုကိုလည္း ရရိွပိုင္ဆိုင္ထားသလို “မီ” ရုပ္ရွင္ဇာတ္ကားၾကီးနဲ့လည္း Star Award ဆုၾကီးကို လက္ဝယ္ပိုင္ဆိုင္ထားတဲ့ ျပည္သူခ်စ္မင္းသမီးတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ပိုင္ျဖိဳးသုကလည္း သူမရဲ့ ပရိသတ္ေတြအတြက္ မရိုးနိုင္တဲ့ အနုပညာလႈပ္ရွားမႈေတြကို ခ်ျပဖို့ ၾကိဳးစားေနသူတစ္ေယာက္ ျဖစ္ပါတယ္။

လက္ရိွ ရိုက္ကူးေရးေတြ ရပ္နားထားခ်ိန္မွာေတာ့ ပိုင္ျဖိဳးသုက ေနာက္ထပ္ရိုက္ကူးမယ့္ ရုပ္ရွင္ဇာတ္ကားၾကီးအတြက္ လိုအပ္တဲ့ကာရိုက္တာကို ရရိွဖို့ ခႏၶာကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ေနရတာပဲ ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ ပိုင္ျဖိဳးသုက “ေအး….ပိုင္ၿဖိဳးသု။ နင္နဂိုဝိတ္ျပန္မရမခ်င္း ဘာအဝတ္အစားမွဝယ္မေပးဘူး။ ဘာမုန႔္မွလည္းဝယ္မေကြၽးဘူး။ လိုခ်င္ရင္ စားခ်င္ရင္ ဝိတ္ရေအာင္ခ်!!!! (ဖိနပ္ေလးေတြမွာထားတာကေတာ့ပိန္ပိန္ဝဝဝတ္လို႔ရေနတာဆိုေတာ့ရွိပါေစေတာ့ 😜)” ဆိုျပီး ခႏၶာကိုယ္အေလးခ်ိန္က်သြားဖို့ ကိုယ့္ကိုကိုယ္ရာဇသံေပးျပီး ၾကိမ္းေမာင္းခဲ့တာကို ေတြ့ရပါတယ္။

ပိုင္ျဖိဳးသုကေတာ့ သူမရဲ့ ရုပ္ရွင္ဇာတ္ကားၾကီးေတြမွာ သရုပ္ေဆာင္တာကိုလည္း အံဝင္ခြင္က်ျဖစ္ေအာင္ ၾကိဳးစားသလို လိုအပ္တဲ့ ခႏၶာကိုယ္အခ်ိဳးအစား၊ အျပင္အဆင္တို့ကိုလည္း လိုအပ္သလို ပံုသြင္းယူတတ္သူေလးတစ္ေယာက္ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Paing Phyoe Thu’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ဝိတ်ကျသွားပြီး လိုချင်တဲ့ခန္ဓာကိုယ်အချိုးအစားရရှိစေဖို့အတွက် ကိုယ့်ကိုကိုယ်ရာဇသံပေးပြီး ကြိမ်းမောင်းခဲ့တဲ့ ပိုင်ဖြိုးသု

လူကောင်သေးသေးလေးနဲ့ အရမ်းလှတဲ့ မင်းသမီးလေး ပိုင်ဖြိုးသုကတော့ သူမရဲ့ ရုပ်ရည်ထက် ပြောင်မြောက်လှတဲ့ အနုပညာအရည်အသွေးကြောင့် ပရိသတ်တွေကြားမှာ နာမည်ကြီးသူတစ်ယောက်ပါ။ ပိုင်ဖြိုးသုက “3 Girls” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီထူးချွန်ဆုတစ်ခုကိုလည်း ရရှိပိုင်ဆိုင်ထားသလို “မီ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့လည်း Star Award ဆုကြီးကို လက်ဝယ်ပိုင်ဆိုင်ထားတဲ့ ပြည်သူချစ်မင်းသမီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပိုင်ဖြိုးသုကလည်း သူမရဲ့ ပရိသတ်တွေအတွက် မရိုးနိုင်တဲ့ အနုပညာလှုပ်ရှားမှုတွေကို ချပြဖို့ ကြိုးစားနေသူတစ်ယောက် ဖြစ်ပါတယ်။

လက်ရှိ ရိုက်ကူးရေးတွေ ရပ်နားထားချိန်မှာတော့ ပိုင်ဖြိုးသုက နောက်ထပ်ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကြီးအတွက် လိုအပ်တဲ့ကာရိုက်တာကို ရရှိဖို့ ခန္ဓာကိုယ်အလေးချိန်လျှော့ချနေရတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ပိုင်ဖြိုးသုက “အေး….ပိုင်ဖြိုးသု။ နင်နဂိုဝိတ်ပြန်မရမချင်း ဘာအဝတ်အစားမှဝယ်မပေးဘူး။ ဘာမုန့်မှလည်းဝယ်မကျွေးဘူး။ လိုချင်ရင် စားချင်ရင် ဝိတ်ရအောင်ချ!!!! (ဖိနပ်လေးတွေမှာထားတာကတော့ပိန်ပိန်ဝဝဝတ်လို့ရနေတာဆိုတော့ရှိပါစေတော့ 😜)” ဆိုပြီး ခန္ဓာကိုယ်အလေးချိန်ကျသွားဖို့ ကိုယ့်ကိုကိုယ်ရာဇသံပေးပြီး ကြိမ်းမောင်းခဲ့တာကို တွေ့ရပါတယ်။

ပိုင်ဖြိုးသုကတော့ သူမရဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ သရုပ်ဆောင်တာကိုလည်း အံဝင်ခွင်ကျဖြစ်အောင် ကြိုးစားသလို လိုအပ်တဲ့ ခန္ဓာကိုယ်အချိုးအစား၊ အပြင်အဆင်တို့ကိုလည်း လိုအပ်သလို ပုံသွင်းယူတတ်သူလေးတစ်ယောက် ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Paing Phyoe Thu’s fb
Bilie – Cele Connections