


ယူနီကုဒ်ဖြင့်ဖတ်ရန်

စေတနာထားပြီး အကောင်းဆုံးပြုလုပ်ပေးခဲ့တဲ့အရာတစ်ခုရဲ့ ရရှိလာတဲ့ရလဒ်အပေါ် ပီတိဖြစ်ရကြောင်းပြောလာတဲ့ ရတနာမိုင်

ချစ်စရာကောင်းတဲ့ ရခိုင်တိုင်းရင်းသူ အဆိုတော်မလေး ရတနာမိုင်ကတော့ သူမရဲ့မေမေဆီက အနုပညာအရည်အချင်းတွေကို လက်ဆင့်ကမ်းရယူနိုင်ခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ရတနာမိုင်က အခုဆိုရင် အသက်အရွယ်တစ်ခုရောက်ရှိနေပြီဆိုပေမယ့် အံ့သြလောက်စရာကောင်းလောက်အောင် ငယ်ငယ်ကအတိုင်း လှပနုပျိုနေဆဲမို့ ပရိသတ်တွေက ပိုလို့တောင် အချစ်တိုးနေရတာပဲ ဖြစ်ပါတယ်။ လှပတဲ့ရုပ်ရည်လေးကို ပိုင်ဆိုင်ထားတဲ့ ရတနာမိုင်ကတော့ ဂီတလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေသူတစ်ယောက်ဆိုပေမယ့် ဗီဒီယိုဇာတ်ကားအချို့နဲ့ ကြော်ငြာတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ဖူးသူတစ်ယောက် ဖြစ်ပါတယ်။

လက်ရှိ အနုပညာအလုပ်တွေ နည်းပါးချိန်မှာတော့ ရတနာမိုင်က ရတနာပစ္စည်းဆိုင်တွေနဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ်အချို့အတွက် အွန်လိုင်းကနေ Live လွှင့်ပြီး ဈေးရောင်းချပေးနေလျက်ရှိပါတယ်။ ဘယ်အလုပ်ကိုမဆို စေတနာပါပါ ပြုလုပ်တတ်တဲ့ ရတနာမိုင်က အွန်လိုင်းမှာဈေးရောင်းချပေးတဲ့အခါမှာလည်း ဝယ်ယူသူတွေရဲ့ အားပေးမှုတွေကို အများအပြားရရှိနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ရတနာမိုင်က သူမရောင်းချပေးခဲ့တဲ့အချိန်လေးအတွင်းမှာ သိန်း(၅၀၀) ကျော်ဖိုးရောင်းရတယ်ဆိုတဲ့ မင်္ဂလာသတင်းကြောင့် ပီတိဖြစ်ခဲ့ရကြောင်း အခုလိုပဲ ပြောလာပါတယ်။

ရတနာမိုင်ကတော့ သူမကိုယ်တိုင် စေတနာထားပြီး အကောင်းဆုံးပြုလုပ်ပေးခဲ့တဲ့အရာတစ်ခုရဲ့ ရရှိလာတဲ့ရလဒ်အပေါ် ပီတိဖြစ်ရကြောင်းပြောလာပဲ ဖြစ်ပါတယ်။ စိတ်ထားကောင်းတဲ့ ရတနာမိုင်တစ်ယောက် ဒီထက်မက ကံကောင်းခြင်းတွေကို ရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Yadanar My (ရတနာမိုင်)’s fb
Bilie – Cele Connections