အနုပညာေလာကရဲ့ နာမည္ၾကီး ညီအစ္မေတြျဖစ္တဲ့ စိုးျမတ္သူဇာ၊ စိုးျမတ္ကလ်ာနဲ့ စိုးျမတ္နႏၵာကေတာ့ အလွအပမွာ နာမည္ၾကီးတဲ့အျပင္ သရုပ္ေဆာင္လည္းေကာင္းမြန္တာေၾကာင့္ ေကာင္းသတင္းေတြနဲ့ ေက်ာ္ေစာၾကတာပဲ ျဖစ္ပါတယ္။ စိုးျမတ္သူဇာနဲ့ စိုးျမတ္နႏၵာကေတာ့ ရုပ္ရွင္နဲ့ ဗီဒီယိုဇာတ္ကားေတြအမ်ားၾကီးရိုက္ကူးခဲ့ျပီး ဒီေန့ဒီအခ်ိန္ထိ အနုပညာေလာကမွာ ေအာင္ျမင္စြာ ရပ္တည္ေနၾကဆဲ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း စိုးျမတ္သူဇာနဲ့ စိုးျမတ္နႏၵာတို့ ဘယ္အသက္အရြယ္ေရာက္ေရာက္ အခ်စ္မေလ်ာ့ပဲ အားေပးေနၾကဆဲ ျဖစ္ပါတယ္။

ဒီကေန့မွာေတာ့ စိုးျမတ္သူဇာတို့ရဲ့ မိခင္ၾကီး အန္တီစိုးၾကည္ျဖဴက သမီးအငယ္ဆံုးေလး စိုးျမတ္နႏၵာရဲ့ ငယ္ဘဝ အနုပညာျဖတ္သန္းမႈပံုရိပ္ေတြကို မွ်ေဝရင္း “သမီးငယ္က သမီးႀကီး အေမရိကန္မွာ ငါးႏွစ္ေနခ်ိန္မွာ ေမာ္ဒယ္လ္ဂဲဘဝကေန ႐ုပ္ရွင္မင္းသမီးျဖစ္လာခဲ့တယ္။ အစ္မနဲ႔မတူတဲ့အိုက္တင္ေတြနဲ႔ လမ္းတစ္လမ္းေဖါက္ခဲ့တယ္။ ဒီသမီးေနာက္မွာလဲကိုယ္တေကာက္ေကာက္ပဲေပါ့ေလ💐” ဆိုျပီး အစ္မျဖစ္သူ စိုးျမတ္သူဇာရဲ့ လမ္းစဥ္ကိုမလိုက္ပဲ ကိုယ္ပိုင္တစ္လမ္းေဖာက္ခဲ့တဲ့ စိုးျမတ္နႏၵာရဲ့ အနုပညာပါရမီပါပံုကို အမွတ္တရေျပာျပလာခဲ့ပါတယ္။

စိုးျမတ္နႏၵာကေတာ့ ငယ္စဥ္ကတည္းက ဆံပင္တိုတိုကပ္ကပ္ေလးနဲ့ ပရိသတ္ေတြရဲ့ အာရံုစိုက္မႈကို ရရိွခဲ့သလို သူမရဲ့ အပိုအလိုမရိွ အိုက္တင္ပါးပါးေလးေတြေၾကာင့္လည္း အကယ္ဒမီဆုေတြမ်ားစြာကိုလည္း ဆြတ္ခူးနိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း စိုးျမတ္နႏၵာရဲ့ ငယ္ဘဝပံုရိပ္ေလးေတြကိုၾကည့္ရႈျပီး အရင္ကေန့ရက္ေတြကို ျပန္လည္သတိရသြားၾကမယ္ ထင္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Soe Kyi Phyu’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

အစ်မဖြစ်သူ စိုးမြတ်သူဇာရဲ့ လမ်းစဉ်ကိုမလိုက်ပဲ ကိုယ်ပိုင်တစ်လမ်းဖောက်ခဲ့တဲ့ စိုးမြတ်နန္ဒာအကြောင်းပြောပြလာတဲ့ မိခင်ကြီး

အနုပညာလောကရဲ့ နာမည်ကြီး ညီအစ်မတွေဖြစ်တဲ့ စိုးမြတ်သူဇာ၊ စိုးမြတ်ကလျာနဲ့ စိုးမြတ်နန္ဒာကတော့ အလှအပမှာ နာမည်ကြီးတဲ့အပြင် သရုပ်ဆောင်လည်းကောင်းမွန်တာကြောင့် ကောင်းသတင်းတွေနဲ့ ကျော်စောကြတာပဲ ဖြစ်ပါတယ်။ စိုးမြတ်သူဇာနဲ့ စိုးမြတ်နန္ဒာကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေအများကြီးရိုက်ကူးခဲ့ပြီး ဒီနေ့ဒီအချိန်ထိ အနုပညာလောကမှာ အောင်မြင်စွာ ရပ်တည်နေကြဆဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း စိုးမြတ်သူဇာနဲ့ စိုးမြတ်နန္ဒာတို့ ဘယ်အသက်အရွယ်ရောက်ရောက် အချစ်မလျော့ပဲ အားပေးနေကြဆဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စိုးမြတ်သူဇာတို့ရဲ့ မိခင်ကြီး အန်တီစိုးကြည်ဖြူက သမီးအငယ်ဆုံးလေး စိုးမြတ်နန္ဒာရဲ့ ငယ်ဘဝ အနုပညာဖြတ်သန်းမှုပုံရိပ်တွေကို မျှဝေရင်း “သမီးငယ်က သမီးကြီး အမေရိကန်မှာ ငါးနှစ်နေချိန်မှာ မော်ဒယ်လ်ဂဲဘဝကနေ ရုပ်ရှင်မင်းသမီးဖြစ်လာခဲ့တယ်။ အစ်မနဲ့မတူတဲ့အိုက်တင်တွေနဲ့ လမ်းတစ်လမ်းဖေါက်ခဲ့တယ်။ ဒီသမီးနောက်မှာလဲကိုယ်တကောက်ကောက်ပဲပေါ့လေ💐” ဆိုပြီး အစ်မဖြစ်သူ စိုးမြတ်သူဇာရဲ့ လမ်းစဉ်ကိုမလိုက်ပဲ ကိုယ်ပိုင်တစ်လမ်းဖောက်ခဲ့တဲ့ စိုးမြတ်နန္ဒာရဲ့ အနုပညာပါရမီပါပုံကို အမှတ်တရပြောပြလာခဲ့ပါတယ်။

စိုးမြတ်နန္ဒာကတော့ ငယ်စဉ်ကတည်းက ဆံပင်တိုတိုကပ်ကပ်လေးနဲ့ ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ရရှိခဲ့သလို သူမရဲ့ အပိုအလိုမရှိ အိုက်တင်ပါးပါးလေးတွေကြောင့်လည်း အကယ်ဒမီဆုတွေများစွာကိုလည်း ဆွတ်ခူးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း စိုးမြတ်နန္ဒာရဲ့ ငယ်ဘဝပုံရိပ်လေးတွေကိုကြည့်ရှုပြီး အရင်ကနေ့ရက်တွေကို ပြန်လည်သတိရသွားကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Soe Kyi Phyu’s fb
Bilie – Cele Connections