ခ်စ္စရာေကာင္းတဲ့ အဆိုေတာ္၊ သရုပ္ေဆာင္မေလး နန္းျမတ္ျဖိဳးသင္းကေတာ့ အပ်ိဳတုန္းကလည္း ပရိသတ္ေတြရဲ့ သည္းသည္းလႈပ္အားေပးခံရသလို အိမ္ေထာင္က်ျပီး ကေလးေမေမတစ္ေယာက္ျဖစ္သြားခ်ိန္မွာလည္း ပရိသတ္ေတြရဲ့ အခ်စ္ေတြကို မေလ်ာ့စတမ္း ရရိွပိုင္ဆိုင္နိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ အခုဆိုရင္ ဒုတိယေျမာက္ကိုယ္ဝန္ကို လြယ္ေဆာင္ထားရျပီျဖစ္တဲ့ နန္းျမတ္ျဖိဳးသင္းကေတာ့ အိမ္မွာေနရင္းနဲ့ပဲ သူမကိုယ္သူမ ဂရုစိုက္ေစာင့္ေရွာက္ရင္း မိသားစုေတြနဲ့ အတူတူ အခ်ိန္ကုန္ဆံုးေနလ်က္ရိွတာပဲ ျဖစ္ပါတယ္။

သားေလးဂ်က္ဂ်က္ကို ေမြးဖြားျပီးတဲ့ေနာက္ ဒုတိယေျမာက္သမီးေလးကိုယ္ဝန္ကို လြယ္ေဆာင္ထားရတဲ့ နန္းျမတ္ျဖိဳးသင္းက ဒီကေန့မွာေတာ့ သူမရဲ့ ေပ်ာ္စရာအခုိက္အတံ့ေလးတစ္ခုကို မွ်ေဝေပးလာပါတယ္။ နန္းျမတ္ျဖိဳးသင္းက “နန္းျမတ္ေနမေကာင္းတာနဲ႔ postေတြ သိပ္မတင္ႏိုင္တာေဆာရီးပါေနာ္။ ခုေတာ့ေနေကာင္းျပီမို႔ တင္မယ္ေနာ္😉 ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ရင္ေသြးေလးကိုျမင္ရရင္ အရမ္းၾကည္ႏူးရတာ အမွန္ပါ။ ဒီvideoေလးထဲမွာ နန္းျမတ္က ဗိုက္ထဲက သမီးေလးကိုေတြ႕ခဲ့တဲ့အေၾကာင္းပါ။ စိတ္ဝင္စားသြားျပီလား။ Ultrasound သြား႐ိုက္တာကိုေျပာတာပါ😂 ကိုယ္ဝန္၂၃ပတ္မွာသမီးေလးကိုultrasoundသြား႐ိုက္တဲ့အေၾကာင္းေလးတင္ထားေပးပါတယ္ခ်စ္ရတဲ့သူေတြၾကည့္ေပးေနာ္😘😘😘” ဆိုျပီး သမီးေလးကို Ultrasound ရိုက္တုန္းက အမွတ္တရဗီဒီယိုေလးကို မွ်ေဝေပးလာပါတယ္။

နန္းျမတ္ျဖိဳးသင္းကေတာ့ ကိုယ္ဝန္(၂၃) ပတ္မွာ ဗိုက္ထဲက သမီးေလးရဲ့ လႈပ္ရွားမႈပံုရိပ္ေတြကို ေတြ့ခဲ့ျပီး ၾကည္နူးခဲ့ရတဲ့အေပ်ာ္ေတြကို ပရိသတ္ေတြဆီ မွ်ေဝေပးခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ဗီဒီယိုေလးကိုၾကည့္ျပီး နန္းျမတ္ရဲ့ အေပ်ာ္ေတြကူးစက္သြားမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Nann Myat Phyo Thinn’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ကိုယ်ဝန်(၂၃) ပတ်မှာ ဗိုက်ထဲက သမီးလေးရဲ့ လှုပ်ရှားမှုပုံရိပ်တွေကို တွေ့ခဲ့ပြီး ကြည်နူးခဲ့ရတဲ့အပျော်တွေကို ဝေမျှပေးလာတဲ့ နန်းမြတ်ဖြိုးသင်း

ချစ်စရာကောင်းတဲ့ အဆိုတော်၊ သရုပ်ဆောင်မလေး နန်းမြတ်ဖြိုးသင်းကတော့ အပျိုတုန်းကလည်း ပရိသတ်တွေရဲ့ သည်းသည်းလှုပ်အားပေးခံရသလို အိမ်ထောင်ကျပြီး ကလေးမေမေတစ်ယောက်ဖြစ်သွားချိန်မှာလည်း ပရိသတ်တွေရဲ့ အချစ်တွေကို မလျော့စတမ်း ရရှိပိုင်ဆိုင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ အခုဆိုရင် ဒုတိယမြောက်ကိုယ်ဝန်ကို လွယ်ဆောင်ထားရပြီဖြစ်တဲ့ နန်းမြတ်ဖြိုးသင်းကတော့ အိမ်မှာနေရင်းနဲ့ပဲ သူမကိုယ်သူမ ဂရုစိုက်စောင့်ရှောက်ရင်း မိသားစုတွေနဲ့ အတူတူ အချိန်ကုန်ဆုံးနေလျက်ရှိတာပဲ ဖြစ်ပါတယ်။

သားလေးဂျက်ဂျက်ကို မွေးဖွားပြီးတဲ့နောက် ဒုတိယမြောက်သမီးလေးကိုယ်ဝန်ကို လွယ်ဆောင်ထားရတဲ့ နန်းမြတ်ဖြိုးသင်းက ဒီကနေ့မှာတော့ သူမရဲ့ ပျော်စရာအခိုက်အတံ့လေးတစ်ခုကို မျှဝေပေးလာပါတယ်။ နန်းမြတ်ဖြိုးသင်းက “နန်းမြတ်နေမကောင်းတာနဲ့ postတွေ သိပ်မတင်နိုင်တာဆောရီးပါနော်။ ခုတော့နေကောင်းပြီမို့ တင်မယ်နော်😉 ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သွေးလေးကိုမြင်ရရင် အရမ်းကြည်နူးရတာ အမှန်ပါ။ ဒီvideoလေးထဲမှာ နန်းမြတ်က ဗိုက်ထဲက သမီးလေးကိုတွေ့ခဲ့တဲ့အကြောင်းပါ။ စိတ်ဝင်စားသွားပြီလား။ Ultrasound သွားရိုက်တာကိုပြောတာပါ😂 ကိုယ်ဝန်၂၃ပတ်မှာသမီးလေးကိုultrasoundသွားရိုက်တဲ့အကြောင်းလေးတင်ထားပေးပါတယ် ချစ်ရတဲ့သူတွေကြည့်ပေးနော်😘😘😘” ဆိုပြီး သမီးလေးကို Ultrasound ရိုက်တုန်းက အမှတ်တရဗီဒီယိုလေးကို မျှဝေပေးလာပါတယ်။

နန်းမြတ်ဖြိုးသင်းကတော့ ကိုယ်ဝန်(၂၃) ပတ်မှာ ဗိုက်ထဲက သမီးလေးရဲ့ လှုပ်ရှားမှုပုံရိပ်တွေကို တွေ့ခဲ့ပြီး ကြည်နူးခဲ့ရတဲ့အပျော်တွေကို ပရိသတ်တွေဆီ မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဗီဒီယိုလေးကိုကြည့်ပြီး နန်းမြတ်ရဲ့ အပျော်တွေကူးစက်သွားမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Nann Myat Phyo Thinn’s fb
Bilie – Cele Connections