


Source: Thar Gan’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

လူကိုဂရုမစိုက်ပဲ ဖုန်းပဲကြည့်နေတဲ့ ချစ်သူသားဂန်းရဲ့ ပုံရိပ်လေးကို ဓာတ်ပုံခိုးရိုက်ပြီး ဆေးထိုးကျီစယ်ခဲ့တဲ့ ဘေဘီမောင်

အနုပညာလောကရဲ့ နာမည်ကြီး စုံတွဲဖြစ်တဲ့ သားဂန်းနဲ့ ဘေဘီမောင်တို့ကတော့ စစ်မှန်တဲ့ချစ်ခြင်းမေတ္တာတစ်ခုတည်းနဲ့ သာယာတဲ့ ချစ်သူဘဝလေးကို တည်ဆောက်ထားကြသူများ ဖြစ်ပါတယ်။ အချစ်မှာ ကန့်သတ်ချက်တွေမရှိဘူးဆိုတဲ့ စကားအတိုင်း သားဂန်းနဲ့ ဘေဘီမောင်တို့ကတော့ မနဲ့မောင် အချစ်ဇာတ်လမ်းလေးကို တူနှစ်ကိုယ် ပုံဖော်ရင်း အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ဘေဘီမောင်နဲ့ သားဂန်းတို့ရဲ့ ကြင်နာပြီး တစ်ယောက်နဲ့တစ်ယောက် ဖေးမကူညီတတ်တဲ့ ချစ်သူဘဝလေးကို အားကျစိတ်တွေနဲ့ အားပေးကြတာပဲ ဖြစ်ပါတယ်။

တစ်ယောက်ကိုတစ်ယောက် ချစ်တဲ့အကြောင်းတွေ ပြသဖို့ ဝန်မလေးတဲ့ သားဂန်းနဲ့ ဘေဘီမောင်တို့က ဖေ့စ်ဘုတ်စာမျက်နှာမှာ ပရိသတ်တွေအားကျဖွယ် လှုပ်ရှားမှုပုံရိပ်တွေကို ချပြတတ်ကြတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဘေဘီမောင်က လူကိုဂရုမစိုက်ပဲ ဖုန်းပဲကြည့်နေတဲ့ ချစ်သူသားဂန်းရဲ့ ဓာတ်ပုံလေးကို ခိုးရိုက်ပြီး “ချစ်လို့ သူမသိအောင်ပုံတင်သွားသည်🥰” ဆိုပြီး ဆေးထိုးကျီစယ်ခဲ့တာကို တွေ့ရပါတယ်။

သားဂန်းကတော့ ဘေဘီမောင်ထက် အသက်ငယ်ပေမယ့် ဘေဘီမောင်အပေါ် အနွံတာခံပြီး ဘာလုပ်လုပ် ချစ်တဲ့မျက်စိလေးနဲ့ ကြည့်နေတတ်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ သားဂန်းနဲ့ ဘေဘီမောင်တို့နှစ်ယောက်ရဲ့ ကြည်နူးစရာ အခိုက်အတံ့လေးကို အားကျနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Thar Gan’s fb
Bilie – Cele Connections