ပရိသတ္တိုင္းက ခ်စ္ရတဲ့ မင္းသမီးေခ်ာေလး ေရႊမႈံရတီကေတာ့ အသက္ (၁၃) နွစ္အရြယ္ကတည္းက အနုပညာလမ္းေၾကာင္းေပၚမွာ ေလွ်ာက္လွမ္းခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ ဆယ္ေက်ာ္သက္အရြယ္ေလးနဲ့ ေအာင္ျမင္မႈရရိွခဲ့တဲ့ ေရႊမႈံရတီကေတာ့ အသက္ (၂၀) တိတိ အရြယ္မွာပဲ လက္ထပ္ခဲ့ျပီး အိမ္ေထာင္ရွင္တစ္ေယာက္အျဖစ္ ခံယူခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြကေတာ့ ေရႊမႈံတစ္ေယာက္ အိမ္ေထာင္က်သြားေပမယ့္ အခ်စ္မေလ်ာ့ပဲ အရင္အတိုင္း အားေပးေနၾကဆဲ ျဖစ္ပါတယ္။

အိမ္ေထာင္က်သြားေပမယ့္ အနုပညာအရည္အခ်င္းကေတာ့ လံုးဝေလ်ာ့က်မသြားတဲ့ ေရႊမႈံရတီက ျပီးခဲ့တဲ့ ရက္ပိုင္းကပဲ နုိင္ငံျခားရုပ္ရွင္ထူးခြ်န္ဆု နွစ္ဆုကို ဆြတ္ခူးနိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ ေရႊမႈံရတီရဲ့ ဝမ္းသာစရာသတင္းေကာင္းအတြက္ မိသားစု၊ ပရိသတ္ေတြက ဝမ္းသာၾကသလို ေရႊမႈံရတီရဲ့ အခ်စ္ဆံုး သူငယ္ခ်င္းကေတာ့ ဘန္ေကာက္ကေနျပီး ေရႊမႈံရတီအတြက္ အမွတ္တရ လက္ေဆာင္ေလး ပို့ေပးခဲ့ေၾကာင္း ေရႊမႈံရတီက အခုလိုပဲ ေျပာလာပါတယ္။

ေရႊမႈံရတီရဲ့ အခ်စ္ဆံုး သူငယ္ခ်င္းကေတာ့ ေရႊမႈံရတီ အပ်ိဳကတည္းက အတူသြား အတူစားနဲ့ တပူးပူးတတြဲတြဲရိွခဲ့ျပီး ေရႊမႈံရတီ အိမ္ေထာင္က်သြားျပီးေနာက္ပိုင္းမွာလည္း အခင္အမင္မပ်က္ ဆက္ရိွေနဆဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း သူငယ္ခ်င္းကံ၊ အိမ္ေထာင္ေရးကံေကာင္းလြန္းတဲ့ ေရႊမႈံေလးကို အားက်ေနၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Shwe Hmone Yati ‘s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

နိုင်ငံခြားက ရုပ်ရှင်ထူးချွန်ဆုတွေရရှိခဲ့တာကြောင့် အချစ်ဆုံးသူငယ်ချင်းဆီကနေ အချစ်တွေအပြည့်ပါတဲ့ လက်ဆောင်နဲ့ ဂုဏ်ပြုခံခဲ့ရတဲ့ ရွှေမှုံရတီ

ပရိသတ်တိုင်းက ချစ်ရတဲ့ မင်းသမီးချောလေး ရွှေမှုံရတီကတော့ အသက် (၁၃) နှစ်အရွယ်ကတည်းက အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်လေးနဲ့ အောင်မြင်မှုရရှိခဲ့တဲ့ ရွှေမှုံရတီကတော့ အသက် (၂၀) တိတိ အရွယ်မှာပဲ လက်ထပ်ခဲ့ပြီး အိမ်ထောင်ရှင်တစ်ယောက်အဖြစ် ခံယူခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ရွှေမှုံတစ်ယောက် အိမ်ထောင်ကျသွားပေမယ့် အချစ်မလျော့ပဲ အရင်အတိုင်း အားပေးနေကြဆဲ ဖြစ်ပါတယ်။

အိမ်ထောင်ကျသွားပေမယ့် အနုပညာအရည်အချင်းကတော့ လုံးဝလျော့ကျမသွားတဲ့ ရွှေမှုံရတီက ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ နိုင်ငံခြားရုပ်ရှင်ထူးချွန်ဆု နှစ်ဆုကို ဆွတ်ခူးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ရွှေမှုံရတီရဲ့ ဝမ်းသာစရာသတင်းကောင်းအတွက် မိသားစု၊ ပရိသတ်တွေက ဝမ်းသာကြသလို ရွှေမှုံရတီရဲ့ အချစ်ဆုံး သူငယ်ချင်းကတော့ ဘန်ကောက်ကနေပြီး ရွှေမှုံရတီအတွက် အမှတ်တရ လက်ဆောင်လေး ပို့ပေးခဲ့ကြောင်း ရွှေမှုံရတီက အခုလိုပဲ ပြောလာပါတယ်။

ရွှေမှုံရတီရဲ့ အချစ်ဆုံး သူငယ်ချင်းကတော့ ရွှေမှုံရတီ အပျိုကတည်းက အတူသွား အတူစားနဲ့ တပူးပူးတတွဲတွဲရှိခဲ့ပြီး ရွှေမှုံရတီ အိမ်ထောင်ကျသွားပြီးနောက်ပိုင်းမှာလည်း အခင်အမင်မပျက် ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သူငယ်ချင်းကံ၊ အိမ်ထောင်ရေးကံကောင်းလွန်းတဲ့ ရွှေမှုံလေးကို အားကျနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Shwe Hmone Yati ‘s fb
Bilie – Cele Connections