


Source: Aye Thaung’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

ချောတာ၊ လှတာက အရေးမကြီးဘူးဆိုတဲ့ သူမရဲ့ လေးစားစရာခံယူချက်အကြောင်း ပြောပြလာတဲ့ မအေးသောင်း

အနုပညာလောကမှာ ထိပ်ဆုံးကနေ အောင်မြင်မှုရရှိနေတဲ့ ချစ်စရာမင်းသမီးချောလေး မအေးသောင်းကတော့ မြန်မာဆန်ပြီး ဆွဲဆောင်မှုရှိတဲ့ သူမရဲ့အလှတရားရယ်၊ ချစ်စဖွယ်အပြောအဆို အမူအယာလေးတွေကြောင့် ပရိသတ်တွေရဲ့အချစ်ကို တစ်နေ့တစ်ခြား တိုးတိုးပြီး ရလာသူတစ်ယောက် ဖြစ်ပါတယ်။ မအေးသောင်းကတော့ အခုဆိုရင် အသက်သုံးဆယ်ကျော်အရွယ်ရောက်ရှိနေပြီဆိုပေမယ့် ငယ်ရွယ်သူတွေတောင် လိုက်လို့မမှီတဲ့ အလှစစ်တစ်ခုကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။

အသက်အရွယ်ရရှိလာတာနဲ့အမျှ အတွေးအခေါ် ရင့်ကျက်တည်ငြိမ်လာတဲ့ မအေးသောင်းက ဒီကနေ့မှာတော့ မိန်းကလေးတစ်ယောက်မှာရှိသင့်တဲ့ အမူအကျင့်လေးကို “မိန်းကလေးတစ်ယောက်က လှနေ ချောနေဖို့မလိုပါဘူး။ ကြီးတာငယ်တာနဲ့လည်းမဆိုင်သလို ဖြူတာမဲတာနဲ့လည်းမဆိုင်ပါဘူး။ ဝတာပိန်တာလည်းအသာထားပါ။ ကျက်သရေရှိဖို့ပဲလိုပါတယ်။ ကျက်သရေရှိဖို့ကလည်း စိတ်ထားကောင်းမှရှိတာမို့လို့ ကိုယ်ကတော့ အမြဲကြိုးစားနေပါတယ်ရှင့်🙏🙏🙏” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောပြလာပါတယ်။

မအေးသောင်းကတော့ သူမရဲ့ ခံယူချက်နဲ့ ပက်သတ်ပြီး ချောတာလှတာထက် ကျက်သရေရှိပြီး စိတ်ကောင်းရှိဖို့က အရေးကြီးတယ်လို့ ပြောထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးရော မအေးသောင်းပြောတာကို လက်ခံရဲ့လား ပြောပြပေးခဲ့ပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Aye Thaung’s fb
Bilie – Cele Connections