မင္းသမီးေခ်ာေလး ပိုးၾကာျဖဴခင္ကေတာ့ ဇာတ္လမ္းတြဲေတြမွာ ပါဝင္သရုပ္ေဆာင္ရင္း တစ္နိုင္ငံလံုးက ပရိသတ္ေတြရဲ့ အားေပးဝန္းရံမႈကို ရရိွပိုင္ဆိုင္ခဲ့တာ ျဖစ္ပါတယ္။ ပိုးၾကာျဖဴခင္က ရုပ္သံဇာတ္လမ္းတြဲေတြမွာ ေခါင္းေဆာင္မင္းသမီးအျဖစ္ ပါဝင္သရုပ္ေဆာင္ေနသလို Channel 7 မွာ ထုတ္လႊင့္ျပတဲ့ ထုိင္းဇာတ္လမ္းတြဲေတြမွာလည္း အသံသရုပ္ေဆာင္တစ္ေယာက္အျဖစ္ ပါဝင္ခဲ့တာပဲ ျဖစ္ပါတယ္။ လက္ရိွထုတ္လႊင့္ျပသေနတဲ့ “အခ်စ္ရဲ့အထူးတာဝန္” ထိုင္းဇာတ္လမ္းတြဲေလးမွာလည္း ပိုးၾကာျဖဴခင္က ေခါင္းေဆာင္မင္းသမီး ၾကာရဝီေနရာကေန အသံသရုပ္ေဆာင္အျဖစ္ ပါဝင္ေပးခဲ့တာကို ေတြ့ရပါတယ္။

ဒီကေန့မွာေတာ့ ပိုးၾကာျဖဴခင္က “အခ်စ္ရဲ့အထူးတာဝန္” ထိုင္းဇာတ္လမ္းတြဲေလးအတြက္ ျမန္မာအသံသရုပ္ေဆာင္ေတြ အသံသြင္းစဥ္က အမွတ္တရကို “မရီၾကနဲ႔ေနာ္ ႀကိဳေျပာထားတယ္ 😂🤣😂 Channel-7 မွာ ျပေနတဲ့ အခ်စ္ရဲ႕အထူးတာဝန္ ❤️ၾကာရဝီနဲ႔ ကိုေတ တို႔ ရဲ႕ ဇာတ္လမ္းတြဲေလးမွာ အသံသ႐ုပ္ေဆာင္အေနနဲ႔ အသံသြင္းခဲ့စဥ္တုန္းက အမွတ္တရေလးေတြ ကို ျပန္တင္ေပးလိုက္ပါတယ္ 😻” ဆိုျပီး ပရိသတ္ေတြ သိခ်င္ေနၾကတဲ့ အသံသရုပ္ေဆာင္ေတြရဲ့ ေနာက္ကြယ္က အမွတ္တရေတြကို မွ်ေဝေပးလာခဲ့ပါတယ္။

တရားမွ်တမႈကိုရယူလိုျပီး မသမာသူေတြေၾကာင့္ အသက္ဆံုးရႈံးသြားတဲ့ မင္းသမီးနဲ့ မႈခင္းသတင္းေထာက္တို့ရဲ့ အခ်စ္ဇာတ္လမ္းျဖစ္တဲ့ “အခ်စ္ရဲ့အထူးတာဝန္” ဇာတ္ကားေလးကေတာ့ ျမန္မာပရိသတ္ေတြကို စြဲစြဲလန္းလန္းျဖစ္ေစေနတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ပိုးၾကာျဖဴခင္ တင္ဆက္ေပးတဲ့ ဗီဒီယိုေလးကိုၾကည့္ျပီး သေဘာက်နွစ္သက္ၾကမယ္လို့ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Poe Kyar Phyu Khin’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

“အချစ်ရဲ့အထူးတာဝန်” ထိုင်းဇာတ်လမ်းတွဲလေးအတွက် မြန်မာအသံသရုပ်ဆောင်တွေ အသံသွင်းစဉ်က အမှတ်တရကို ပြသလာတဲ့ ပိုးကြာဖြူခင်

မင်းသမီးချောလေး ပိုးကြာဖြူခင်ကတော့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို ရရှိပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ ပိုးကြာဖြူခင်က ရုပ်သံဇာတ်လမ်းတွဲတွေမှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်နေသလို Channel 7 မှာ ထုတ်လွှင့်ပြတဲ့ ထိုင်းဇာတ်လမ်းတွဲတွေမှာလည်း အသံသရုပ်ဆောင်တစ်ယောက်အဖြစ် ပါဝင်ခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိထုတ်လွှင့်ပြသနေတဲ့ “အချစ်ရဲ့အထူးတာဝန်” ထိုင်းဇာတ်လမ်းတွဲလေးမှာလည်း ပိုးကြာဖြူခင်က ခေါင်းဆောင်မင်းသမီး ကြာရဝီနေရာကနေ အသံသရုပ်ဆောင်အဖြစ် ပါဝင်ပေးခဲ့တာကို တွေ့ရပါတယ်။

ဒီကနေ့မှာတော့ ပိုးကြာဖြူခင်က “အချစ်ရဲ့အထူးတာဝန်” ထိုင်းဇာတ်လမ်းတွဲလေးအတွက် မြန်မာအသံသရုပ်ဆောင်တွေ အသံသွင်းစဉ်က အမှတ်တရကို “မရီကြနဲ့နော် ကြိုပြောထားတယ် 😂🤣😂 Channel-7 မှာ ပြနေတဲ့ အချစ်ရဲ့အထူးတာဝန် ❤️ကြာရဝီနဲ့ ကိုတေ တို့ ရဲ့ ဇာတ်လမ်းတွဲလေးမှာ အသံသရုပ်ဆောင်အနေနဲ့ အသံသွင်းခဲ့စဉ်တုန်းက အမှတ်တရလေးတွေ ကို ပြန်တင်ပေးလိုက်ပါတယ် 😻” ဆိုပြီး ပရိသတ်တွေ သိချင်နေကြတဲ့ အသံသရုပ်ဆောင်တွေရဲ့ နောက်ကွယ်က အမှတ်တရတွေကို မျှဝေပေးလာခဲ့ပါတယ်။

တရားမျှတမှုကိုရယူလိုပြီး မသမာသူတွေကြောင့် အသက်ဆုံးရှုံးသွားတဲ့ မင်းသမီးနဲ့ မှုခင်းသတင်းထောက်တို့ရဲ့ အချစ်ဇာတ်လမ်းဖြစ်တဲ့ “အချစ်ရဲ့အထူးတာဝန်” ဇာတ်ကားလေးကတော့ မြန်မာပရိသတ်တွေကို စွဲစွဲလန်းလန်းဖြစ်စေနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုးကြာဖြူခင် တင်ဆက်ပေးတဲ့ ဗီဒီယိုလေးကိုကြည့်ပြီး သဘောကျနှစ်သက်ကြမယ်လို့ ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Poe Kyar Phyu Khin’s fb
Bilie – Cele Connections