Source: Melody Myo’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်
ကလေးတွေနဲ့ အိမ်ပေါင်ထားတဲ့ ဘဝတူအမျိုးသမီးတစ်ယောက်ကို ကိုယ်ချင်းစာစိတ်အပြည့်နဲ့ တတ်နိုင်သလောက်ငွေကြေးထောက်ပံ့ခဲ့တဲ့ မယ်လိုဒီ
ပြည်သူချစ် အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မယ်လိုဒီကတော့ လူအာရုံစိုက်ခံရသူတစ်ယောက်ဖြစ်ပေမယ့် သူမရဲ့ အတွင်းရေးနဲ့ ပက်သတ်ပြီး ဘာကိုမှ ချွင်းချန်ထားခြင်းမရှိပဲ ပွင့်ပွင့်လင်းလင်း ပြောပြထားတာ ဖြစ်ပါတယ်။ အိမ်ထောင်နဲ့ ကွာရှင်းပြီး အိမ်ကိုပေါင်နှံထားရတဲ့ မယ်လိုဒီကတော့ သူမရဲ့ဘဝကို အေးချမ်းနိုင်အောင် တရားအားထုတ်ရင်းနဲ့သာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ မယ်လိုဒီက သူနဲ့ဘဝတူ အမျိုးသမီးအတွက် ကိုယ်ချင်းစာစိတ်အပြည့်နဲ့ တတ်နိုင်သလောက်ငွေကြေးထောက်ပံ့ခဲ့ကြောင်း အခုလိုပဲ ပြောပြလာပါတယ်။
“တစ်နေ့တစ်နာရီလောက် တရားထိုင်၊ တစ်နေ့တစ်ထိုင် ဖြည်းဖြည်းခြင်း ၂ထိုင် ပြီးတော့ ၃ထိုင် ထိုင်ပြီး နိဗ္ဗာန်ရောက်ဖို့ ကြိုးစားစေချင်မိတာ စေတနာပါ။ ဟုတ်တယ် မလွယ်ဘူး စတင်ခြင်းမရှိသေးရင် ပိုခက်နေမှာပါ။ အခက်အခဲတွေ ဒီလောက်များနေတဲ့ကြား ပြုံးနိုင်သေးတာ တရားထိုင်ခြင်းအကျိုးကျေးဇူးပါ။ အားလုံးခက်နေတာအမှန်ဘဲ ဒါပေမယ့်ပြုံးနေနိုင်သေးတယ်။ ဒီနေ့အရေပြားလေးဘက်နာလို့ခေါ်မလား အဲ့လိုဖြစ်နေတဲ့အမျိုးသမီးတစ်ယောက်ဆီသွားပြီး ငွေ တစ်သိန်းလှူခဲ့တယ်။ ဆေးဖိုးစရိတ်ကြီးတဲ့ရောဂါ။ အိမ်ကပေါင်ထား၊ ကလေးက ၂ယောက်တူတယ် ”
“ကျွန်မလည်း ဆေးစစ်တာ အရေပြားလေးဖက်နာလို့သံသယရှိလို့ဆေးသောက်နေရတယ်။ အိမ်လည်းအပေါင်ခံထားရတယ်။ ကလေးကတော့ ၁ယောက်ပေါ့။ ဘာဘဲဖြစ်ဖြစ် မမြဲခြင်းတရားကိုလက်ခံပြီး တရားနေ့စဉ်ထိုင်ရင်း ကျွန်မ ပြုံးနေနိုင်သေးတယ်။ ခုနေသေခဲ့ရင်တောင်ဘာမှနောက်ဆံမတင်းဘူး။ ၃၁ဘုံကဘဲလွတ်မြောက်ချင်မိတယ်။ အေးချမ်းပါစေ🙏🏻🙏🏻🙏🏻” ဆိုပြီး ပြောပြလာခဲ့ပါတယ်။
မယ်လိုဒီကတော့ သူမနဲ့ ဘဝတူ အမျိုးသမီးအတွက် တတ်နိုင်သလောက်လေး ဆေးဖိုးလှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။ မယ်လိုဒီရဲ့ ဘဝလေးလည်း ဒီထက်မက အေးချမ်းပါစေနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source: Melody Myo’s fb
Bilie – Cele Connections