ႏိုင္ငံေက်ာ္ အဆိုေတာ္တစ္ေယာက္ျဖစ္တဲ့ G Fatt က သီခ်င္းဆိုေကာင္း႐ုံသာမက သီခ်င္းေတြကိုလည္း သူကိုယ္တိုင္ ဖန္တီးသီဆိုတတ္သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ G Fatt က ဂီတနဲ႔ ပက္သတ္လာရင္ အ႐ိုးသားဆုံးခ်ျပသလို သူ႔ရဲ႕ ကိုယ္ေရးကိုယ္တာကိစၥေတြမွာလည္း ပရိသတ္ေတြ အျမင္မရွင္းတာမ်ိဳးမရွိရေအာင္ အကုန္လုံးကို ပြင့္ပြင့္လင္းလင္း ခ်ျပေျပာဆိုတတ္သူတစ္ေယာက္ဆိုလည္း မမွားပါဘူး။ အဲ့ဒါေၾကာင့္လည္း ပရိသတ္ေတြၾကားမွာ G Fatt ဆိုရင္ ေကာင္းသတင္းေတြနဲ႔ ေက်ာ္ေစာတာပဲ ျဖစ္ပါတယ္။

ႏိုင္ငံေက်ာ္ မင္းသမီးတစ္ေယာက္နဲ႔ လမ္းခြဲျပတ္ဆဲၿပီးကတည္းက ခ်စ္သူရည္းစားမထားေသသးတဲ့ G Fatt ကေတာ့ ပရိသတ္ေတြၾကားမွာ ခ်စ္သူရည္းစားရွိတယ္လို႔ပဲ အၿမဲအထင္ခံေနရတာပဲ ျဖစ္ပါတယ္။ ဒီကေန႔မွာလည္း G Fatt က “မင္းခ်ိန္းတဲ့အခ်ိန္ေနာက္က်လို႔ သူမ်ားဦးသြားလိမ့္မယ္ ဆိုၿပီး မစနဲ႔အခ်စ္ရယ္ 🖤” ဆိုတဲ့ ကပ္ပရွင္နဲ႔ ေဖ့စ္ဘုတ္မွာ သူ႔ရဲ႕ဓာတ္ပုံေတြတင္ခဲ့တာေၾကာင့္ ပရိသတ္ေတြက ဘယ္သူ႔ကိုမ်ား ရည္႐ြယ္သလဲဆိုၿပီး စေနာက္ခဲ့ၾကတာ ျဖစ္ပါတယ္။ ထိုအေၾကာင္းနဲ႔ ပက္သတ္ၿပီးG Fatt က “ရည္းစားရွိ​ေနတယ္ ထင္တာ​ေတြရပ္​ေပးပါ 🙂 သီခ်င္းစာသားႀကိဳက္လို႔တင္တာပါ 🙂” ဆိုျပီး ျပန္လည္ေျဖရွင္းခဲ့တာပဲ ျဖစ္ပါတယ္။

G Fatt ကေတာ့ သူ့ရဲ့ ေဖ့စ္ဘုတ္ေပၚက ကပ္ပရွင္အခ်ိဳ့ေၾကာင့္ ခ်စ္သူသစ္မ်ား ထပ္ရေနမလားဆိုျပီး အျမဲတမ္း ထင္ေၾကးေပးခံေနရတာပဲ ျဖစ္ပါတယ္။ G Fatt ကလည္း သူ့ရဲ့အခ်စ္ေရးနဲ့ ပက္သတ္ျပီး ရည္းစားမရိွပါဘူးဆိုတဲ့အေၾကာင္းကို ခဏခဏ ေျဖရွင္းေနရတာကို ေတြ့ရပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: G Fatt’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

လက်ဆုပ်လက်ကိုင်ပြစရာမရှိတာတောင် ချစ်သူရှိတယ်ဆိုပြီး အမြဲအထင်ခံနေရတဲ့ သူ့ရဲ့အဖြစ်ကို ပြောပြလာတဲ့ G Fatt

နိုင်ငံကျော် အဆိုတော်တစ်ယောက်ဖြစ်တဲ့ G Fatt က သီချင်းဆိုကောင်းရုံသာမက သီချင်းတွေကိုလည်း သူကိုယ်တိုင် ဖန်တီးသီဆိုတတ်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ G Fatt က ဂီတနဲ့ ပက်သတ်လာရင် အရိုးသားဆုံးချပြသလို သူ့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေမှာလည်း ပရိသတ်တွေ အမြင်မရှင်းတာမျိုးမရှိရအောင် အကုန်လုံးကို ပွင့်ပွင့်လင်းလင်း ချပြပြောဆိုတတ်သူတစ်ယောက်ဆိုလည်း မမှားပါဘူး။ အဲ့ဒါကြောင့်လည်း ပရိသတ်တွေကြားမှာ G Fatt ဆိုရင် ကောင်းသတင်းတွေနဲ့ ကျော်စောတာပဲ ဖြစ်ပါတယ်။

နိုင်ငံကျော် မင်းသမီးတစ်ယောက်နဲ့ လမ်းခွဲပြတ်ဆဲပြီးကတည်းက ချစ်သူရည်းစားမထားသေသးတဲ့ G Fatt ကတော့ ပရိသတ်တွေကြားမှာ ချစ်သူရည်းစားရှိတယ်လို့ပဲ အမြဲအထင်ခံနေရတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း G Fatt က “မင်းချိန်းတဲ့အချိန်နောက်ကျလို့ သူများဦးသွားလိမ့်မယ် ဆိုပြီး မစနဲ့အချစ်ရယ် 🖤” ဆိုတဲ့ ကပ်ပရှင်နဲ့ ဖေ့စ်ဘုတ်မှာ သူ့ရဲ့ဓာတ်ပုံတွေတင်ခဲ့တာကြောင့် ပရိသတ်တွေက ဘယ်သူ့ကိုများ ရည်ရွယ်သလဲဆိုပြီး စနောက်ခဲ့ကြတာ ဖြစ်ပါတယ်။ ထိုအကြောင်းနဲ့ ပက်သတ်ပြီးG Fatt က “ရည်းစားရှိနေတယ် ထင်တာတွေရပ်ပေးပါ 🙂 သီချင်းစာသားကြိုက်လို့တင်တာပါ 🙂” ဆိုပြီး ပြန်လည်ဖြေရှင်းခဲ့တာပဲ ဖြစ်ပါတယ်။

G Fatt ကတော့ သူ့ရဲ့ ဖေ့စ်ဘုတ်ပေါ်က ကပ်ပရှင်အချို့ကြောင့် ချစ်သူသစ်များ ထပ်ရနေမလားဆိုပြီး အမြဲတမ်း ထင်ကြေးပေးခံနေရတာပဲ ဖြစ်ပါတယ်။ G Fatt ကလည်း သူ့ရဲ့အချစ်ရေးနဲ့ ပက်သတ်ပြီး ရည်းစားမရှိပါဘူးဆိုတဲ့အကြောင်းကို ခဏခဏ ဖြေရှင်းနေရတာကို တွေ့ရပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: G Fatt’s fb
Bilie – Cele Connections