


ယူနီကုဒ်ဖြင့်ဖတ်ရန်

မွေးနေ့မရောက်ခင်ကတည်းက ချစ်ရတဲ့ပရိသတ်တွေဆီက ဧည့်ခန်းတစ်ခန်းလုံးအပြည့် မွေးနေ့လက်ဆောင်တွေရရှိခဲ့တဲ့ ပိုးကြာဖြူခင်

ချစ်စရာကောင်းတဲ့ မင်းသမီးချောလေး ပိုးကြာဖြူခင်ကတော့ ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို ရရှိပိုင်ဆိုင်နိုင်ခဲ့သူ ဖြစ်ပါတယ်။ ပိုးကြာဖြူခင်က ဇာတ်လမ်းတွဲများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပေမယ့် သူမကို ပိုမိုထင်ရှားစေခဲ့တာတော့ “မိုးကောင်းကင်အိပ်မက်” ဇာတ်လမ်းတွဲလေးပဲ ဖြစ်ပါတယ်။ ပိုးကြာဖြူခင်ကတော့ သူမရဲ့ အပြင်ပုံစံလေးက အနေအေးပြီး ရိုးရှင်းပေမယ့် မတူညီတဲ့ ဇာတ်ကောင်စရိုက်မျိုးစုံမှာ သရုပ်ဆောင်ပြရင်း သူမရဲ့ အနုပညာအရည်အချင်းတွေကို ချပြနေတာပဲ ဖြစ်ပါတယ်။

လာမယ့် ဒီဇင်ဘာလ (၃) ရက်နေ့မှာ မွေးနေ့ကျရောက်တော့မယ့် ပိုးကြာဖြူခင်က သူမရဲ့ မွေးနေ့ရောက်ဖို့ ရက်အတော်လိုသေးပေမယ့် ချစ်ကြတဲ့ ပရိသတ်တွေကြောင့် အခုကတည်းကနေ မွေးနေ့လက်ဆောင်တွေအများကြီးရရှိနေပြီပဲ ဖြစ်ပါတယ်။ ပိုးကြာဖြူခင်က ချစ်ရတဲ့ ပရိသတ်တွေဆီက ဧည့်ခန်းတစ်ခန်းလုံးအပြည့် မွေးနေ့လက်ဆောင်တွေရရှိခဲ့ကြောင်းကို အခုလိုပဲ ပြသလာပါတယ်။

ပိုးကြာဖြူခင်ကတော့ သူမကိုချစ်ကြတဲ့ ပရိသတ်တွေကြောင့် မွေးနေ့ရောက်ဖို့ ရက်တွေအများကြီးလိုသေးတာတောင် Surprise ဖြစ် ဝမ်းသာနေရပြီ ဖြစ်ပါတယ်။ ပိုးကြာဖြူခင်တစ်ယောက် ပြည်သူချစ်သော အနုပညာရှင်တစ်ယောက်အဖြစ် နောက်နှစ်ပေါင်းများစွာတိုင် အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Poe Kyar Phyu Khin’s fb
Bilie – Cele Connections