နုိင္ငံေက်ာ္ အဆိုေတာ္ Alex ကေတာ့ ပရိသတ္ၾကီးသိျပီးသားအတိုင္း ခ်စ္စရာေကာင္းတဲ့ အျမႊာသားနဲ့သမီး နွစ္ေယာက္ကို ပိုင္ဆိုင္ထားတာပဲ ျဖစ္ပါတယ္။ သမီးအၾကီး Dora Alex ကေတာ့ အေဖနဲ့တူျပီး သီခ်င္းဆို၊ သီခ်င္းေရး ဝါသနာပါေပမယ့္ သားအငယ္ Kelvin Alex ကေတာ့ အနုပညာအလုပ္ေတြကို လံုးဝစိတ္မဝင္စားပဲ သာမာန္လူတစ္ေယာက္အတိုင္းသာ ေနထိုင္ေနတာပဲ ျဖစ္ပါတယ္။ Dora Alex ကေတာ့ ေက်ာင္းတစ္ဖက္နဲ့ပဲ သူမရဲ့ ပထမဦးဆံုးအယ္လ္ဘမ္ First Things First ကို ထုတ္လုပ္ထားခဲ့တာပဲ ျဖစ္ပါတယ္။

လက္ရိွမွာေတာ့ ဆြစ္ဇာလန္နိုင္ငံမွာ ေက်ာင္းသြားတက္ေနတဲ့ Dora Alex က ေက်ာင္းတစ္ဖက္နဲ့ အားလပ္ခ်ိန္ေတြမွာ သီခ်င္းေလးေတြ ေရးျဖစ္ေနတာပဲ ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ Dora Alex က သူမသီခ်င္းလံုးဝမေရးေတာ့မယ့္ အခ်ိန္တစ္ခုကို “တေန႔ ယူ မယ့္ ေယာက္်ား ေတြ႕ ရင္
သီခ်င္း မေရးေတာ့ ဘူး 😤 ခုေတာ့ ေရးရဦးမယ္။ အဲ့ဒါဆို မေတြ႕ပါေစနဲ႔ လို႔ ဆုေတာင္းၾကမွာ လား? 🥺” ဆိုျပီး သူမရဲ့ ပရိသတ္ေတြကို စေနာက္လာတာပဲ ျဖစ္ပါတယ္။

Dora Alex ကေတာ့ သူမရဲ့ First Things First အယ္လ္ဘမ္တစ္ခုလံုးကို အဂၤလိပ္ဘာသာနဲ့ သူမကိုယ္တိုင္ ေရးသားခဲ့တာျဖစ္ျပီး လူငယ္ပရိသတ္ေတြရဲ့ အားေပးမႈကို ရရိွခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးကလည္း Dora ရဲ့ သီခ်င္းသစ္ေတြကို ေစာင့္ေမွ်ာ္ေနၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Dora Alex ‘s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

အိမ်ထောင်ကျသွားတဲ့အချိန်ရောက်ရင် သီချင်းတွေကိုလုံးဝမရေးတော့ဘူးလို့ အရွှန်းဖောက်ပြောလာခဲ့တဲ့ Dora Alex

နိုင်ငံကျော် အဆိုတော် Alex ကတော့ ပရိသတ်ကြီးသိပြီးသားအတိုင်း ချစ်စရာကောင်းတဲ့ အမြွှာသားနဲ့သမီး နှစ်ယောက်ကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ သမီးအကြီး Dora Alex ကတော့ အဖေနဲ့တူပြီး သီချင်းဆို၊ သီချင်းရေး ဝါသနာပါပေမယ့် သားအငယ် Kelvin Alex ကတော့ အနုပညာအလုပ်တွေကို လုံးဝစိတ်မဝင်စားပဲ သာမာန်လူတစ်ယောက်အတိုင်းသာ နေထိုင်နေတာပဲ ဖြစ်ပါတယ်။ Dora Alex ကတော့ ကျောင်းတစ်ဖက်နဲ့ပဲ သူမရဲ့ ပထမဦးဆုံးအယ်လ်ဘမ် First Things First ကို ထုတ်လုပ်ထားခဲ့တာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဆွစ်ဇာလန်နိုင်ငံမှာ ကျောင်းသွားတက်နေတဲ့ Dora Alex က ကျောင်းတစ်ဖက်နဲ့ အားလပ်ချိန်တွေမှာ သီချင်းလေးတွေ ရေးဖြစ်နေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ Dora Alex က သူမသီချင်းလုံးဝမရေးတော့မယ့် အချိန်တစ်ခုကို “တနေ့ ယူ မယ့် ယောက်ျား တွေ့ ရင်
သီချင်း မရေးတော့ ဘူး 😤 ခုတော့ ရေးရဦးမယ်။ အဲ့ဒါဆို မတွေ့ပါစေနဲ့ လို့ ဆုတောင်းကြမှာ လား? 🥺” ဆိုပြီး သူမရဲ့ ပရိသတ်တွေကို စနောက်လာတာပဲ ဖြစ်ပါတယ်။

Dora Alex ကတော့ သူမရဲ့ First Things First အယ်လ်ဘမ်တစ်ခုလုံးကို အင်္ဂလိပ်ဘာသာနဲ့ သူမကိုယ်တိုင် ရေးသားခဲ့တာဖြစ်ပြီး လူငယ်ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း Dora ရဲ့ သီချင်းသစ်တွေကို စောင့်မျှော်နေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Dora Alex ‘s fb
Bilie – Cele Connections