နိုင္ငံေက်ာ္ မင္းသမီးေခ်ာေလး မယ္လိုဒီကေတာ့ မင္းသမီးတစ္ေယာက္ပီပီ ရုပ္ရည္၊ ခႏၶာကိုယ္အခ်ိဳးအစား ေျပာစရာမလိုေအာင္ လွပရံုသာမက သရုပ္ေဆာင္လည္း ေကာင္းမြန္တာေၾကာင့္ “ထာဝရအလင္းတန္းမ်ား” ရုပ္ရွင္ဇာတ္ကားၾကီးနဲ့ အေကာင္းဆံုး အမ်ိဳးသမီးဇာတ္ပို့ဆုတစ္ဆုကို ထိုက္ထုိက္တန္တန္ ရရိွပိုင္ဆိုင္နိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ မယ္လိုဒီက အခုဆိုရင္ အသက္ (၃၉) နွစ္အရြယ္ေရာက္ရိွေနတဲ့ သက္လတ္ပိုင္းအမ်ိဳးသမီးတစ္ေယာက္ပီပီ အနုပညာအလုပ္ေတြကိုလည္း လုပ္ကိုင္ေနသလို ဘာသာေရးနဲ့ ကုသိုလ္ေရးကိုလည္း အျမဲတမ္းမျပတ္ ျပဳလုပ္ေနလ်က္ရိွပါတယ္။

ဒီကေန့မွာေတာ့ မယ္လုိဒီက တရားထူး တရားျမတ္ေတြကို က်င့္သံုးရင္း သူမရရိွလိုတဲ့ တစ္ခုတည္းေသာဆုကို ေျပာျပလာပါတယ္။ မယ္လိုဒီက “မၿမဲျခင္းတရားေတြထဲ ရထားတဲ့ တရားေလးေတာ့ၿမဲခ်င္တယ္။ ကူကယ္ရာ ဘုရား တရား သံဃာ မိဘ ဆရာသမားသာရွိတာမို႔ ဒီဘဝ အျပစ္ ဝဋ္ေႂကြးေက်ပါေစေတာ့🙏🏻ေအးခ်မ္းပါရေစ။ ေအးခ်မ္းပါေစ 🙏🏻” ဆိုျပီး ေအးခ်မ္းလိုတဲ့အေၾကာင္းကို သူမရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ ေျပာလာပါတယ္။

မယ္လိုဒီကေတာ့ အခုဆိုရင္ ဘာသာေရးနဲ့ ကုသိုလ္ေရးကို ေသေသခ်ာခ်ာေလးလုပ္ကိုင္ေနျပီး တရားထူး တရားျမတ္ေတြရရိွဖို့ ၾကိဳးစားေနသူတစ္ေယာက္ ျဖစ္ပါတယ္။ မယ္လိုဒီတစ္ေယာက္ စစ္မွန္တဲ့ ေအးခ်မ္းျခင္းကို အျမန္ဆံုးရရိွနိုင္ပါေစေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Melody Myo’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ဒီဘဝမှာတင် အပြစ်ဝဋ်ကြွေးတွေကျေနိုင်ပြီး အေးချမ်းစေဖို့ တောင်းဆုပြုခဲ့တဲ့ မယ်လိုဒီ

နိုင်ငံကျော် မင်းသမီးချောလေး မယ်လိုဒီကတော့ မင်းသမီးတစ်ယောက်ပီပီ ရုပ်ရည်၊ ခန္ဓာကိုယ်အချိုးအစား ပြောစရာမလိုအောင် လှပရုံသာမက သရုပ်ဆောင်လည်း ကောင်းမွန်တာကြောင့် “ထာဝရအလင်းတန်းများ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုတစ်ဆုကို ထိုက်ထိုက်တန်တန် ရရှိပိုင်ဆိုင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ မယ်လိုဒီက အခုဆိုရင် အသက် (၃၉) နှစ်အရွယ်ရောက်ရှိနေတဲ့ သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်ပီပီ အနုပညာအလုပ်တွေကိုလည်း လုပ်ကိုင်နေသလို ဘာသာရေးနဲ့ ကုသိုလ်ရေးကိုလည်း အမြဲတမ်းမပြတ် ပြုလုပ်နေလျက်ရှိပါတယ်။

ဒီကနေ့မှာတော့ မယ်လိုဒီက တရားထူး တရားမြတ်တွေကို ကျင့်သုံးရင်း သူမရရှိလိုတဲ့ တစ်ခုတည်းသောဆုကို ပြောပြလာပါတယ်။ မယ်လိုဒီက “မမြဲခြင်းတရားတွေထဲ ရထားတဲ့ တရားလေးတော့မြဲချင်တယ်။ ကူကယ်ရာ ဘုရား တရား သံဃာ မိဘ ဆရာသမားသာရှိတာမို့ ဒီဘဝ အပြစ် ဝဋ်ကြွေးကျေပါစေတော့🙏🏻အေးချမ်းပါရစေ။ အေးချမ်းပါစေ 🙏🏻” ဆိုပြီး အေးချမ်းလိုတဲ့အကြောင်းကို သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။

မယ်လိုဒီကတော့ အခုဆိုရင် ဘာသာရေးနဲ့ ကုသိုလ်ရေးကို သေသေချာချာလေးလုပ်ကိုင်နေပြီး တရားထူး တရားမြတ်တွေရရှိဖို့ ကြိုးစားနေသူတစ်ယောက် ဖြစ်ပါတယ်။ မယ်လိုဒီတစ်ယောက် စစ်မှန်တဲ့ အေးချမ်းခြင်းကို အမြန်ဆုံးရရှိနိုင်ပါစေနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Melody Myo’s fb
Bilie – Cele Connections