


Source: Htoo Khant’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

စိတ်တူကိုယ်တူရှိရုံသာမက ဘီယာပါအတူတူလိုက်သောက်ပေးတဲ့ စိတ်တူကိုယ်တူချစ်ဇနီးချောလေးကို ပိုင်ဆိုင်ထားတဲ့ ရွှေထူး

ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံက အနုပညာလုပ်ငန်းတွေ ကိုယ်စီလုပ်ကိုင်ရင်း ရုပ်ရှင်အတူတူ ရိုက်ကူးခဲ့ရာမှ နှဖူးစာ ရွာလည်ခဲ့ကြသူများ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီက အခုဆိုရင် အိမ်ထောင်သက်တမ်း (၂) နှစ်ကျော်ကြာပြီဖြစ်ပေမယ့် တစ်ယောက်နဲ့တစ်ယောက် ကြင်စဦး ဇနီးမောင်နှံတွေအတိုင်းပဲ မျက်စေ့အောက်က အပျောက်မခံနိုင်အောင်ကို ချစ်ကြတာ ပရိသတ်ကြီးလည်း တွေ့မြင်နိုင်မှာပဲ ဖြစ်ပါတယ်။ ရွှေထူနဲ့ ရွှေမှုံရတီကလည်း တစ်ယောက်အပေါ်တစ်ယောက် ဂရုစိုက်ကြင်နာရင်း အလုပ်တွေကို ကြိုးကြိုးစားစားလုပ်ကိုင်နေကြတဲ့ ဇနီးမောင်နှံပဲ ဖြစ်ပါတယ်။

လူငယ်စုံတွဲလေးဖြစ်ကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီကတော့ လုပ်စရာရှိတဲ့အလုပ်တွေကို အကောင်းဆုံး ကြိုးစားကြသလို အားလပ်ချိန်တွေမှာလည်း လူငယ်တို့သဘာဝ ပျော်ပျော်ရွှင်ရွှင်နေထိုင်တတ်ကြသူများ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း ရွှေထူးနဲ့ ရွှေမှုံရတီက ရှုတင်တွေပြီး အိမ်ပြန်ချိန်မှာ ညစာစား ဘီယာလေးသောက်ရင်း သာသာယာယာ အနားယူခဲ့ကြတာကို အခုလိုပဲ တွေ့ရပါတယ်။

ရွှေထူးကတော့ ခင်ပွန်းဖြစ်သူနဲ့ စိတ်တူကိုယ်တူရှိရုံသာမက ဘီယာပါအတူတူလိုက်သောက်ပေးတဲ့ ချစ်ဇနီးလေး ရွှေမှုံရတီကို ပိုင်ဆိုင်ထားထာ အရမ်းကို ကံကောင်းတာပဲနော်။ ပရိသတ်ကြီးလည်း နေနဲ့လ ရွှေနဲ့မြလို လိုက်ဖက်လွန်းတဲ့ ရွှေနှစ်ရွှေကိုကြည့်ပြီး အားကျနေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Htoo Khant’s fb
Bilie – Cele Connections