


Source: Zay Ye Htet’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

ဟန်လင်းသန့်ရဲ့ မွေးနေ့အတွက် ကိုယ်တိုင်လုပ်ထားတဲ့ မသေမသပ်ကိတ်မုန့်လေးနဲ့ Birthday Wish ပြုလုပ်ခဲ့တဲ့ ဇေရဲထက်

သရုပ်ဆောင် ဇေရဲထက်ကတော့ သရုပ်ဆောင်ကောင်းသလို ကာရိုက်တာအရ စိတ်ရောကိုယ်ပါ ပြောင်းလဲပြီး သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို ရရှိခဲ့သူတစ်ယောက်ပါ။ ဇေရဲထက်လိုပဲ သရုပ်ဆောင် ဟန်လင်းသန့်ကတော့ MRTV 4 ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး နောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေကို လုံးဝရပ်နားလိုက်တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ဇေရဲထက်နဲ့ ဟန်လင်းသန့်တို့ အရင်လို အနုပညာအလုပ်တွေကို မလုပ်ကိုင်ဖြစ်တော့ပေမယ့် အချစ်မလျော့ပဲ အားပေးနေကြဆဲ ဖြစ်ပါတယ်။

ဒီကနေ နိုဝင်ဘာလ (၁၉) ရက်နေ့ကတော့ ဟန်လင်းသန့်ရဲ့ မွေးနေ့လေးဖြစ်ပြီး ဇေရဲထက်က ဟန်လင်းသန့်ရဲ့ မွေးနေ့အတွက် သူကိုယ်တိုင်လုပ်ထားတဲ့ ကိတ်မု့န်လေးနဲ့ Birthday Wish လုပ်ခဲ့ကြောင်းကို “ငါ့အကိုမွေးနေ့ မေ့နေတာ သူ့ခမျာငိုမဲ့မဲ့လေးနဲ့ ဘာဖြစ်တာလည်းပေါ့ 😂😂😂သူ့မွေးနေ့ကို မေ့နေကြလို့တဲ့ 😢😢😢ဟုတ်တာပေါ့ ငါလည်းမေ့တတ်တာအကျင့် 😢sorry bro 🤣🤣🤣ငါမုန့်လုပ်ပေးတယ်နော်😷ကြက်ဥအမွှေ ချိစ်ကိတ် 🤫🤫🤫မွေးနေ့ကစ လိုသောဆန္ဒတလုံးတဝပြည့်ပါစေ ပရမ်းပထာလုပ်တာတွေချုပ်ငြိမ်းပါစေ 🤪🤪နောက်ကျသွားတယ် 🙏🙏🙏တကယ်တော့ ငါ့အပြစ်မဟုတ် ကိုဗစ်ကြောင့်🤫🤫🤫” ဆိုပြီး မွေးနေ့အမှီလေး လက်ဆောင်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

ဇေရဲထက်ကတော့ ဟန်လင်းသန့်အတွက် မွေးနေ့လေးကို သူကိုယ်တိုင် ပြုလုပ်ထားတဲ့ မသေမသပ်ကိတ်မုန့်လေးနဲ့ Birthday Wish ပြုလုပ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဒီကနေ့ရဲ့ မွေးနေ့ရှင် ဟန်လင်းသန့်အတွက် မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့ကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Zay Ye Htet’s fb
Bilie – Cele Connections