ႏိုင္ငံေက်ာ္ အကယ္ဒမီ အိျႏၵာေက်ာ္ဇင္ဟာ အႏုပညာေလာကထဲမွာ ေအာင္ျမင္စြာ ရပ္တည္ေနတာ ႏွစ္ေပါင္း (၂၀) ေက်ာ္ေတာင္ရွိၿပီျဖစ္ၿပီး လူႀကီး၊ လူငယ္မေ႐ြး ႀကိဳက္ႏွစ္သက္ အားေပးျခင္း ခံရသူတစ္ေယာက္ပါပဲ။ အိျႏၵာေက်ာ္ဇင္က သ႐ုပ္ေဆာင္ ေျပတီဦးနဲ႔ အိမ္ေထာင္က်ၿပီး ခ်စ္စရာေကာင္းတဲ့ သားေလးနဲ႔ သမီးေလးကို ေမြးဖြားထားတဲ့ ကေလးႏွစ္ေယာက္မိခင္ဆိုေပမယ့္ အပ်ိဳေလးေတြရႈံးေအာင္လွပတာမို႔ ဒီေန႔ဒီအခ်ိန္ထိ အႏုပညာေလာကမွာ ထိပ္ဆုံးကေန ရပ္တည္ေနဆဲ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း အိျႏၵာေက်ာ္ဇင္ရဲ႕ အႏုပညာလုပ္ငန္းေတြအျပင္ လက္ေတြ႕ဘဝက သူမရဲ႕ အေၾကာင္းေတြနဲ႔ မိသားစုေလးကိုလည္း စိတ္ဝင္တစား အားေပးၾကပါတယ္။

လက္ရွိမွာေတာ့ အႏုပညာလႈပ္ရွားမႈေတြ ရပ္နားထားတဲ့ အိျႏၵာေက်ာ္ဇင္ကေတာ့ အလုပ္အားခ်ိန္မွာ သားသမီးေတြ ပိုမိုအခ်ိန္ေပးျဖစ္ေနတာပဲ ျဖစ္ပါတယ္။ ဒီကေန႔မွာေတာ့ အိျႏၵာေက်ာ္ဇင္က သူမရဲ႕သမီးေလး ေျပသုျဒာနဲ႔ အျပင္ထြက္မုန႔္ဝယ္ျဖစ္တဲ့ ပုံရိပ္ေလးကို မွ်ေဝရင္း “အေမက အေရွ႕မွာပဲမ်ားၿပီး ႐ိုက္ေနတာကို မယ္သု အေနာက္ကလာေျပာင္ေနတာ မသိလိုက္ဘူး😃” ဆိုျပီး ကေလးအေမတစ္ေယာက္ပီပီ ပဲမ်ားၿပီးဓာတ္ပုံ႐ိုက္တာေတာင္ မလြတ္လပ္တဲ့အေၾကာင္း သူမရဲ႕ျဖစ္ပုံေလးနဲ႔ ျပသလာပါတယ္။

ေျပသုျဒာေလးကေတာ့ ငယ္ငယ္ကတည္းက ပရိသတ္ေတြရဲ့ ခ်စ္ခင္မႈကို ရရိွျပီးသားျဖစ္ျပီး တစ္ေန့တစ္ျခား ပိုလို့ေတာင္ ခ်စ္စရာေကာင္းလာတာပဲေနာ္။ ပရိသတ္ၾကီးလည္း အိျႏၵာေက်ာ္ဇင္တို့ သားအမိနွစ္ေယာက္ရဲ့ ျဖစ္ပံုေလးကို သေဘာက်ၾကမယ္ ထင္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Eaindra Kyaw Zin’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ကလေးအမေတစ်ယောက်ပီပီ ပဲများပြီးဓာတ်ပုံရိုက်တာတောင် မလွတ်လပ်တဲ့အကြောင်း သူမရဲ့ဖြစ်ပုံလေးနဲ့ ပြသလာတဲ့ အိန္ဒြာကျော်ဇင်

နိုင်ငံကျော် အကယ်ဒမီ အိန္ဒြာကျော်ဇင်ဟာ အနုပညာလောကထဲမှာ အောင်မြင်စွာ ရပ်တည်နေတာ နှစ်ပေါင်း (၂၀) ကျော်တောင်ရှိပြီဖြစ်ပြီး လူကြီး၊ လူငယ်မရွေး ကြိုက်နှစ်သက် အားပေးခြင်း ခံရသူတစ်ယောက်ပါပဲ။ အိန္ဒြာကျော်ဇင်က သရုပ်ဆောင် ပြေတီဦးနဲ့ အိမ်ထောင်ကျပြီး ချစ်စရာကောင်းတဲ့ သားလေးနဲ့ သမီးလေးကို မွေးဖွားထားတဲ့ ကလေးနှစ်ယောက်မိခင်ဆိုပေမယ့် အပျိုလေးတွေရှုံးအောင်လှပတာမို့ ဒီနေ့ဒီအချိန်ထိ အနုပညာလောကမှာ ထိပ်ဆုံးကနေ ရပ်တည်နေဆဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း အိန္ဒြာကျော်ဇင်ရဲ့ အနုပညာလုပ်ငန်းတွေအပြင် လက်တွေ့ဘဝက သူမရဲ့ အကြောင်းတွေနဲ့ မိသားစုလေးကိုလည်း စိတ်ဝင်တစား အားပေးကြပါတယ်။

လက်ရှိမှာတော့ အနုပညာလှုပ်ရှားမှုတွေ ရပ်နားထားတဲ့ အိန္ဒြာကျော်ဇင်ကတော့ အလုပ်အားချိန်မှာ သားသမီးတွေ ပိုမိုအချိန်ပေးဖြစ်နေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ အိန္ဒြာကျော်ဇင်က သူမရဲ့သမီးလေး ပြေသုဒြာနဲ့ အပြင်ထွက်မုန့်ဝယ်ဖြစ်တဲ့ ပုံရိပ်လေးကို မျှဝေရင်း “အမေက အရှေ့မှာပဲများပြီး ရိုက်နေတာကို မယ်သု အနောက်ကလာပြောင်နေတာ မသိလိုက်ဘူး😃” ဆိုပြီး ကလေးအမေတစ်ယောက်ပီပီ ပဲများပြီးဓာတ်ပုံရိုက်တာတောင် မလွတ်လပ်တဲ့အကြောင်း သူမရဲ့ဖြစ်ပုံလေးနဲ့ ပြသလာပါတယ်။

ပြေသုဒြာလေးကတော့ ငယ်ငယ်ကတည်းက ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိပြီးသားဖြစ်ပြီး တစ်နေ့တစ်ခြား ပိုလို့တောင် ချစ်စရာကောင်းလာတာပဲနော်။ ပရိသတ်ကြီးလည်း အိန္ဒြာကျော်ဇင်တို့ သားအမိနှစ်ယောက်ရဲ့ ဖြစ်ပုံလေးကို သဘောကျကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Eaindra Kyaw Zin’s fb
Bilie – Cele Connections