


ယူနီကုဒ်ဖြင့်ဖတ်ရန်

စကားမပီတပီလေးနဲ့ သီချင်းဆိုတတ်တဲ့အပြင် ဟန်ပန်အမူအယာအပြည့် အိုက်တင်လုပ်တတ်တဲ့ Liam ရဲ့ ချစ်စဖွယ်ဗီဒီယိုလေးကို မျှဝေလာတဲ့ ယွန်းနဒီလွင်မိုး

မင်းသားကြီး လွင်မိုးကတော့ သူ့ရဲ့သမီးကြီး ယွန်းဝတီလွင်မိုးကို အနုပညာအမွေတွေ လက်ဆင့်ကမ်းပေးထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ယွန်းဝတီလွင်မိုးကလည်း အဖေနဲ့ အမေရဲ့ ချောမောတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ငယ်စဉ်ကတည်းက ရရှိပိုင်ဆိုင်ခဲ့သူလေး ဖြစ်ပါတယ်။ ယွန်းဝတီလွင်မိုးက ပြီးခဲ့တဲ့ (၂၀၁၈) ခုနှစ်က သူမရဲ့ ချစ်သူ ကိုထက်ဦးလှိုင်နဲ့ ရုတ်တရက် လက်ထပ်ခဲ့ပြီး အခုဆိုရင် ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

တစ်နေ့တစ်ခြား ချစ်စရာကောင်းပြီး အရွယ်ရောက်လာခဲ့တဲ့ Liam လေးကတော့ ဖိုးဖိုး၊ ဖွားဖွားနဲ့ အနီးကပ်နေရပြီး ယွန်းဝတီလွင်မိုးကတော့ ကျောင်းတစ်ဖက်နဲ့ နိုင်ငံခြားမှာ နေထိုင်နေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ယွန်းဝတီလွင်မိုးက စကားမပီတပီလေးနဲ့ သီချင်းဆိုတတ်တဲ့အပြင် ဟန်ပန်အမူအယာအပြည့် အိုက်တင်လုပ်တတ်တဲ့ Liam ရဲ့ ချစ်စဖွယ်ဗီဒီယိုလေးကို သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် အခုလိုပဲ မျှဝေပေးလာခဲ့ပါတယ်။

Liam လေးကတော့ (၂) နှစ်ကျော်ဆိုတဲ့ အရွယ်လေးမှာတင် သူခဏခဏနားထောင်ပြီး နားရည်ဝနေတဲ့ သီချင်းလေးတွေကို လိုက်သီဆိုတတ်နေပြီပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း Liam လေးရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး အသည်းယားနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Yun Waddy Lwin Moe’s fb
Bilie – Cele Connections