ႏိုင္ငံေက်ာ္ အႏုပညာရွင္ႏွစ္ေယာက္ျဖစ္တဲ့ ေ႐ႊထူးနဲ႔ ေ႐ႊမႈံရတီကေတာ့ အခ်ိန္တိုေလးအတြင္းမွာ ခ်စ္ခဲ့ၾကတယ္ဆိုေပမယ့္ တစ္ေယာက္ကိုတစ္ေယာက္ နက္နက္ရႈိင္းရႈိင္းနဲ႔ ေမတၱာေတြ ရွိခဲ့ၾကတာပဲ ျဖစ္ပါတယ္။ ေ႐ႊထူးနဲ႔ ေ႐ႊမႈံရတီတို႔ရဲ႕ အခ်စ္ေရးက အစပိုင္းမွာေတာ့ အခက္အခဲေတြမ်ားစြာနဲ႔ ရင္ဆိုင္ခဲ့ရေပမယ့္ အခုလက္ရွိမွာေတာ့ ႏွစ္ဘက္မိဘေတြ အဆင္ေျပေျပနဲ႔ သာယာေပ်ာ္႐ႊင္တဲ့ အိမ္ေထာင္တစ္ခုကို တည္ေဆာက္ထားၾကၿပီပဲ ျဖစ္ပါတယ္။


တစ္ေယာက္နဲ့တစ္ေယာက္ အရမ္းခ်စ္ျပီး မ်က္စိေအာက္ကေန အေပ်ာက္မခံၾကတဲ့ ေရႊနွစ္ေရႊတို့က သူတို့ရဲ့ ၾကည္နူးစရာ အခိုက္အတံ့ေလးေတြကို လူမႈကြန္ယက္စာမ်က္နွာကေန အျမဲတမ္း မွ်ေဝေပးေလ့ရိွပါတယ္။ ဒီတစ္ခါမွာလည္း ေရႊထူးက သူ့ရဲ့ခ်စ္ဇနီး ေရႊမႈံရတီကို ကမၻာေက်ာ္ လက္ဝတ္ရတနာပစၥည္းတစ္ခုျဖစ္တဲ့ Cartier JUSTE UN CLOU BRACELET ေလးကို လက္ေဆာင္ေပးခဲ့တာကို ေတြ့ရပါတယ္။ ေရႊမႈံရတီကလည္း ခင္ပြန္းျဖစ္သူရဲ့ လက္ေဆာင္ေလးေၾကာင့္ အရမ္းေက်နပ္ခဲ့ရျပီး ဝမ္းသာခဲ့တာေၾကာင့္ ေက်းဇူးတင္တယ္လုိ့ သူမရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာကေန ေျပာလာတာပဲ ျဖစ္ပါတယ္။

ေရႊထူးကေတာ့ သူ့ရဲ့ခ်စ္ဇနီး ေရႊမႈံရတီအတြက္ဆို လုိေလေသးမရိွ ျဖည့္စည္းေပးေနတဲ့ ခင္ပြန္းေကာင္းတစ္ေယာက္ပါပဲေနာ္။ ပရိသတ္ၾကီးလည္း ေရႊထူးတို့ ဇနီးေမာင္နွံရဲ့ တစ္ေယာက္အေပၚ တစ္ေယာက္ ဂရုစိုက္မႈကို အားက်ေနၾကျပီ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Shwe Hmone Yati’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ဘာအထိမ်းအမှတ်နေ့မှမရှိပေမယ့်လည်း ချစ်ဇနီးလေး ရွှေမှုံရတီကို ကမ္ဘာကျော် တန်ဖိုးကြီးလက်ကောက်တစ်ကွင်း လက်ဆောင်ပေးပြီး ပျော်ရွှင်စေခဲ့တဲ့ ရွှေထူး

နိုင်ငံကျော် အနုပညာရှင်နှစ်ယောက်ဖြစ်တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီကတော့ အချိန်တိုလေးအတွင်းမှာ ချစ်ခဲ့ကြတယ်ဆိုပေမယ့် တစ်ယောက်ကိုတစ်ယောက် နက်နက်ရှိုင်းရှိုင်းနဲ့ မေတ္တာတွေ ရှိခဲ့ကြတာပဲ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့ အချစ်ရေးက အစပိုင်းမှာတော့ အခက်အခဲတွေများစွာနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် အခုလက်ရှိမှာတော့ နှစ်ဘက်မိဘတွေ အဆင်ပြေပြေနဲ့ သာယာပျော်ရွှင်တဲ့ အိမ်ထောင်တစ်ခုကို တည်ဆောက်ထားကြပြီပဲ ဖြစ်ပါတယ်။

တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ပြီး မျက်စိအောက်ကနေ အပျောက်မခံကြတဲ့ ရွှေနှစ်ရွှေတို့က သူတို့ရဲ့ ကြည်နူးစရာ အခိုက်အတံ့လေးတွေကို လူမှုကွန်ယက်စာမျက်နှာကနေ အမြဲတမ်း မျှဝေပေးလေ့ရှိပါတယ်။ ဒီတစ်ခါမှာလည်း ရွှေထူးက သူ့ရဲ့ချစ်ဇနီး ရွှေမှုံရတီကို ကမ္ဘာကျော် လက်ဝတ်ရတနာပစ္စည်းတစ်ခုဖြစ်တဲ့ Cartier JUSTE UN CLOU BRACELET လေးကို လက်ဆောင်ပေးခဲ့တာကို တွေ့ရပါတယ်။ ရွှေမှုံရတီကလည်း ခင်ပွန်းဖြစ်သူရဲ့ လက်ဆောင်လေးကြောင့် အရမ်းကျေနပ်ခဲ့ရပြီး ဝမ်းသာခဲ့တာကြောင့် ကျေးဇူးတင်တယ်လို့ သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ပြောလာတာပဲ ဖြစ်ပါတယ်။

ရွှေထူးကတော့ သူ့ရဲ့ချစ်ဇနီး ရွှေမှုံရတီအတွက်ဆို လိုလေသေးမရှိ ဖြည့်စည်းပေးနေတဲ့ ခင်ပွန်းကောင်းတစ်ယောက်ပါပဲနော်။ ပရိသတ်ကြီးလည်း ရွှေထူးတို့ ဇနီးမောင်နှံရဲ့ တစ်ယောက်အပေါ် တစ်ယောက် ဂရုစိုက်မှုကို အားကျနေကြပြီ ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Shwe Hmone Yati’s fb
Bilie – Cele Connections