ျဖဴျဖဴေသးေသးေလးနဲ့ အရမ္းခ်စ္စရာေကာင္းတဲ့ မင္းသမီးေခ်ာေလး ဝတ္မႈံေရႊရည္ကေတာ့ ျဖဴျဖဴႏြဲ့ႏြဲ့ေလးျဖစ္ေပမယ့္ ရုပ္ရွင္နဲ့ ဗီဒီယိုဇာတ္ကားေတြမွာေတာ့ က်ရာဇာတ္ရုပ္ ကာရိုက္တာအတိုင္း စိတ္ေရာလူပါ ေျပာင္းလဲျပီး သရုပ္ေဆာင္နိုင္သူ ျဖစ္ပါတယ္။ မနွစ္က (၂၀၁၉) ခုနွစ္မွာလည္း ဝတ္မႈံေရႊရည္က ဒါရိုက္တာမီးပြားရိုက္ကူးတဲ့ “ရန္သူ” ရုပ္ရွင္ဇာတ္ကားၾကီးမွာ ပရိသတ္ေတြ မွင္သက္ေလာက္ေစခဲ့တဲ့ ေယာက်ာ္းလ်ာ ကာရိုက္တာကုိ သရုပ္ေဆာင္နိုင္ခဲ့ျပီး ေအာင္ျမင္မႈေတြ အၾကီးအက်ယ္ရရိွခဲ့တာပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ ဝတ္မႈံေရႊရည္ကေတာ့ ကံမေကာင္းစြာနဲ့ပဲ “ရန္သူ” ရုပ္ရွင္ဇာတ္ကားၾကီးနဲ့ အကယ္ဒမီဆုၾကီးကို လြဲေခ်ာ္ခဲ့ရပါတယ္။

ဒီကေန့မွာေတာ့ ဝတ္မႈံေရႊရည္က ပရိသတ္ေတြစိတ္ထဲ စြဲက်န္ရစ္ေစခဲ့တဲ့ “ဆန္းၾကယ္” ကာရိုက္တာေလးကို ျပန္လည္ဖန္တီးျပီး ဗီဒီယုိေလးတစ္ပုဒ္ရိုက္ကူးခဲ့ပါတယ္။ ဝတ္မႈံေရႊရည္က သူမကိုယ္သူမ “ရန္သူ” ရုပ္ရွင္ဇာတ္ကားၾကီးထဲက “ဆန္းၾကယ္” ပံုစံအတိုင္း ဆံပင္၊ အဝတ္အစား၊ မိတ္ကပ္တို့ကို ျပင္ဆင္ျပီး ထိုဇာတ္ကားထဲက ဒိုင္ယာေလာ့ေတြနဲ့ပဲ အခုလိုပဲ Tik Tok ဗီဒီယိုေလးကို ခ်ျပလာတာ ျဖစ္ပါတယ္။

ဝတ္မႈံေရႊရည္ကေတာ့ ဒီကာရိုက္တာနဲ့ အကယ္ဒမီဆုမရရိွခဲ့ေပမယ့္ တစ္နုိင္ငံလံုးက ပရိသတ္ေတြရဲ့ ခ်ီးက်ဴးအားေပးျခင္းကို ရရိွပိုင္ဆိုင္နိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ဒီဗီဒီယိုေလးကိုၾကည့္ျပီး “ရန္သူ” ရုပ္ရွင္ဇာတ္ကားၾကီးထဲက “ဆန္းၾကယ္” ကို ျပန္လည္သတိရေအာက္ေမ့သြားမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Wutt Hmone Shwe Yi’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ပရိသတ်တွေစိတ်ထဲ စွဲကျန်ရစ်စေခဲ့တဲ့ “ဆန်းကြယ်” ကာရိုက်တာလေးကို ပြန်လည်ဖန်တီးပြီး ဗီဒီယိုလေးတစ်ပုဒ်ရိုက်ကူးခဲ့တဲ့ ဝတ်မှုံရွှေရည်

ဖြူဖြူသေးသေးလေးနဲ့ အရမ်းချစ်စရာကောင်းတဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်ကတော့ ဖြူဖြူနွဲ့နွဲ့လေးဖြစ်ပေမယ့် ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာတော့ ကျရာဇာတ်ရုပ် ကာရိုက်တာအတိုင်း စိတ်ရောလူပါ ပြောင်းလဲပြီး သရုပ်ဆောင်နိုင်သူ ဖြစ်ပါတယ်။ မနှစ်က (၂၀၁၉) ခုနှစ်မှာလည်း ဝတ်မှုံရွှေရည်က ဒါရိုက်တာမီးပွားရိုက်ကူးတဲ့ “ရန်သူ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပရိသတ်တွေ မှင်သက်လောက်စေခဲ့တဲ့ ယောကျာ်းလျာ ကာရိုက်တာကို သရုပ်ဆောင်နိုင်ခဲ့ပြီး အောင်မြင်မှုတွေ အကြီးအကျယ်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဝတ်မှုံရွှေရည်ကတော့ ကံမကောင်းစွာနဲ့ပဲ “ရန်သူ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီဆုကြီးကို လွဲချော်ခဲ့ရပါတယ်။

ဒီကနေ့မှာတော့ ဝတ်မှုံရွှေရည်က ပရိသတ်တွေစိတ်ထဲ စွဲကျန်ရစ်စေခဲ့တဲ့ “ဆန်းကြယ်” ကာရိုက်တာလေးကို ပြန်လည်ဖန်တီးပြီး ဗီဒီယိုလေးတစ်ပုဒ်ရိုက်ကူးခဲ့ပါတယ်။ ဝတ်မှုံရွှေရည်က သူမကိုယ်သူမ “ရန်သူ” ရုပ်ရှင်ဇာတ်ကားကြီးထဲက “ဆန်းကြယ်” ပုံစံအတိုင်း ဆံပင်၊ အဝတ်အစား၊ မိတ်ကပ်တို့ကို ပြင်ဆင်ပြီး ထိုဇာတ်ကားထဲက ဒိုင်ယာလော့တွေနဲ့ပဲ အခုလိုပဲ Tik Tok ဗီဒီယိုလေးကို ချပြလာတာ ဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်ကတော့ ဒီကာရိုက်တာနဲ့ အကယ်ဒမီဆုမရရှိခဲ့ပေမယ့် တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ ချီးကျူးအားပေးခြင်းကို ရရှိပိုင်ဆိုင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဒီဗီဒီယိုလေးကိုကြည့်ပြီး “ရန်သူ” ရုပ်ရှင်ဇာတ်ကားကြီးထဲက “ဆန်းကြယ်” ကို ပြန်လည်သတိရအောက်မေ့သွားမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Wutt Hmone Shwe Yi’s fb
Bilie – Cele Connections