Source: Supan Htwar’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်
အွန်လိုင်းကနေ Live လွှင့်ဈေးရောင်းနေတုန်းမှာပဲ အမျိုးမျိုးစနောက်ပြီးလာနှောက်နေတဲ့ ပြေတီဦးအကြောင်းပြောလာတဲ့ ဆုပန်ထွာ
နိုင်ငံကျော် သရုပ်ဆောင်နှစ်ယောက်ဖြစ်တဲ့ ပြေတီဦးနဲ့ ဆုပန်ထွာတို့ကတော့ ငယ်စဉ်ကတည်းက အနုပညာအလုပ်တွေကို အတူတူတွဲဖက်လုပ်ကိုင်ရင်း မောင်နှမတွေလို ခင်မင်ရင်းနှီးခဲ့ကြသူတွေ ဖြစ်ပါတယ်။ အခုဆိုရင် ပြေတီဦးရော ဆုပန်ထွာပါ အိမ်ထောင်ကျပြီး ကိုယ်ပိုင်မိသားစုဘဝလေးတွေ ကိုယ်စီရရှိနေပြီဆိုပေမယ့် သူတို့နှစ်ယောက်ရဲ့ သူငယ်ချင်းသံယောဇဉ်က မပြောင်းလဲပဲ အရင်အတိုင်းရှိနေဆဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ဆုပန်ထွာနဲ့ ပြေတီဦးတို့ အိမ်ထောင်အသီးသီးကျသွားပေမယ့်လည်း အရင်ကအတိုင်း အားပေးနေကြဆဲ ဖြစ်ပါတယ်။
မနေ့က နိုဝင်ဘာလ (၁၇) ရက်နေ့မှာတော့ ဆုပန်ထွာက သူမရဲ့ ဖေ့စ်ဘုတ်ပေ့ချ်ကနေ ရတနာဆိုင်တစ်ခုအတွက် Live လွှင့်ပြီး ဈေးရောင်းချပေးခဲ့တာပဲ ဖြစ်ပါတယ်။ ပြေတီဦးကလည်း သူ့ရဲ့ သူငယ်ချင်းမအတွက် အားပေးခဲ့ပြီး သူငယ်ဂျိုးဆိုပြီး ဆုပန်ထွာကို နောက်ပြောင်ခေါ်ဆိုခဲ့တာကြောင့် ဆုပန်ထွာခမျာ Live လွှင့်ဈေးရောင်းနေတုန်းမှာပဲ “သူငယ်ဂျိုး” လို့ အပြန်အလှန်ခေါ်ပြီး ပြေတီဦးကို စနောက်ခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။
ဆုပန်ထွာနဲ့ ပြေတီဦးကတော့ အလုပ်တွေကိုယ်စီလုပ်ကိုင်နေကြလို့ အပြင်မှာမတွေ့ဖြစ်တော့ပေမယ့် အွန်လိုင်းပေါ်မှာတော့ စကားတွေ တပြောပြောနဲ့ ခင်မင်နေကြဆဲပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဆုပန်ထွာနဲ့ ပြေတီဦးတို့ သူငယ်ချင်းနှစ်ယောက်ရဲ့ ဖြစ်ပုံလေးကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source: Supan Htwar’s fb
Bilie – Cele Connections