


ယူနီကုဒ်ဖြင့်ဖတ်ရန်

မျက်စိအောက်မှာတင် တဖြည်းဖြည်းအရွယ်ရောက်ကြီးပြင်းလာခဲ့တဲ့ သားအငယ်ဆုံးလေးရဲ့ (၆) နှစ်ပြည့်မွေးနေ့အတွက် ဆုမွန်ကောင်းတောင်းပေးခဲ့တဲ့ ရတနာခင်

မင်းသမီးချော ရတနာခင်ကတော့ တစ်ခေတ်တစ်ခါက ပရိသတ်တွေရဲ့ အသည်းနှလုံးကို ဖမ်းစားနိုင်ခဲ့တဲ့ မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်။ ရတနာခင်က အိမ်ထောင်ကျပြီးနောက်ပိုင်း အနုပညာအလုပ်တွေကို မလုပ်ကိုင်တော့ပဲ ခင်ပွန်းဖြစ်သူနဲ့အတူတူ စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ရတနာခင်က အလုပ်တွေလည်း ကြိုးစားလုပ်ကိုင်နေသလို သူမရဲ့သားသုံးယောက်လိုလည်း ထူးချွန်ထက်မြတ်တဲ့ သားလေးတွေဖြစ်အောင် ပြုစုပျိုးထောင်နေတဲ့ မိခင်ကောင်းတစ်ယောက်ဆိုလည်း မမှားပါဘူး။

ဒီကနေ့ နိုဝင်ဘာလ (၁၈) ရက်နေ့ကတော့ ရတနာခင်ရဲ့ သားအငယ်ဆုံးလေး ကောင်းဆက်ဦးရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ရတနာခင်က သူမတို့မိသားစုရဲ့ အစဉ်အလာအတိုင်းပဲ ည(၁၂) နာရီတိတိမှာ သားငယ်လေးအတွက် မွေးနေ့ကိတ်ခွဲပြီး မွေးနေ့ပွဲလေးကျင်းပပေးခဲ့သလို “Happy Birthday Kaung Sett Oo🎂🎉🎊မေမေ့သားထွေးလေး ဘဝမှာ ကံကောင်းခြင်းတွေနဲ့ဘဲကြုံပါစေ သူတော်ကောင်း စိတ်ကောင်း ရှိသူတွေ နဲ့သာဆုံတွေ့ပြီး ဘာသာတရား ကိုင်းရှိုင်းတဲ့သားလိမ္မာလေးဖြစ်ပါစေ 😘😍” ဆိုပြီး မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။

သားငယ်လေး ကောင်းဆက်ဦးကို ရတနာခင်က (၂၀၁၄) ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး သားလေးက အခုဆိုရင် (၆) နှစ်တောင်ပြည့်ခဲ့ပြီး ပရိသတ်တွေရဲ့ မျက်စိအောက်မှာတင် တဖြည်းဖြည်း အရွယ်ရောက်ကြီးပြင်းလာခဲ့ပြီပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ရတနာခင်ရဲ့ သားငယ်လေး ကောင်းဆက်ဦးရဲ့ ပုံရိပ်တွေကိုကြည့်ပြီး အချစ်ပိုနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Yadanar Khin’s fb
Bilie – Cele Connections