လူငယ္ၾကိဳက္ Rap သီခ်င္းေတြကို သီဆိုတဲ့ Snare အဖြဲ့က ေနဝင္းနဲ့ ျဖိဳးေလးကိုေတာ့ အေထြအထူး မိတ္ဆက္ေပးဖို့ လုိမယ္မထင္ပါဘူး။ ေနဝင္းနဲ့ ျဖိဳးေလးတို့က ငယ္စဥ္ကတည္းက အထက(၁)ဒဂံုမွာ အတူတူေက်ာင္းတက္ခဲ့ၾကတဲ့ သူငယ္ခ်င္းေတြျဖစ္ျပီး ဝါသနာတူခ်င္းအတူတူ အဖြဲ့ဖြဲ့ျပီး သီခ်င္းေတြ သီဆိုခဲ့တာပဲ ျဖစ္ပါတယ္။ ဆယ္ေက်ာ္သက္အရြယ္ကတည္းက စိတ္တူကိုယ္တူရိွၾကတဲ့ ျဖိဳးေလးနဲ့ ေနဝင္းတို့က ဒီေန့ဒီအခ်ိန္ထိလည္း နွစ္ေယာက္ေပါင္းျပီး အမိုက္စားသီခ်င္းေတြကို ဖန္တီးေနၾကဆဲ ျဖစ္ပါတယ္။

ဒီကေန့မွာေတာ့ ေနဝင္းက လြန္ခဲ့တဲ့ အနွစ္(၂၀) က သူတို့ Snare အဖြဲ့ရဲ့ အမွတ္တရပံုေလးကို ခ်ျပလာခဲ့ပါတယ္။ ထူးထူးျခားျခားအေနနဲ့ပဲ ထိုအခ်ိန္က အသက္ (၁၃) နွစ္သာရိွၾကေသးတဲ့ Snare အဖြဲ့သားေတြထဲက ေနဝင္းရဲ့ပံုရိပ္ကေတာ့ အခုအတိုင္း ဘာမွသိပ္မေျပာင္းလဲေပမယ့္ ျဖိဳးေလးရဲ့ ပံုရိပ္ကေတာ့ အဆိုေတာ္ G Fatt နဲ့တူတယ္လို့ ပရိသတ္ေတြက ထင္ေၾကးေပးေနၾကတာပဲ ျဖစ္ပါတယ္။

ျဖိဳးေလးကေတာ့ ဆယ္ေက်ာ္သက္အရြယ္က ေက်ာင္းသားပံုစံအတိုင္း ပိန္ပိန္ေလးနဲ့ နုပ်ိဳေနတာေၾကာင့္ ပရိသတ္ေတြက G Fatt နဲ့တူတယ္ဆိုျပီး ခ်စ္စနိုးနဲ့ စေနာက္ေနၾကတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးေရာ ဒီဓာတ္ပံုမွာ ျဖိဳးေလးတစ္ေယာက္ G Fatt နဲ့ တကယ္ပဲတူရဲ့လားဆိုတာ မွတ္ခ်က္ေပးသြားၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Nay Win’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

လွန်ခဲ့တဲ့ အနှစ် (၂၀) က ဓာတ်ပုံတစ်ပုံကြောင့် G Fatt နဲ့တူတယ်လို့ ပရိသတ်တွေက ထင်ကြေးပေးခံနေရတဲ့ ဖြိုးလေး

လူငယ်ကြိုက် Rap သီချင်းတွေကို သီဆိုတဲ့ Snare အဖွဲ့က နေဝင်းနဲ့ ဖြိုးလေးကိုတော့ အထွေအထူး မိတ်ဆက်ပေးဖို့ လိုမယ်မထင်ပါဘူး။ နေဝင်းနဲ့ ဖြိုးလေးတို့က ငယ်စဉ်ကတည်းက အထက(၁)ဒဂုံမှာ အတူတူကျောင်းတက်ခဲ့ကြတဲ့ သူငယ်ချင်းတွေဖြစ်ပြီး ဝါသနာတူချင်းအတူတူ အဖွဲ့ဖွဲ့ပြီး သီချင်းတွေ သီဆိုခဲ့တာပဲ ဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်ကတည်းက စိတ်တူကိုယ်တူရှိကြတဲ့ ဖြိုးလေးနဲ့ နေဝင်းတို့က ဒီနေ့ဒီအချိန်ထိလည်း နှစ်ယောက်ပေါင်းပြီး အမိုက်စားသီချင်းတွေကို ဖန်တီးနေကြဆဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ နေဝင်းက လွန်ခဲ့တဲ့ အနှစ်(၂၀) က သူတို့ Snare အဖွဲ့ရဲ့ အမှတ်တရပုံလေးကို ချပြလာခဲ့ပါတယ်။ ထူးထူးခြားခြားအနေနဲ့ပဲ ထိုအချိန်က အသက် (၁၃) နှစ်သာရှိကြသေးတဲ့ Snare အဖွဲ့သားတွေထဲက နေဝင်းရဲ့ပုံရိပ်ကတော့ အခုအတိုင်း ဘာမှသိပ်မပြောင်းလဲပေမယ့် ဖြိုးလေးရဲ့ ပုံရိပ်ကတော့ အဆိုတော် G Fatt နဲ့တူတယ်လို့ ပရိသတ်တွေက ထင်ကြေးပေးနေကြတာပဲ ဖြစ်ပါတယ်။

ဖြိုးလေးကတော့ ဆယ်ကျော်သက်အရွယ်က ကျောင်းသားပုံစံအတိုင်း ပိန်ပိန်လေးနဲ့ နုပျိုနေတာကြောင့် ပရိသတ်တွေက G Fatt နဲ့တူတယ်ဆိုပြီး ချစ်စနိုးနဲ့ စနောက်နေကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးရော ဒီဓာတ်ပုံမှာ ဖြိုးလေးတစ်ယောက် G Fatt နဲ့ တကယ်ပဲတူရဲ့လားဆိုတာ မှတ်ချက်ပေးသွားကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Nay Win’s fb
Bilie – Cele Connections