


ယူနီကုဒ်ဖြင့်ဖတ်ရန်

(၇၄)နှစ်ပြည့်သွားတဲ့ ဖွားဖွားကြီးချိုပြုံးကို သူဖြစ်စေချင်တဲ့ဆန္ဒတွေပြောပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့ ဝင်းခန့်မိုး

သရုပ်ဆောင်၊ အဆိုတော်ကြီး အကယ်ဒမီများရှင် ချိုပြုံးကတော့ အဖြူအမည်း ဖလင်ခေတ်ကတည်းကနေ ဒီနေ့ဒီအချိန်ထိ ရုပ်ရှင်လောကကို လွှမ်းမိုးထားနိုင်တဲ့ ဝါရင့် သမ္ဘာရင့် အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ချိုပြုံးက သူမရဲ့ သားသမီးတွေကိုတော့ အနုပညာလောကထဲကို ခေါ်ဆောင်လာခြင်းမရှိပေမယ့် မြေးငယ်လေး ဝင်းခန့်မိုးကိုတော့ သူမရဲ့ အနုပညာအမွေတွေကို လက်ဆင့်ကမ်းပေးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဝင်းခန့်မိုးကလည်း အသက်နှစ်ဆယ်မပြည့်ခင် အချိန်လေးမှာပဲ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်နိုင်နေပြီပဲ ဖြစ်ပါတယ်။

ဒီကနေ့ နိုဝင်ဘာလ (၁၇) ရက်နေ့ကတော့ ချိုပြုံးရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ဝင်းခန့်မိုးကလည်း သူ့ရဲ့ အချစ်ဆုံး ဖွားဖွားကြီးချိုပြုံးအတွက် “Happy 74th Birthday ပါ ချိုချို။ မုန့်ဖိုး များများ ပေးနိုင်ပါစေ။ ကောင်မလေး ရရင် လိုက်တောင်းပေးနိုင်ပါစေ 😜” ဆိုပြီး သူဖြစ်စေချင်တဲ့ ဆန္ဒတွေပြောပြီး ဖေ့စ်ဘုတ်စာမျက်နှာကနေ မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့တာကို တွေ့ရပါတယ်။

ဝင်းခန့်မိုးကတော့ အချစ်ရဆုံး ဖွားဖွားကြီးချိုပြုံးအတွက် မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့တာပဲ ဖြစ်ပါတယ်။ အန်တီချိုပြုံးလည်း ဒီကနေ့မွေးနေ့မှသည် ချစ်ရတဲ့ သားသမီး မြေးမြစ်တွေနဲ့ ကျန်းကျန်းမာမာနဲ့ အချိန်အကြာကြီး ပျော်ရွှင်စွာ နေနိုင်သွားပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Win Khant Moe’s fb
Bilie – Cele Connections