


ယူနီကုဒ်ဖြင့်ဖတ်ရန်

သားနဲ့ သမီးရဲ့ မွေးလဖြစ်တဲ့ နိုဝင်ဘာလလေးမှာပဲ ဘဝမှာမကြုံဖူးသေးတဲ့ ကံကောင်းခြင်းနဲ့ ကြုံဆုံခဲ့ရကြောင်း ပြောလာတဲ့ သဉ္ဇာနွယ်ဝင်း

ပါးပေါ်မှာ မှဲ့နက်လေးနဲ့ ထူးထူးခြားခြားလှတဲ့ မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းက ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိခဲ့တာပဲ ဖြစ်ပါတယ်။ သဉ္ဇာနွယ်ဝင်းက အိမ်ထောင်ကျပြီးနောက်ပိုင်း အနုပညာအလုပ်တွေကို မလုပ်ကိုင်ဖြစ်တော့ပေမယ့် သူမရဲ့ သာယာလှပတဲ့ မိသားစုဘဝလေးကြောင့် ပရိသတ်တွေရဲ့ အာရုံစိုက်ခြင်းကို ယနေ့ထက်တိုင် ခံယူနေရဆဲ ဖြစ်ပါတယ်။ သဉ္ဇာနွယ်ဝင်းကလည်း သူမရဲ့ ပရိသတ်တွေအတွက် သူမနဲ့ မိသားစုလေးရဲ့ လှုပ်ရှားမှုတွေကို ဖေ့စ်ဘုတ်စာမျက်နှာကနေ မျှဝေပေးလေ့ရှိပါတယ်။

ဒီနေ့မှာတော့ သဉ္ဇာနွယ်ဝင်းက သားနဲ့ သမီးရဲ့ မွေးလဖြစ်တဲ့ နိုဝင်ဘာလလေးမှာပဲ ဘဝမှာမကြုံဖူးသေးတဲ့ ကံကောင်းခြင်းနဲ့ ကြုံဆုံခဲ့ရကြောင်း အခုလိုပဲ မျှဝေပေးလာခဲ့ပါတယ်။ သဉ္ဇာနွယ်ဝင်းက “ဒီနေ့ visa card သုံးတာ ၁၀၀၀၀၀ပေါက်တယ်တဲ့ ဘဝမှာအလကားပိုက်ဆံရဖူးပြီ😎 သားသားနဲ့ သမီးမွေးတဲ့ မာမားရဲ့ lucky november လ။ ပထမ အယောက်၅၀ထဲမှာ ကိုယ်ပါတယ်ဆိုတော့ နည်းနည်းနှောနှော ကံထူးတာလား😁😁😁” ဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်။

သဉ္ဇာနွယ်ဝင်းကတော့ သူမအတွက် ငွေတစ်သိန်းဆိုတဲ့ ပမာဏက မပြောပလောက်ပေမယ့် သားနဲ့သမီးရဲ့ မွေးလလေးမှာ ထူးထူးခြားခြားရရှိခဲ့တာကြောင့် ဝမ်းသာနေရှာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Thinzar Nwewin’s fb
Bilie – Cele Connections