


Source: Baby Maung’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

မိဘနှစ်ပါးကအစ သဘောတူကြည်ဖြူထားတဲ့ သူမရဲ့သားဂန်းရဲ့ အချစ်ရေးအခြေအနေကို ပြသလာတဲ့ ဘေဘီမောင်

သရုပ်ဆောင် ဘေဘီမောင်နဲ့ အဆိုတော်လေး သားဂန်းကတော့ သီချင်း MV တစ်ပုဒ်ကို အတူတူရိုက်ကူးခဲ့ရင်း ဖူးစာဆုံခဲ့ကြတာပဲ ဖြစ်ပါတယ်။ သားဂန်းကတော့ ဘေဘီမောင်ထက် အသက်ငယ်ပေမယ့် ရင့်ကျက်ပြီး တည်ငြိမ်လွန်းတဲ့အပြင် ဘေဘီမောင်အပေါ်မှာ ဦးဆောင်နိုင်သူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေက မနဲ့မောင် ဇာတ်လမ်းလေးကို သဘောကျနေရတာပဲ ဖြစ်ပါတယ်။ ဘေဘီမောင်ကလည်း သားဂန်းအပေါ် အစစအရာရာ တိုင်ပင်အားကိုးပြီး သူမဘဝရဲ့ လက်တွဲဖော်အဖြစ် ရွေးချယ်ထားခဲ့တာပဲ ဖြစ်ပါတယ်။

မကြာခင် အချိန်အတွင်းမှာ ရွှေလက်တွဲ လက်ထပ်ကြတော့မယ့် သားဂန်းနဲ့ ဘေဘီမောင်ကတော့ နှစ်ဖက်မိဘသဘောတူကြည်ဖြူစွာနဲ့ တစ်ယောက်အိမ်တစ်ယောက် ဝင်ထွက်သွားလာနေကြတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဘေဘီမောင်က သူမရဲ့အိမ်မှာ သီချင်းဆိုရင်း အိမ်သားတွေနဲ့အတူတူ ပျော်ရွှင်နေတဲ့ ချစ်သူသားဂန်းရဲ့ ဗီဒီယိုလေးကိုမျှဝေရင်း မိဘနှစ်ပါးကတောင် သဘောတူကြည်ဖြူထားတဲ့ သူမရဲ့သားဂန်းရဲ့ အချစ်ရေးအခြေအနေကို အခုလိုပဲ ပြသလာပါတယ်။

သားဂန်းနဲ့ ဘေဘီမောင်တို့ကတော့ ကိုဗစ်ကာလအပြီး မကြာခင်အချိန်အတွင်းမှာပဲ နှစ်ဖက်မိဘ သဘောတူကြည်ဖြူစွာနဲ့ လက်ထပ်ကြတော့မယ်လို့ မီဒီယာတွေကို အသိပေးထားခဲ့ပြီးပြီ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သာယာကြည်နူးဖို့ကောင်းတဲ့ သားဂန်းနဲ့ ဘေဘီမောင်တို့ရဲ့ အချစ်ရေးလေးကိုကြည့်ပြီး အားကျနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Baby Maung’s fb
Bilie – Cele Connections