


ယူနီကုဒ်ဖြင့်ဖတ်ရန်

ဏကြီးနဲ့ ရည်းစားဘဝကတည်းကနေ အိမ်ထောင်ကျသွားပြီးသည့်တိုင် ညီမဖြစ်သူကိုသာ ဦးစားပေးတတ်တဲ့ ပိုင်ဖြိုးသုအကြောင်းပြောပြလာတဲ့ နိုင်ဖြိုးဥ

ပိုင်ဖြိုးသုကတော့ ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ်မှာ ဒါရိုက်တာ ဏကြီးနဲ့ အိမ်ထောင်ကျပြီး သူမရဲ့ ကိုယ်ပိုင်မိသားစုဘဝလေးကို တည်ဆောက်ထားပြီပဲ ဖြစ်ပါတယ်။ ပိုင်ဖြိုးသုက အိမ်ထောင်ကျသွားပြီဆိုပေမယ့် သူမရဲ့ တစ်ဦးတည်းသောညီမလေး နိုင်ဖြိုးဥကိုလည်း အချစ်မလျော့ပဲ အလိုလိုက်ထားနိုင်ဆဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ပိုင်ဖြိုးသုလိုပဲ ချစ်စရာကောင်းပြီး ပွင့်လင်းတဲ့ ညီမလေးနိုင်ဖြိုးဥကို အနုပညာအလုပ်တွေမလုပ်လည်း ချစ်ခင်နေကြတာပဲ ဖြစ်ပါတယ်။

ပိုင်ဖြိုးသုကတော့ အိမ်ထောင်ကျသွားပြီးတဲ့နောက် ညီမလေးအပေါ် အချစ်မလျော့ပဲ အစ်မကြီးတာဝန်ကျေနေသေးသူ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ပိုင်ဖြိုးသုရဲ့ အချစ်ဆုံး ညီမလေး နိုင်ဖြိုးဥက အိမ်ထောင်ကျသွားပေမယ့်လည်း ညီမလေးကို ဂရုစိုက်ကြောင်းကို “လေးနနဲ့ရည်းစားဘဝတုန်းကလည်း ဥဥမစိတ်ညစ်ပြီးငိုယိုနေရင် date ကိုဖျက်ပြီးမုန့်လိုက်ကျွေးတဲ့အစ်မတော်❤️ ခုအိမ်ထောင်ကျသွားတော့လည်း အရင်လိုပဲ😍ငိုယိုပြီးစိတ်ညစ်ပြီဆိုတာနဲ့အိမ်ကိုချက်ချင်းရောက်ချလာပြီးဒီ cry baby ကိုမုန့်လိုက်ကျွေးတယ်🥺🥰 She’s the best thing that has ever happened to me💞 ငါကပိုချစ်ဖို့ကောင်းပြီးလှနေတာတော့ခွင့်လွှတ်ဘွေးသု😂” ဆိုပြီး ပြောပြလာပါတယ်။

ပိုင်ဖြိုးသုကတော့ ဘယ်လောက်ပဲ ဘဝလက်တွဲဖော်ကိုတွေ့တွေ့ အချစ်ရဆုံး သွေးသားရင်း ညီမလေးကိုတော့ အမြဲတမ်း ဦးစားပေးတဲ့ အစ်မကောင်းတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပိုင်ဖြိုးသုလို အစ်မမျိုးကတော့ တကယ့်ကို ချစ်စရာကောင်းပြီး အားကိုးထိုက်တာပဲနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Naing Phyoe Oo’s fb
Bilie – Cele Connections