မင္းသမီးေလး ခိုင္နွင္းေဝကေတာ့ အေဒၚျဖစ္သူ အကယ္ဒမီ ျမင့္ျမင့္ခိုင္ရဲ့ ဦးေဆာင္မႈနဲ့ အနုပညာေလာကထဲကို ဝင္ေရာက္လာခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ ခိုင္နွင္းေဝက အသက္အရြယ္တစ္ခုေရာက္ရိွလာခ်ိန္မွာေတာ့ အနုပညာလုပ္ငန္းေတြထက္ လူမႈအက်ိဳးျပဳ ပရဟိတလုပ္ငန္းေတြကို ပိုမိုဦးစားေပးလုပ္ကိုင္ေနတာကို ပရိသတ္ၾကီးအားလံုး သိျပီးသားျဖစ္မွာပါ။ ခိုင္နွင္းေဝက အခုလို ကပ္ေရာဂါနဲ့ ရင္ဆိုင္ေနရခ်ိန္မွာလည္း ခ်ိဳ့တဲ့ခက္ခဲေနသူေတြအတြက္ ေရွ့ဆံုးကေန တက္ၾကြစြာ ကူညီေဖးမေပးေနလ်က္ရိွပါတယ္။

အမ်ားအက်ိဳးကို စြမ္းစြမ္းတမံ သယ္ပိုးေဆာင္ရြက္တတ္တဲ့ ခိုင္နွင္းေဝက ဒီတစ္ေခါက္မွာလည္း HIV ေရာဂါသည္အေမနဲ့ က်န္ရစ္ခဲ့တဲ့ (၂) လအရြယ္ သမီးေလးကို (၁) နွစ္စာ နို့မႈန့္ လွဴဒါန္းေပးခဲ့ေၾကာင္းကို “အေဖျဖစ္သူ ဆံုးပါးသြားကာ အေမျဖစ္သူ မွာ HIVေရာဂါႏွင့္ က်န္ခ့ဲျပီး နို့မႈန့္အခက္အခဲ ျဖစ္ေနတ့ဲ (၂)လ အရြယ္ သမီးေလးကို နို့မႈန့္ (၁) ႏွစ္စာ လႉဒါန္းေပးခ့ဲပါတယ္ရွင္။ သမီးေလး နို့မေသာက္ရတာ (၂)ရက္ရွိျပီ ျဖစ္ျပီးက်မတို႔ အဖြဲ့ေရာက္သြားမွ ႏို့ဗူးေဖာက္ကာ ေဖ်ာ္တိုက္ရပါတယ္။ အမွန္တကယ္ ႏို႔ဆာေနေသာ ကေလးငယ္ေလးအား လႉဒါန္းျဖစ္ခ့ဲပါတယ္ရွင္.” ဆိုျပီး သူမရဲ့ ကုသိုလ္ေလးကို အခုလိုပဲ မွ်ေဝေပးလာခဲ့ပါတယ္။

ခိုင္နွင္းေဝကေတာ့ သူမေၾကာင့္ နု့ိဆာေနတဲ့ ကေလးငယ္ေလးတစ္ေယာက္ကို ကူညီေပးခြင့္ရခဲ့လို့ ဝမ္းသာပီတိျဖစ္ေနတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ခိုင္နွင္းေဝရဲ့ မြန္ျမတ္လွတဲ့ ကုသိုလ္ေလးကိုၾကည့္ျပီး ထပ္တူပီတိျဖစ္ေနၾကမယ္ ထင္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Khine Hnin Wai’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

HIV ရောဂါသည်အမေနဲ့ ကျန်ရစ်ခဲ့တဲ့ (၂) လအရွယ် သမီးလေးကို (၁) နှစ်စာ နို့မှုန့် လှူဒါန်းပေးခဲ့တဲ့ ခိုင်နှင်းဝေ

မင်းသမီးလေး ခိုင်နှင်းဝေကတော့ အဒေါ်ဖြစ်သူ အကယ်ဒမီ မြင့်မြင့်ခိုင်ရဲ့ ဦးဆောင်မှုနဲ့ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ခိုင်နှင်းဝေက အသက်အရွယ်တစ်ခုရောက်ရှိလာချိန်မှာတော့ အနုပညာလုပ်ငန်းတွေထက် လူမှုအကျိုးပြု ပရဟိတလုပ်ငန်းတွေကို ပိုမိုဦးစားပေးလုပ်ကိုင်နေတာကို ပရိသတ်ကြီးအားလုံး သိပြီးသားဖြစ်မှာပါ။ ခိုင်နှင်းဝေက အခုလို ကပ်ရောဂါနဲ့ ရင်ဆိုင်နေရချိန်မှာလည်း ချို့တဲ့ခက်ခဲနေသူတွေအတွက် ရှေ့ဆုံးကနေ တက်ကြွစွာ ကူညီဖေးမပေးနေလျက်ရှိပါတယ်။

အများအကျိုးကို စွမ်းစွမ်းတမံ သယ်ပိုးဆောင်ရွက်တတ်တဲ့ ခိုင်နှင်းဝေက ဒီတစ်ခေါက်မှာလည်း HIV ရောဂါသည်အမေနဲ့ ကျန်ရစ်ခဲ့တဲ့ (၂) လအရွယ် သမီးလေးကို (၁) နှစ်စာ နို့မှုန့် လှူဒါန်းပေးခဲ့ကြောင်းကို “အဖေဖြစ်သူ ဆုံးပါးသွားကာ အမေဖြစ်သူ မှာ HIVရောဂါနှင့် ကျန်ခဲ့ပြီး နို့မှုန့်အခက်အခဲ ဖြစ်နေတဲ့ (၂)လ အရွယ် သမီးလေးကို နို့မှုန့် (၁) နှစ်စာ လှူဒါန်းပေးခဲ့ပါတယ်ရှင်။ သမီးလေး နို့မသောက်ရတာ (၂)ရက်ရှိပြီ ဖြစ်ပြီးကျမတို့ အဖွဲ့ရောက်သွားမှ နို့ဗူးဖောက်ကာ ဖျော်တိုက်ရပါတယ်။ အမှန်တကယ် နို့ဆာနေသော ကလေးငယ်လေးအား လှူဒါန်းဖြစ်ခဲ့ပါတယ်ရှင်.” ဆိုပြီး သူမရဲ့ ကုသိုလ်လေးကို အခုလိုပဲ မျှဝေပေးလာခဲ့ပါတယ်။

ခိုင်နှင်းဝေကတော့ သူမကြောင့် နု့ိဆာနေတဲ့ ကလေးငယ်လေးတစ်ယောက်ကို ကူညီပေးခွင့်ရခဲ့လို့ ဝမ်းသာပီတိဖြစ်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခိုင်နှင်းဝေရဲ့ မွန်မြတ်လှတဲ့ ကုသိုလ်လေးကိုကြည့်ပြီး ထပ်တူပီတိဖြစ်နေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Khine Hnin Wai’s fb
Bilie – Cele Connections