


Source: Yone Lay’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

ဇာတ်ကားတွေထဲမှာ ဖိုက်တာကြီးတွေဖြစ်တဲ့ မြင့်မြတ်နဲ့ ခင်လှိုင်တို့ရဲ့ မထင်ထားလောက်တဲ့ဓာတ်ပုံတစ်ပုံနဲ့ ဆေးကြီးကြီးထိုးလာတဲ့ ယုန်လေး

နိုင်ငံကျော် ပြည်သူချစ် အနုပညာရှင်နှစ်ယောက်ဖြစ်တဲ့ ယုန်လေးနဲ့ မြင့်မြတ်ကတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အားပေးသူ အသီးသီးရရှိပိုင်ဆိုင်ထားသူတွေ ဖြစ်ပါတယ်။ ယုန်လေးနဲ့ မြင့်မြတ်က ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ အတူတူပါဝင်သရုပ်ဆောင်သလို အပြင်မှာလည်း တစ်ယောက်နဲ့တစ်ယောက် သွေးသားရင်း ညီအစ်ကိုတွေလို ခင်မင်ရင်းနှီးကြတဲ့ သူငယ်ချင်းတွေ ဖြစ်ကြပါတယ်။ တစ်ယောက်ကိုတစ်ယောက် ကူညီပေးနေကြတဲ့ သူငယ်ချင်းနှစ်ယောက်က အခက်အခဲဖြစ်နေကြချိန်မှာ စိတ်ရောလူပါ အကူအညီပေးကြတဲ့သူတွေဖြစ်တာကြောင့် ပရိသတ်တွေကလည်း ချစ်ခင်လေးစားရတဲ့ အနုပညာရှင်တွေပဲ ဖြစ်ကြပါတယ်။

ခင်မင်ရင်းနှီးတဲ့ သူတွေကို စစနောက်နောက်နဲ့ ဆေးထိုးကျီစယ်လေ့ရှိတဲ့ ယုန်လေးက ဒီကနေ့မှာတော့ သူခင်မင်ရတဲ့ မြင့်မြတ်နဲ့ ခင်လှိုင်တို့ရဲ့ ဓာတ်ပုံတစ်ပုံနဲ့ ဆေးကြီးကြီးထိုးလာခဲ့ပါတယ်။ မြင့်မြတ်နဲ့ ခင်လှိုင်တို့က သားလေးမြတ်သူရဲ့ ဘက်ထရီကားလေးတွေကို တက်စီးပြီး မျက်နှာပြောင်နေကြတာကို “မနေ့ည က ပြိုင်ကားတွေ အရင်လို ပြန်မောင်းချင်လာလို့ ရှိတဲ့ကား အရင်မောင်း🤣🤣🤣🤣🤣” ဆိုပြီး ဆေးထိုးလာခဲ့တာ ဖြစ်ပါတယ်။

ယုန်လေးကတော့ သူ့ရဲ့ သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ ခင်လှိုင်နဲ့ မြင့်မြတ်တို့ရဲ့ ပရိသတ်မထင်ထားလောက်တဲ့ အမူအကျင့်တွေကို ချပြလာခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သဘာဝမင်းသားကြီးဖြစ်တဲ့ ခင်လှိုင်နဲ့ မြင့်မြတ်တို့ရဲ့ ပုံရိပ်လေးကို သဘောကျကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Yone Lay’s fb
Bilie – Cele Connections