မင္းသမီးေခ်ာေလး ခိုင္နွင္းေဝကေတာ့ အနုပညာလုပ္ငန္းေတြနဲ့အတူတူ အမ်ားအက်ိဳးအတြက္ ပရဟိတလုပ္ငန္းေတြကို စိတ္ေရာကိုယ္ပါနစ္ျပီး လုပ္ေဆာင္လာတာ နွစ္ေပါင္းအေတာ္ၾကာေနျပီပဲ ျဖစ္ပါတယ္။ ခိုင္နွင္းေဝပရဟိတအသင္းနဲ့ ခိုင္နွင္းေဝ ရင္ေသြးေလးမ်ားေဂဟာကို တည္ေထာင္ဦးစီးေနတဲ့ ခိုင္နွင္းေဝက အလုပ္ေတြမ်ားစြာကို ဦးစီးလုပ္ကိုင္ေနရသူပီပီ ဝန္ေတြမ်ားစြာကို ထမ္းေဆာင္ထားရသူတစ္ေယာက္ဆိုလည္း မမွားပါဘူး။ ဒီကေန့မွာလည္း ခိုင္နွင္းေဝက သူမရဲ့ သားသမီးေတြ ေနထိုင္မေကာင္းျဖစ္ေနတာေၾကာင့္ ေသာကျဖစ္ေနရရွာတာပဲ ျဖစ္ပါတယ္။

ခိုင္နွင္းေဝက “ကြ်န္မရဲ့ (၃)လ သမီးေလး “ခိုင္ဆုရည္ေမ” ညက အဖ်ားေတြ တက္လာတ့ဲအတြက္ အေရးေပၚ ေဆးရံု တင္ထားရပါတယ္ရွင္။ သီးသန္႔ေစာင့္ၾကည့္ခန္းထဲထားျပီး ေရာဂါ အေျခအေန စစ္ေဆးေနပါတယ္။ သမီးေလး အျမန္ ေနေကာင္းေအာင္ ဆုေတာင္း ေမတၱာ ပို႔သေပးၾကပါဦးရွင္🙏🙏🙏” ဆိုျပီး စိုးရိမ္ပူပန္မႈေတြမ်ားစြာနဲ့ ပရိသတ္ေတြကို အားကိုးရွာေနတာကို ေတြ့ရပါတယ္။

ခိုင္နွင္းေဝကေတာ့ သူမရဲ့ ေဂဟာက ကေလးေတြကလည္း ေနမေကာင္းတဲ့အျပင္ (၃)လအရြယ္သမီးေလးကိုလည္း အေရးေပၚေဆးရံုတင္လိုက္ရတာေၾကာင့္ ေသာကျဖစ္ေနရရွာတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးကလည္း ခိုင္နွင္းေဝရဲ့ သားသမီးေလးေတြ ေနေကာင္းက်န္းမာလာေစဖို့ ဆုေတာင္းေပးၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Khine Hnin Wai ‘s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ဂေဟာက ကလေးတွေနေမကောင်းတဲ့အပြင် (၃)လအရွယ်သမီးလေးကိုလည်း အရေးပေါ်ဆေးရုံတင်လိုက်ရတာကြောင့် သောကဖြစ်နေရရှာတဲ့ ခိုင်နှင်းဝေ

မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ အနုပညာလုပ်ငန်းတွေနဲ့အတူတူ အများအကျိုးအတွက် ပရဟိတလုပ်ငန်းတွေကို စိတ်ရောကိုယ်ပါနစ်ပြီး လုပ်ဆောင်လာတာ နှစ်ပေါင်းအတော်ကြာနေပြီပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေပရဟိတအသင်းနဲ့ ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာကို တည်ထောင်ဦးစီးနေတဲ့ ခိုင်နှင်းဝေက အလုပ်တွေများစွာကို ဦးစီးလုပ်ကိုင်နေရသူပီပီ ဝန်တွေများစွာကို ထမ်းဆောင်ထားရသူတစ်ယောက်ဆိုလည်း မမှားပါဘူး။ ဒီကနေ့မှာလည်း ခိုင်နှင်းဝေက သူမရဲ့ သားသမီးတွေ နေထိုင်မကောင်းဖြစ်နေတာကြောင့် သောကဖြစ်နေရရှာတာပဲ ဖြစ်ပါတယ်။

ခိုင်နှင်းဝေက “ကျွန်မရဲ့ (၃)လ သမီးလေး “ခိုင်ဆုရည်မေ” ညက အဖျားတွေ တက်လာတဲ့အတွက် အရေးပေါ် ဆေးရုံ တင်ထားရပါတယ်ရှင်။ သီးသန့်စောင့်ကြည့်ခန်းထဲထားပြီး ရောဂါ အခြေအနေ စစ်ဆေးနေပါတယ်။ သမီးလေး အမြန် နေကောင်းအောင် ဆုတောင်း မေတ္တာ ပို့သပေးကြပါဦးရှင်🙏🙏🙏” ဆိုပြီး စိုးရိမ်ပူပန်မှုတွေများစွာနဲ့ ပရိသတ်တွေကို အားကိုးရှာနေတာကို တွေ့ရပါတယ်။

ခိုင်နှင်းဝေကတော့ သူမရဲ့ ဂေဟာက ကလေးတွေကလည်း နေမကောင်းတဲ့အပြင် (၃)လအရွယ်သမီးလေးကိုလည်း အရေးပေါ်ဆေးရုံတင်လိုက်ရတာကြောင့် သောကဖြစ်နေရရှာတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း ခိုင်နှင်းဝေရဲ့ သားသမီးလေးတွေ နေကောင်းကျန်းမာလာစေဖို့ ဆုတောင်းပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Khine Hnin Wai ‘s fb
Bilie – Cele Connections