


 

ယူနီကုဒ်ဖြင့်ဖတ်ရန်

အချစ်ဆုံးငယ်သူငယ်ချင်း သူရိန်တို့ဇနီးမောင်နှံရဲ့ Live Sale မှာ အမေ့အတွက် လက်ဝတ်ရတနာတွေများစွာဝယ်ယူပြီး အားပေးဝန်းရံခဲ့တဲ့ ဝတ်မှုံရွှေရည်

နိုင်ငံကျော် မင်းသမီးတစ်ယောက်ဖြစ်တဲ့ ဝတ်မှုံရွှေရည်ကတော့ အသက်သုံးဆယ်ကျော်အရွယ်ရောက်နေပြီး အိမ်ထောင်ပြုသင့်တဲ့အရွယ်ဆိုပေမယ့် တစ်ကိုယ်တည်း အပျိုကြီးဘဝနဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့သာ အချိန်တွေကုန်ဆုံးနေလျက်ရှိတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ဝတ်မှုံရွှေရည်ကို အိမ်ထောင်မပြုပဲ တစ်ကိုယ်တည်းနေနေတာပဲ မြင်ချင်တာကြောင့် ဝတ်မှုံရွှေရည်က လက်ရှိအချိန်ထိ အိမ်ထောင်ပြုမယ့် အစီအစဉ်မရှိသေးဘူးလို့ သူမရဲ့ အင်တာဗျူးဗီဒီယိုမှာ ဖြေကြားထားတာပဲ ဖြစ်ပါတယ်။

တစ်ကိုယ်တည်း Single တစ်ယောက်ပီပီ သူငယ်ချင်းတွေအပေါ် သံယောဇဉ်ရှိပြီး အရမ်းချစ်တတ်တဲ့ ဝတ်မှုံရွှေရည်က သူမရဲ့ ငယ်သူငယ်ချင်းဖြစ်တဲ့ Blogger သူရိန်ကျော်မိုးတို့ ဇနီးမောင်နှံနဲ့လည်း ခရီးတွေအတူသွားရင်း သွားအတူ၊ စားအတူချစ်ကြတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း ဝတ်မှုံရွှေရည်က အချစ်ဆုံးသူငယ်ချင်း သူရိန်နဲ့ ခရစ္စတီးနားတို့ရဲ့ Live Sale မှာ ပုလဲနားကပ်တွေ ဝယ်ယူပြီး ဝန်းရံအားပေးခဲ့တာကို တွေ့ရပါတယ်။

ဝတ်မှုံရွှေရည်ကတော့ သူရိန်ကျော်မိုးနဲ့ အထက(၂) ကမာရွတ်မှာ အတူတူ ကျောင်းတက်ခဲ့တဲ့ ငယ်သူငယ်ချင်းတွေဖြစ်ပြီး သူရိန်ရဲ့ဇနီး ခရစ္စတီးနားနဲ့လည်း ညီအစ်မတွေလို ခင်မင်ရင်းနှီးကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သူငယ်ချင်းကောင်းပီသတဲ့ ဝတ်မှုံရွှေရည်ရဲ့ စိတ်ဓာတ်လေးကို ပိုလို့တောင် ချစ်သွားကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Christina Lim’s fb
Bilie – Cele Connections