


Source: K Nyi’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

တိုင်းသိပြည်သိ အနုပညာရှင်တွေဆိုတာကို ခတ္တမေ့ထားပြီး စိတ်လွတ်ကိုယ်လွတ်နဲ့ သီချင်းဆိုပျော်ရွှင်နေကြတဲ့ မြင့်မြတ်၊ ခင်လှိုင်၊ K ညီနဲ့ ထူးခြား

နိုင်ငံကျော် အနုပညာရှင်တွေဖြစ်ကြတဲ့ မြင့်မြတ်၊ ခင်လှိုင်၊ K ညီနဲ့ ထူးခြားတို့ကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ အပေးအယူမျှမျှနဲ့ အတွဲညီညီ သရုပ်ဆောင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ မြင့်မြတ်၊ ခင်လှိုင်၊ K ညီနဲ့ ထူးခြား တို့က ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေများစွာမှာ အတူတူ တွဲဖက်သရုပ်ဆောင်ခဲ့ကြသလို အပြင်မှာလည်း တစ်ယောက်နဲ့တစ်ယောက် ညီအစ်ကိုလို၊ သူငယ်ချင်းလို ချစ်ကြတာပဲ ဖြစ်ပါတယ်။

ခင်မင်ရင်းနှီးကြသလို အလုပ်လုပ်တဲ့ နယ်ပယ်ချင်းလည်းတူညီကြတဲ့ မြင့်မြတ်၊ ခင်လှိုင်၊ K ညီနဲ့ ထူးခြားတို့က မကြာခဏဆိုသလို ဆုံတွေ့ကြတာပဲ ဖြစ်ပါတယ်။ မနေ့က နိုဝင်ဘာလ (၁၅) ရက်နေ့မှာလည်း မြင့်မြတ်၊ ခင်လှိုင်၊ K ညီနဲ့ ထူးခြားတို့က မြင့်မြတ်ရဲ့ နေအိမ်မှာ သောက်သောက်စားစားနဲ့ ပျော်ရွှင်ခဲ့ကြတာကို အခုလိုပဲ တွေ့ရပါတယ်။

မြင့်မြတ်၊ ခင်လှိုင်၊ K ညီနဲ့ ထူးခြားတို့ကတော့ သူတို့ကိုယ်သူတို့ တိုင်းသိပြည်သိ အနုပညာရှင်တွေဆိုတာကို မေ့ထားပြီး စိတ်လွတ်ကိုယ်လွတ်နဲ့ ပျော်ရွှင်နေကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မြင့်မြတ်တို့ကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ်ဆိုတာ သေချာပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: K Nyi’s fb
Bilie – Cele Connections