သရုပ္ေဆာင္၊ အဆိုေတာ္ စည္ျဖိဳးကေတာ့ တိုင္းသိျပည္သိ အနုပညာရွင္တစ္ေယာက္ျဖစ္ေပမယ့္ သူ့ရဲ့ ကိုယ္ေရးကိုယ္တာနဲ့ ပက္သတ္ရင္ ပရိသတ္ေတြကို ဖံုးကြယ္လွ်ိဳ့ဝွက္ထားျခင္းမရိွသူတစ္ေယာက္ ျဖစ္ပါတယ္။ စည္ျဖိဳးက သူ့ရဲ့ခ်စ္သူ ခင္လႊမ္းနဲ့ ခ်စ္သူဘဝမွာပဲ ရင္ေသြးေလးရရိွခဲ့တာကိုလည္း ပြင့္႔ပြင့္လင္းလင္းေျပာျပခဲ့ျပီး နွစ္ဖက္မိဘ သေဘာတူၾကည္ျဖဴစြာနဲ့ လက္ထပ္ခဲ့တာပဲ ျဖစ္ပါတယ္။ စည္ျဖိဳးနဲ့ ခင္လႊမ္းတို့ နွစ္ေယာက္စလံုးက အနုပညာရွင္ေတြျဖစ္ၾကလို့ ပရိသတ္ေတြက သူတို့နွစ္ေယာက္ရဲ့ အိမ္ေထာင္ေရးကို စိတ္ဝင္တစားရိွေနၾကတာပဲ ျဖစ္ပါတယ္။

အခုဆိုရင္ ၾကင္စဦးဇနီးေမာင္နွံဘဝေလးကို ျဖတ္သန္းေနျပီျဖစ္တဲ့ စည္ျဖိဳးက ဒီကေန့မွာေတာ့ လူပ်ိဳဘဝလို မလြတ္လပ္ေတာ့ေပမယ့္ ခ်စ္ဇနီးခင္လႊမ္း စိတ္ခ်မ္းသာေအာင္ လိုက္ေရာေပးေနရေၾကာင္း အခုလိုပဲ ေျပာျပလာပါတယ္။ “တစ္ေရးနိုးျပီး သူအိမ္မက္တာေတြထေျပာေနတယ္ နားေထာင္ရေသး စိတ္ထဲေတာ့ မနက္မွေျပာေလ ေပါ့” ဆိုျပီး လူပ်ိဳတုန္းကလို တစ္ေယာက္တည္း လြတ္လြတ္လပ္လပ္မဟုတ္ေတာ့ေပမယ့္ သူ့ရဲ့ဆႏၵထက္ ခင္လႊမ္းရဲ့ ဆႏၵကို ဦးစားေပးေနရေၾကာင္း ေျပာျပလာတာ ျဖစ္ပါတယ္။

စည္ျဖိုးကေတာ့ သူ့ရဲ့ ရင္ေသြးေလးကို လြယ္ေဆာင္ထားရတဲ့ ခ်စ္ဇနီးခင္လႊမ္းကို စိတ္ခ်မ္းသာ ကိုယ္က်န္းမာေအာင္ ဂရုစိုက္ေပးေနတဲ့ ခင္ပြန္းေကာင္းတစ္ေယာက္ပဲ ျဖစ္ပါတယ္။ စည္ျဖိဳးနဲ့ ခင္လႊမ္းတို့ ဇနီးေမာင္နွံနွစ္ေယာက္စလံုး အျမဲတမ္း အခုလိုပဲ ခ်စ္ခင္ေပ်ာ္ရႊင္နိုင္ပါေစေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Si Phyo’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

အိမ်ထောင်ကျပြီး လူပျိုဘဝလို မလွတ်လပ်တော့ပေမယ့် သူ့ရဲ့ဆန္ဒထက် ချစ်ဇနီးခင်လွှမ်းရဲ့ဆန္ဒကိုသာဦးစားပေးနေတဲ့ စည်ဖြိုး

သရုပ်ဆောင်၊ အဆိုတော် စည်ဖြိုးကတော့ တိုင်းသိပြည်သိ အနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့် သူ့ရဲ့ ကိုယ်ရေးကိုယ်တာနဲ့ ပက်သတ်ရင် ပရိသတ်တွေကို ဖုံးကွယ်လျှို့ဝှက်ထားခြင်းမရှိသူတစ်ယောက် ဖြစ်ပါတယ်။ စည်ဖြိုးက သူ့ရဲ့ချစ်သူ ခင်လွှမ်းနဲ့ ချစ်သူဘဝမှာပဲ ရင်သွေးလေးရရှိခဲ့တာကိုလည်း ပွင့့်ပွင့်လင်းလင်းပြောပြခဲ့ပြီး နှစ်ဖက်မိဘ သဘောတူကြည်ဖြူစွာနဲ့ လက်ထပ်ခဲ့တာပဲ ဖြစ်ပါတယ်။ စည်ဖြိုးနဲ့ ခင်လွှမ်းတို့ နှစ်ယောက်စလုံးက အနုပညာရှင်တွေဖြစ်ကြလို့ ပရိသတ်တွေက သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးကို စိတ်ဝင်တစားရှိနေကြတာပဲ ဖြစ်ပါတယ်။

အခုဆိုရင် ကြင်စဦးဇနီးမောင်နှံဘဝလေးကို ဖြတ်သန်းနေပြီဖြစ်တဲ့ စည်ဖြိုးက ဒီကနေ့မှာတော့ လူပျိုဘဝလို မလွတ်လပ်တော့ပေမယ့် ချစ်ဇနီးခင်လွှမ်း စိတ်ချမ်းသာအောင် လိုက်ရောပေးနေရကြောင်း အခုလိုပဲ ပြောပြလာပါတယ်။ “တစ်ရေးနိုးပြီး သူအိမ်မက်တာတွေထပြောနေတယ် နားထောင်ရသေး စိတ်ထဲတော့ မနက်မှပြောလေ ပေါ့” ဆိုပြီး လူပျိုတုန်းကလို တစ်ယောက်တည်း လွတ်လွတ်လပ်လပ်မဟုတ်တော့ပေမယ့် သူ့ရဲ့ဆန္ဒထက် ခင်လွှမ်းရဲ့ ဆန္ဒကို ဦးစားပေးနေရကြောင်း ပြောပြလာတာ ဖြစ်ပါတယ်။

စည်ဖြိုးကတော့ သူ့ရဲ့ ရင်သွေးလေးကို လွယ်ဆောင်ထားရတဲ့ ချစ်ဇနီးခင်လွှမ်းကို စိတ်ချမ်းသာ ကိုယ်ကျန်းမာအောင် ဂရုစိုက်ပေးနေတဲ့ ခင်ပွန်းကောင်းတစ်ယောက်ပဲ ဖြစ်ပါတယ်။ စည်ဖြိုးနဲ့ ခင်လွှမ်းတို့ ဇနီးမောင်နှံနှစ်ယောက်စလုံး အမြဲတမ်း အခုလိုပဲ ချစ်ခင်ပျော်ရွှင်နိုင်ပါစေနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Si Phyo’s fb
Bilie – Cele Connections