


Source: Htoo Khant’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

စည်းကမ်းချက်တွေထုတ်ထားပေမယ့် ခင်ပွန်းသည်အိမ်ဦးနတ်အပေါ် အလိုလိုက်လွန်းတဲ့ ချစ်ဇနီးရွှေမှုံရတီအကြောင်း ဂုဏ်ယူစွာပြသလာတဲ့ ရွှေထူး

ရွှေထူးနဲ့ ရွှေမှုံရတီကတော့ ရွှေနှစ်ရွှေလို့ တင်စားရတဲ့အထိ အနုပညာရှင်စုံတွဲထဲမှာ နာမည်အကြီးဆုံးနဲ့ တစ်ယောက်ကိုတစ်ယောက် နှစ်နှစ်ကာကာချစ်ကြတဲ့ စုံတွဲလေးပဲ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီက စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အိမ်ထောင်ရေးကို တူနှစ်ကိုယ်ပုံဖော်ထားပြီး ရှေ့ဆက်နေကြတာပဲ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီက သူတို့ရဲ့ အိမ်ထောင်တစ်ခုကိုလည်း သာယာဖွယ်ဖြစ်အောင် တည်ဆာက်ထားသလို အနုပညာဘက်မှာလည်း အားလျော့သွားခြင်းမရှိအောင် ကြိုးစားနေကြတဲ့ လူငယ်ဇနီးမောင်နှံပဲ ဖြစ်ပါတယ်။

ရွှေထူးကတော့ သူ့ထက်ငယ်တဲ့ ရွှေမှုံရတီကို ရရှိပိုင်ဆိုင်ထားပေမယ့် ချစ်ဇနီးကို အရမ်းချစ်ပြီး ကြောက်ရတယ်လို့ အင်တာဗျူးတွေမှာ ပွင့်ပွင့်လင်းလင်းပြောဆိုထားတာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ရွှေထူးက ဂိမ်းဆော့ဖို့ ခွင့်ပြုပေးတဲ့အပြင် သူနဲ့အတူတူ ဂိမ်းဆော့ပေးတဲ့ ချစ်ဇနီးလေး ရွှေမှုံရတီရဲ့ အလိုလိုက်ပုံအကြောင်းကို ဂုဏ်ယူစွာနဲ့ သူ့ရဲ့ ဖေ့စ်ဘုတ် My Day မှာ အခုလိုပဲ ပြောပြလာခဲ့ပါတယ်။

ရွှေထူးကတော့ သူ့အပေါ်ကို စည်းကမ်းတွေထားပေမယ့်လည်း သူ့အပေါ်ကို ဂရုစိုက် အလိုလိုက်တဲ့ ချစ်ဇနီးလေးကို ပိုင်ဆိုင်ထားတာ အရမ်းကံကောင်းတာပဲနော်။ ပရိသတ်ကြီးလည်း ရွှေမှုံလေးက ရွှေထူးကို ဘယ်လောက်ချစ်ပြီး အလိုလိုက်တယ်ဆိုတာ သိသွားမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Htoo Khant’s fb
Bilie – Cele Connections