သြက္လက္ခ်က္ခ်ာျပီး ခ်စ္စရာေကာင္းလြန္းတဲ့ ေနျခည္ဦးကေတာ့ တစ္နုိင္ငံလံုးက မိန္းကေလးပရိသတ္ေတြရဲ့ ခ်စ္ခင္အားေပးမႈကို အျပည့္အဝရရိွပိုင္ဆုိင္ထားတာပဲ ျဖစ္ပါတယ္။ ေနျခည္ဦးက Beauty Blogger တစ္ေယာက္အျဖစ္ကေန ရုပ္ရွင္သရုပ္ေဆာင္အျဖစ္ပါ ေအာင္ျမင္လာခဲ့ျပီး “ရန္သူ”၊ “ဧည့္သည္”၊ “ပုရိသ”၊ “အခမ္းနားဆံုးေမတၱာ” စတဲ့ ရုပ္ရွင္ဇာတ္ကားၾကီးေတြအျပင္ “အိပ္မက္ေတြမိုးထားတဲ့အိမ္” ဇာတ္လမ္းတြဲမွာလည္း ဝါရင့္သရုပ္ေဆာင္ေတြနဲ့အျပိဳင္ ပါဝင္သရုပ္ေဆာင္နိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း ေနျခည္တစ္ေယာက္ တက္သစ္စသရုပ္ေဆာင္တစ္ေယာက္ျဖစ္ေပမယ့္ သူမရဲ့ ကြ်မ္းက်င္လိမၼာတဲ့ အိုက္တင္အမူအယာေလးေတြေၾကာင့္ ရံုျပည့္ရံုလွ်ံတဲ့အထိ အားေပးၾကတာပဲ ျဖစ္ပါတယ္။

ဒီကေန့မွာေတာ့ ေနျခည္ဦးက သူမရဲ့ ရံုတင္ျပီးသား ရုပ္ရွင္ဇာတ္ကားေတြျဖစ္တဲ့ “ပုရိသ”၊ “အခမ္းနားဆံုးေမတၱာ” နဲ့ “အိပ္မက္ေတြမိုးထားတဲ့အိမ္” ဇာတ္လမ္းတြဲ ဇာတ္ဝင္ခန္း ရိုက္ကြင္းေနာက္ကြယ္ကအမွတ္တရေလးေတြကိုခ်ျပရင္း “Producers မ်ား တင္ခြင့္ျပဳပါေနာ္။ ႐ုံတင္ၿပီးသား ကားေလးေတြရဲ႕ BTS ေလးေတြပါ။ ဖုန္းထဲမွာ ေတြ႕လိုက္ေတာ့ ႐ုပ္ရွင္႐ုံေတြ အရမ္းလြမ္းသြားလို႔ပါ 😭😭😭😞😞 ဘယ္ကားထဲက BTS ေလးေတြလဲ chillies ??” ဆိုျပီး သူမရဲ့ ပရိသတ္ေတြကို ေမးခြန္းထုတ္လာခဲ့ပါတယ္။

ေနျခည္ဦးကေတာ့ ရုပ္ရွင္ဇာတ္ကားသစ္ေတြ ဆက္လက္ရိုက္ကူးဖို့ စာခ်ဳပ္ခ်ဳပ္ဆိုထားတာေတြရိွေပမယ့္ ကပ္ေရာဂါအေျခအေနေတြေၾကာင့္ ေၾကာ္ျငာနဲ့ သီခ်င္း MV စတဲ့ ေပါ့ေပါ့ပါးပါး အနုပညာလႈပ္ရွားမႈေတြကိုသာ လုပ္ကိုင္ေနလ်က္ရိွတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးကလည္း ေနျခည့္ရဲ့ ေနာက္ထပ္ အနုပညာလႈပ္ရွားမႈေတြကို ေစာင့္ၾကည့္အားေပးၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Nay Chi Oo’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

သူမရိုက်ကူးခဲ့သမျှ ဇာတ်ကားတွေရဲ့ ရိုက်ကွင်းနောက်ကွယ်ကအမှတ်တရလေးတွေကိုချပြရင်း ပရိသတ်တွေကို မေးခွန်းထုတ်လာခဲ့တဲ့ နေခြည်ဦး

သွက်လက်ချက်ချာပြီး ချစ်စရာကောင်းလွန်းတဲ့ နေခြည်ဦးကတော့ တစ်နိုင်ငံလုံးက မိန်းကလေးပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ နေခြည်ဦးက Beauty Blogger တစ်ယောက်အဖြစ်ကနေ ရုပ်ရှင်သရုပ်ဆောင်အဖြစ်ပါ အောင်မြင်လာခဲ့ပြီး “ရန်သူ”၊ “ဧည့်သည်”၊ “ပုရိသ”၊ “အခမ်းနားဆုံးမေတ္တာ” စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေအပြင် “အိပ်မက်တွေမိုးထားတဲ့အိမ်” ဇာတ်လမ်းတွဲမှာလည်း ဝါရင့်သရုပ်ဆောင်တွေနဲ့အပြိုင် ပါဝင်သရုပ်ဆောင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း နေခြည်တစ်ယောက် တက်သစ်စသရုပ်ဆောင်တစ်ယောက်ဖြစ်ပေမယ့် သူမရဲ့ ကျွမ်းကျင်လိမ္မာတဲ့ အိုက်တင်အမူအယာလေးတွေကြောင့် ရုံပြည့်ရုံလျှံတဲ့အထိ အားပေးကြတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ နေခြည်ဦးက သူမရဲ့ ရုံတင်ပြီးသား ရုပ်ရှင်ဇာတ်ကားတွေဖြစ်တဲ့ “ပုရိသ”၊ “အခမ်းနားဆုံးမေတ္တာ” နဲ့ “အိပ်မက်တွေမိုးထားတဲ့အိမ်” ဇာတ်လမ်းတွဲ ဇာတ်ဝင်ခန်း ရိုက်ကွင်းနောက်ကွယ်ကအမှတ်တရလေးတွေကိုချပြရင်း “Producers များ တင်ခွင့်ပြုပါနော်။ ရုံတင်ပြီးသား ကားလေးတွေရဲ့ BTS လေးတွေပါ။ ဖုန်းထဲမှာ တွေ့လိုက်တော့ ရုပ်ရှင်ရုံတွေ အရမ်းလွမ်းသွားလို့ပါ 😭😭😭😞😞 ဘယ်ကားထဲက BTS လေးတွေလဲ chillies ??” ဆိုပြီး သူမရဲ့ ပရိသတ်တွေကို မေးခွန်းထုတ်လာခဲ့ပါတယ်။

နေခြည်ဦးကတော့ ရုပ်ရှင်ဇာတ်ကားသစ်တွေ ဆက်လက်ရိုက်ကူးဖို့ စာချုပ်ချုပ်ဆိုထားတာတွေရှိပေမယ့် ကပ်ရောဂါအခြေအနေတွေကြောင့် ကြော်ငြာနဲ့ သီချင်း MV စတဲ့ ပေါ့ပေါ့ပါးပါး အနုပညာလှုပ်ရှားမှုတွေကိုသာ လုပ်ကိုင်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း နေခြည့်ရဲ့ နောက်ထပ် အနုပညာလှုပ်ရှားမှုတွေကို စောင့်ကြည့်အားပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Nay Chi Oo’s fb
Bilie – Cele Connections