ရခုိင္တိုင္းရင္းသားတစ္ေယာက္ျဖစ္တဲ့ မင္းသားေနတိုးကေတာ့ သရုပ္ေဆာင္ေကာင္းရံုတင္မကပဲ အနုပညာအေပၚ ခ်စ္ျမတ္နိုးျပီး ပရိသတ္ေတြကိုိ ေလးစားမႈရိွတာေၾကာင့္ ေအာင္ျမင္မႈကို နွစ္ေပါင္းအေတာ္ၾကာ ထိန္းသိမ္းထားနိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ ေနတိုးက လက္ရိွမွာေတာ့ (၃၉) နွစ္ေက်ာ္ဆိုတဲ့ အရြယ္ကိုေရာက္ရိွေနျပီဆိုေပမယ့္ ရုပ္ရွင္ဇာတ္ကားၾကီးေတြမွာ အေရးပါတဲ့ ဇာတ္ေကာင္ေနရာကေန ဦးေဆာင္ေနဆဲ ျဖစ္ပါတယ္။ ေနတိုးကလည္း သူ့ကိုကမ္းလွမ္းသမွ် ရုပ္ရွင္ဇာတ္ကားတိုင္းကို မရိုက္ကူးျဖစ္ေတာ့ပဲ သူ့ရဲ့ အသက္အရြယ္နဲ့ လိုက္ဖက္မႈရိွတဲ့ ဇာတ္ကားေတြကိုသာ စိစစ္ေရြးခ်ယ္ျပီး ရိုက္ကူးေနတာ ျဖစ္ပါတယ္။

လက္ရိွမွာေတာ့ ရုပ္ရွင္ဇာတ္ကားရိုက္ကူးျခင္းေတြကို ရပ္နားထားတဲ့ ေနတိုးကေတာ့ Youtube Channel တစ္ခုကို ဖြင့္လွစ္ထားျပီး ပရိသတ္ေတြအတြက္ မၾကာခဏ Live လႊင့္ေပးျခင္းတို့ကို ျပဳလုပ္ေပးေနတာပဲ ျဖစ္ပါတယ္။ မေန့က နိုဝင္ဘာလ (၁၄) ရက္ေန့မွာလည္း ေနတိုးက သူကိုယ္တိုင္ ေရးသားထားတဲ့ “မွင္စြန္းေနတဲ့လက္သန္း” ဆိုတဲ့ ကဗ်ာေလးကို ရြတ္ျပခဲ့ျပီး သူ့ဘဝတစ္ေလွ်ာက္မွာ ျဖတ္သန္းခဲ့ရတဲ့အေၾကာင္းအရာေတြနဲ့ ေမတၱာတရားအေၾကာင္းကို အေလးအနက္ ရွင္းျပလာခဲ့တာ အခုလိုပဲ ေတြ့ရပါတယ္။

ေနတိုးကေတာ့ သူ့ကို လြမ္းေနၾကတဲ့ ပရိသတ္ေတြအတြက္ ဗီဒီယိုေလးေတြကို တင္ဆက္ေပးရင္း ေန့စဥ္ေန့တိုင္းလိုလို ထိေတြ့နိုင္ဖို့ ၾကိဳးစားေနတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ေနတိုးရဲ့ ဗီဒီယိုေလးကိုၾကည့္ျပီး ေက်နပ္ၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Nay Toe’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ပရိသတ်တွေအတွက် သူကိုယ်တိုင်ရေးသားထားတဲ့ ကဗျာလေးကိုဖတ်ပြရင်း မေတ္တာတရားအကြောင်းကို အလေးအနက်ရှင်းပြလာခဲ့တဲ့ နေတိုးရဲ့ Live ဗီဒီယို

ရခိုင်တိုင်းရင်းသားတစ်ယောက်ဖြစ်တဲ့ မင်းသားနေတိုးကတော့ သရုပ်ဆောင်ကောင်းရုံတင်မကပဲ အနုပညာအပေါ် ချစ်မြတ်နိုးပြီး ပရိသတ်တွေကို လေးစားမှုရှိတာကြောင့် အောင်မြင်မှုကို နှစ်ပေါင်းအတော်ကြာ ထိန်းသိမ်းထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ နေတိုးက လက်ရှိမှာတော့ (၃၉) နှစ်ကျော်ဆိုတဲ့ အရွယ်ကိုရောက်ရှိနေပြီဆိုပေမယ့် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ အရေးပါတဲ့ ဇာတ်ကောင်နေရာကနေ ဦးဆောင်နေဆဲ ဖြစ်ပါတယ်။ နေတိုးကလည်း သူ့ကိုကမ်းလှမ်းသမျှ ရုပ်ရှင်ဇာတ်ကားတိုင်းကို မရိုက်ကူးဖြစ်တော့ပဲ သူ့ရဲ့ အသက်အရွယ်နဲ့ လိုက်ဖက်မှုရှိတဲ့ ဇာတ်ကားတွေကိုသာ စိစစ်ရွေးချယ်ပြီး ရိုက်ကူးနေတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားရိုက်ကူးခြင်းတွေကို ရပ်နားထားတဲ့ နေတိုးကတော့ Youtube Channel တစ်ခုကို ဖွင့်လှစ်ထားပြီး ပရိသတ်တွေအတွက် မကြာခဏ Live လွှင့်ပေးခြင်းတို့ကို ပြုလုပ်ပေးနေတာပဲ ဖြစ်ပါတယ်။ မနေ့က နိုဝင်ဘာလ (၁၄) ရက်နေ့မှာလည်း နေတိုးက သူကိုယ်တိုင် ရေးသားထားတဲ့ “မှင်စွန်းနေတဲ့လက်သန်း” ဆိုတဲ့ ကဗျာလေးကို ရွတ်ပြခဲ့ပြီး သူ့ဘဝတစ်လျှောက်မှာ ဖြတ်သန်းခဲ့ရတဲ့အကြောင်းအရာတွေနဲ့ မေတ္တာတရားအကြောင်းကို အလေးအနက် ရှင်းပြလာခဲ့တာ အခုလိုပဲ တွေ့ရပါတယ်။

နေတိုးကတော့ သူ့ကို လွမ်းနေကြတဲ့ ပရိသတ်တွေအတွက် ဗီဒီယိုလေးတွေကို တင်ဆက်ပေးရင်း နေ့စဉ်နေ့တိုင်းလိုလို ထိတွေ့နိုင်ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေတိုးရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး ကျေနပ်ကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Nay Toe’s fb
Bilie – Cele Connections