ေတးေရး ဟသၤာတျမင့္ေငြရဲ့ ဂီတအေမြအနွစ္ကို ဆက္ခံထားၾကတဲ့ အဆိုေတာ္ ျဖိဳးၾကီးနဲ့ ယုဇနတို့ ေမာင္နွမနွစ္ေယာက္စလံုးကေတာ့ သီခ်င္းေကာင္းေလးေတြကို သီဆိုရင္း ပရိသတ္အားေပးမႈကို ရရိွပိုင္ဆိုင္ခဲ့ၾကသူမ်ား ျဖစ္ပါတယ္။ ျဖိဳးၾကီးကလည္း ဒီေန့ဒီအခ်ိန္ထိ အနုပညာအလုပ္ေတြကို လုပ္ကိုင္ေနသလို ယုဇနကလည္း သူမဝါသနာပါရာ အနုပညာလမ္းေၾကာင္းမွာ ခင္ပြန္းျဖစ္သူနဲ့အတူတူ ေလွ်ာက္လွမ္းေနဆဲ ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ ယုဇနက ျပီးခဲ့တဲ့ရက္ပိုင္းက ရန္ကုန္တကၠသိုလ္ နွစ္ (၁၀၀) ျပည့္ ဂုဏ္ျပဳပြဲမွာ သီဆိုခဲ့တဲ့ “ေက်ာင္းဖြင့္ခ်ိန္” သီခ်င္းေလးနဲ့ ပက္သတ္ျပီး မူရင္းအဆိုေတာ္ ေအးခ်မ္းေမကိုယ္တုိင္က ခ်ီးက်ဴးအားေပးစကားေျပာလာေၾကာင္း အခုလိုပဲ ေျပာျပလာခဲ့ပါတယ္။

“ရင္ေတြခုန္ၿပီးအရမ္းကိုေပ်ာ္တယ္💓 ကိုယ္အရမ္းႀကိဳက္ရတဲ့အဆိုရွင္ မေအးခ်မ္းေမ ကိုယ္တိုင္ အားေပးစကားလာေျပာေပးသြားေတာ့ ေပ်ာ္လိုက္တာမရယ္၊ ယု မရဲ႕ေက်ာင္းဖြင့္ခ်ိန္ သီခ်င္းေလးကိုအရမ္းတန္ဖိုးထားၿပီး ႀကိဳးစားသီဆိုခဲ့ပါတယ္၊ လိုအပ္ခ်က္ေလးေတြရွိခဲ့ရင္လည္း ခြင့္လႊတ္ၿပီးအားေပးစကားေလးလာေျပာေပးသြားလို႔ အရမ္းခ်စ္ၿပီးေလးစားလွ်က္ပါမမရယ္ 🎶🎵🎶💓” ဆိုျပီး အရမ္းၾကိဳက္ရတဲ့ အဆိုေတာ္ ေအးခ်မ္းေမဆီက အားေပးစကားေလး ၾကားခဲ့ရလို့ ဝမ္းသာေၾကာင္း ေျပာျပလာခဲ့ပါတယ္။

ေအးခ်မ္းေမကလည္း စီနီယာအဆိုေတာ္ၾကီးတစ္ေယာက္ပီပီ ဂ်ဴနီယာေတြရဲ့ သီဆိုမႈအေပၚ ခ်ီးက်ဴးအားေပးတတ္တဲ့ စိတ္ထားေလးက အရမ္းေလးစားဖို့ ေကာင္းလွပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Yuzana Mn’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

“ကျောင်းဖွင့်ချိန်” သီချင်းလေးနဲ့ ပက်သတ်ပြီး မူရင်းအဆိုတော် အေးချမ်းမေကိုယ်တိုင်က ချီးကျူးအားပေးစကားပြောလာလို့ ဝမ်းသာခဲ့ရတဲ့ ယုဇန

တေးရေး ဟင်္သာတမြင့်ငွေရဲ့ ဂီတအမွေအနှစ်ကို ဆက်ခံထားကြတဲ့ အဆိုတော် ဖြိုးကြီးနဲ့ ယုဇနတို့ မောင်နှမနှစ်ယောက်စလုံးကတော့ သီချင်းကောင်းလေးတွေကို သီဆိုရင်း ပရိသတ်အားပေးမှုကို ရရှိပိုင်ဆိုင်ခဲ့ကြသူများ ဖြစ်ပါတယ်။ ဖြိုးကြီးကလည်း ဒီနေ့ဒီအချိန်ထိ အနုပညာအလုပ်တွေကို လုပ်ကိုင်နေသလို ယုဇနကလည်း သူမဝါသနာပါရာ အနုပညာလမ်းကြောင်းမှာ ခင်ပွန်းဖြစ်သူနဲ့အတူတူ လျှောက်လှမ်းနေဆဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ယုဇနက ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် ဂုဏ်ပြုပွဲမှာ သီဆိုခဲ့တဲ့ “ကျောင်းဖွင့်ချိန်” သီချင်းလေးနဲ့ ပက်သတ်ပြီး မူရင်းအဆိုတော် အေးချမ်းမေကိုယ်တိုင်က ချီးကျူးအားပေးစကားပြောလာကြောင်း အခုလိုပဲ ပြောပြလာခဲ့ပါတယ်။

“ရင်တွေခုန်ပြီးအရမ်းကိုပျော်တယ်💓 ကိုယ်အရမ်းကြိုက်ရတဲ့အဆိုရှင် မအေးချမ်းမေ ကိုယ်တိုင် အားပေးစကားလာပြောပေးသွားတော့ ပျော်လိုက်တာမရယ်၊ ယု မရဲ့ကျောင်းဖွင့်ချိန် သီချင်းလေးကိုအရမ်းတန်ဖိုးထားပြီး ကြိုးစားသီဆိုခဲ့ပါတယ်၊ လိုအပ်ချက်လေးတွေရှိခဲ့ရင်လည်း ခွင့်လွှတ်ပြီးအားပေးစကားလေးလာပြောပေးသွားလို့ အရမ်းချစ်ပြီးလေးစားလျှက်ပါမမရယ် 🎶🎵🎶💓” ဆိုပြီး အရမ်းကြိုက်ရတဲ့ အဆိုတော် အေးချမ်းမေဆီက အားပေးစကားလေး ကြားခဲ့ရလို့ ဝမ်းသာကြောင်း ပြောပြလာခဲ့ပါတယ်။

အေးချမ်းမေကလည်း စီနီယာအဆိုတော်ကြီးတစ်ယောက်ပီပီ ဂျူနီယာတွေရဲ့ သီဆိုမှုအပေါ် ချီးကျူးအားပေးတတ်တဲ့ စိတ်ထားလေးက အရမ်းလေးစားဖို့ ကောင်းလှပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Yuzana Mn’s fb
Bilie – Cele Connections