ညႇိဳ႕မ်က္ဝန္းေတြနဲ႔ မိန္းကေလးေတြရဲ႕ အသည္းႏွလုံးကို လႊမ္းမိုးခ်ဳပ္ကိုင္ထားႏိုင္သူ ေဒါင္းကေတာ့ အားကစားသမားတစ္ေယာက္အျဖစ္ကေန အႏုပညာေလာကထဲကို ဝင္ေရာက္လာခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ ေဒါင္းကေတာ့ ႐ုပ္ရွင္နဲ႔ ဗီဒီယိုဇာတ္ကားေတြမ်ားစြာမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ေပမယ့္ “ပုဂံၿမိဳ႕သူ” ဇာတ္လမ္းတြဲမွာေတာ့ ပရိသတ္အာ႐ုံစိုက္မႈကို ပိုမိုရရွိခဲ့ၿပီး အားေပးမႈေတြ အမ်ားအျပားရရွိခဲ့တာပဲ ျဖစ္ပါတယ္။ ေဒါင္းကေတာ့ အခုဆိုရင္ ေအာင္ျမင္တဲ့ ထိပ္တန္းမင္းသားတစ္လက္အျဖစ္ ရပ္တည္ေနၿပီဆိုေပမယ့္ အႏုပညာလႈပ္ရွားမႈေတြကို ပုံမွန္နဲ႔ ပရိသတ္ေတြ ၾကည့္ရႈရက်ိဳးနပ္ေစဖို႔ကိုသာ ေ႐ြးခ်ယ္လုပ္ကိုင္ေနတာပဲ ျဖစ္ပါတယ္။

႐ုပ္ရည္ေခ်ာေမာသလို အေနတည္ၿပီး အၿမဲတမ္းေအးခ်မ္းစြာ ေတြ႕ရတတ္တဲ့ ေဒါင္းက အသက္သုံးဆယ္ေက်ာ္ လူငယ္တစ္ေယာက္ျဖစ္ေပမယ့္ ဘာသာေရးနဲ႔ ကုသိုလ္ေရးကို အထူးလိုက္စားသူတစ္ေယာက္ ျဖစ္ပါတယ္။ ဒီကေန႔မွာလည္း ေဒါင္းက သူ႔ရဲ႕ တစ္ေန႔တာကုသိုလ္ေလးျဖစ္တဲ့ ဆရာေတာ္ အရွင္ဆႏၵာဓိကနဲ႔အတူတူ ဒုတိယအႀကိမ္ေျမာက္ ေသြးလႉဒါန္း ကုသိုလ္ယူခဲ့တဲ့ ပီတိေလးကို သူ႔ရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ အခုလိုပဲ မွ်ေဝေပးထားပါတယ္။

ေဒါင္းကေတာ့ ဆရာေတာ္ႀကီး အရွင္ဆႏၵာဓိကနဲ႔အတူတူ ေသြးလႉဒါန္းရင္း ဆရာေတာ္ဆီကလည္း ေမတၱာလက္ေဆာင္ စာအုပ္ေလးတစ္အုပ္ကို လက္ေဆာင္ရရွိခဲ့ေၾကာင္း ၾကည္ႏူးပီတိျဖစ္စြာ ေျပာထားပါေသးတယ္။ ပရိသတ္ႀကီးလည္း ေဒါင္းရဲ႕ မြန္ျမတ္လွတဲ့ အလႉေလးကို ဝမ္းေျမာက္စြာ သာဓုေခၚဆိုေပးၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: DAUNG – ေဒါင္း’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ဘုန်းဘုန်းအရှင်ဆန္ဒာဓိကနဲ့အတူတူ ဒုတိယအကြိမ်မြောက် သွေးလှူဒါန်း ကုသိုလ်ယူခဲ့တဲ့ ဒေါင်း

ညှို့မျက်ဝန်းတွေနဲ့ မိန်းကလေးတွေရဲ့ အသည်းနှလုံးကို လွှမ်းမိုးချုပ်ကိုင်ထားနိုင်သူ ဒေါင်းကတော့ အားကစားသမားတစ်ယောက်အဖြစ်ကနေ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဒေါင်းကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပေမယ့် “ပုဂံမြို့သူ” ဇာတ်လမ်းတွဲမှာတော့ ပရိသတ်အာရုံစိုက်မှုကို ပိုမိုရရှိခဲ့ပြီး အားပေးမှုတွေ အများအပြားရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ဒေါင်းကတော့ အခုဆိုရင် အောင်မြင်တဲ့ ထိပ်တန်းမင်းသားတစ်လက်အဖြစ် ရပ်တည်နေပြီဆိုပေမယ့် အနုပညာလှုပ်ရှားမှုတွေကို ပုံမှန်နဲ့ ပရိသတ်တွေ ကြည့်ရှုရကျိုးနပ်စေဖို့ကိုသာ ရွေးချယ်လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

ရုပ်ရည်ချောမောသလို အနေတည်ပြီး အမြဲတမ်းအေးချမ်းစွာ တွေ့ရတတ်တဲ့ ဒေါင်းက အသက်သုံးဆယ်ကျော် လူငယ်တစ်ယောက်ဖြစ်ပေမယ့် ဘာသာရေးနဲ့ ကုသိုလ်ရေးကို အထူးလိုက်စားသူတစ်ယောက် ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ဒေါင်းက သူ့ရဲ့ တစ်နေ့တာကုသိုလ်လေးဖြစ်တဲ့ ဆရာတော် အရှင်ဆန္ဒာဓိကနဲ့အတူတူ ဒုတိယအကြိမ်မြောက် သွေးလှူဒါန်း ကုသိုလ်ယူခဲ့တဲ့ ပီတိလေးကို သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အခုလိုပဲ မျှဝေပေးထားပါတယ်။

ဒေါင်းကတော့ ဆရာတော်ကြီး အရှင်ဆန္ဒာဓိကနဲ့အတူတူ သွေးလှူဒါန်းရင်း ဆရာတော်ဆီကလည်း မေတ္တာလက်ဆောင် စာအုပ်လေးတစ်အုပ်ကို လက်ဆောင်ရရှိခဲ့ကြောင်း ကြည်နူးပီတိဖြစ်စွာ ပြောထားပါသေးတယ်။ ပရိသတ်ကြီးလည်း ဒေါင်းရဲ့ မွန်မြတ်လှတဲ့ အလှူလေးကို ဝမ်းမြောက်စွာ သာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: DAUNG – ဒေါင်း’s fb
Bilie – Cele Connections