ခ်စ္စဖြယ္ ရုပ္ရည္ေလးကို ပိုင္ဆိုင္ထားတဲ့အျပင္ ပရိသတ္တိုင္း ေၾကြရေလာက္တဲ့ ခ်ိဳသာတဲ့ အသံေလးကို ပိုင္ဆိုင္ထားတဲ့ ခ်စ္သုေဝကို လူၾကီး၊ လူငယ္ ပရိသတ္တိုင္း ခ်စ္ခင္ျပီးသား ျဖစ္မွာပါ။ ခ်စ္သုေဝကေတာ့ ကေလးေမြးျပီးေနာက္ပိုင္း ရုပ္ရွင္ဇာတ္ကားေတြ မရိုက္ကူးျဖစ္ေတာ့ေပမယ့္လည္း ပရိသတ္ေတြအတြက္ေတာ့ သီခ်င္းသစ္ေတြနဲ့ ေၾကာ္ျငာေတြကို ခ်ျပတင္ဆက္ေနလ်က္ရိွပါတယ္။ ဒါ့အျပင္ ခ်စ္သုေဝက သမီးေလးေတြ နာမည္နဲ့ တည္ေထာင္ထားတဲ့ ေခတ္သစ္ေဖာင္ေဒးရွင္းကိုလည္း ဦးစီးေနလ်က္ရိွျပီး မိသားစုေလးကိုလည္း ေစာင့္ေရွာက္ေနရတာပဲ ျဖစ္ပါတယ္။

မိသားစုကိစၥ၊ အလွဴကိစၥေတြအျပင္ Online ကေန စာေတြ သင္ယူေနတဲ့ ခ်စ္သုေဝက သူမရဲ့ တစ္ေန့တာမွာ အလုပ္ေတြအမ်ားၾကီး ရႈပ္ေနတာမို့ ကိုယ့္ကိုကိုယ္ မင္းသမီးဆိုတာကို ေမ့ထားရတာပဲ ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ ခ်စ္သုေဝက သူမရဲ့ မျပင္မဆင္ပံုရိပ္ေလးကို ခ်ျပရင္း “အိုက္စကရင္ကေတာ့ စာဂ်ပိုးပါေပါ့🤣🤣 အမွန္ေတာ့ ဂူဂါေဂါက္ေလး ေဒၚထရီဇာပါ။ မလွမပ ေဒၚtreကို အခ်စ္ေတြလည္းေလ်ာ့ေနေလာက္ပါၿပီ😁😞 မင္းသမီးတဲ့??? ဆံပင္ေလးပဲၾကည့္ ေႂကြတြားမယ္🤣🤣🤣” ဆိုျပီး သူမရဲ့ ပံုရိပ္ေလးတစ္ခုကို ခ်ျပလာတာပဲ ျဖစ္ပါတယ္။

ခ်စ္သုေဝကေတာ့ အလုပ္ေတြအမ်ားၾကီးကို တစ္ေယာက္တည္း လုပ္ကိုင္ေနရတာမို့ ျပင္ဖို့ဆင္ဖို့ အခ်ိန္ဆိုတာ မရိွသေလာက္ကို နည္းပါးေနတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးကေတာ့ ခ်စ္သုေဝကို ဘယ္လိုပံုေလးပဲျဖစ္ျဖစ္ ခ်စ္ျပီးသားဆိုတာ ယံုၾကည္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Chit Thu Wai’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

မင်းသမီးဆိုပေမယ့် အလှူစာရင်းနဲ့ အိမ်ထောင်မှုကိစ္စတွေကြားမှာ အလှတောင်မပြင်နိုင်ပဲ ဂူဂူဂါဂါဖြစ်နေပြီဆိုတဲ့ ချစ်သုဝေ

ချစ်စဖွယ် ရုပ်ရည်လေးကို ပိုင်ဆိုင်ထားတဲ့အပြင် ပရိသတ်တိုင်း ကြွေရလောက်တဲ့ ချိုသာတဲ့ အသံလေးကို ပိုင်ဆိုင်ထားတဲ့ ချစ်သုဝေကို လူကြီး၊ လူငယ် ပရိသတ်တိုင်း ချစ်ခင်ပြီးသား ဖြစ်မှာပါ။ ချစ်သုဝေကတော့ ကလေးမွေးပြီးနောက်ပိုင်း ရုပ်ရှင်ဇာတ်ကားတွေ မရိုက်ကူးဖြစ်တော့ပေမယ့်လည်း ပရိသတ်တွေအတွက်တော့ သီချင်းသစ်တွေနဲ့ ကြော်ငြာတွေကို ချပြတင်ဆက်နေလျက်ရှိပါတယ်။ ဒါ့အပြင် ချစ်သုဝေက သမီးလေးတွေ နာမည်နဲ့ တည်ထောင်ထားတဲ့ ခေတ်သစ်ဖောင်ဒေးရှင်းကိုလည်း ဦးစီးနေလျက်ရှိပြီး မိသားစုလေးကိုလည်း စောင့်ရှောက်နေရတာပဲ ဖြစ်ပါတယ်။

မိသားစုကိစ္စ၊ အလှူကိစ္စတွေအပြင် Online ကနေ စာတွေ သင်ယူနေတဲ့ ချစ်သုဝေက သူမရဲ့ တစ်နေ့တာမှာ အလုပ်တွေအများကြီး ရှုပ်နေတာမို့ ကိုယ့်ကိုကိုယ် မင်းသမီးဆိုတာကို မေ့ထားရတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ချစ်သုဝေက သူမရဲ့ မပြင်မဆင်ပုံရိပ်လေးကို ချပြရင်း “အိုက်စကရင်ကတော့ စာဂျပိုးပါပေါ့🤣🤣 အမှန်တော့ ဂူဂါဂေါက်လေး ဒေါ်ထရီဇာပါ။ မလှမပ ဒေါ်treကို အချစ်တွေလည်းလျော့နေလောက်ပါပြီ😁😞 မင်းသမီးတဲ့??? ဆံပင်လေးပဲကြည့် ကြွေတွားမယ်🤣🤣🤣” ဆိုပြီး သူမရဲ့ ပုံရိပ်လေးတစ်ခုကို ချပြလာတာပဲ ဖြစ်ပါတယ်။

ချစ်သုဝေကတော့ အလုပ်တွေအများကြီးကို တစ်ယောက်တည်း လုပ်ကိုင်နေရတာမို့ ပြင်ဖို့ဆင်ဖို့ အချိန်ဆိုတာ မရှိသလောက်ကို နည်းပါးနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကတော့ ချစ်သုဝေကို ဘယ်လိုပုံလေးပဲဖြစ်ဖြစ် ချစ်ပြီးသားဆိုတာ ယုံကြည်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Chit Thu Wai’s fb
Bilie – Cele Connections