မင္းသားေခ်ာ အလင္းေရာင္နဲ့ မင္းသမီးေခ်ာ ရတနာဗိုလ္တို့ကေတာ့ အနုပညာေလာကမွာ ေအာင္ျမင္မႈကိုယ္စီနဲ့ ရပ္တည္ေနသူေတြပဲ ျဖစ္ပါတယ္။ အလင္းေရာင္နဲ့ ရတနာဗိုလ္တို့ က အနုပညာလုပ္ငန္းေတြကိုယ္စီလုပ္ကိုင္ေနသလို သူတို့နွစ္ေယာက္ အတူတူလုပ္သမွ် လႈပ္ရွားမႈတိုင္းကလည္း ပရိသတ္ေတြရဲ့ စိတ္ဝင္စားျခင္းကို ခံရတာပဲ ျဖစ္ပါတယ္။ အလင္းေရာင္နဲ့ ရတနာဗိုလ္တို့ နွစ္ေယာက္စလံုးပါဝင္သရုပ္ေဆာင္ခဲ့တဲ့ “ကာဗြန္ဒိုင္ေအာက္ဆိုက္” ရုပ္ရွင္ဇာတ္ကားကလည္း ေအာင္ျမင္မႈရရိွခဲ့တာကို ေတြ့ရပါတယ္။


ဒီကေန့ နိုဝင္ဘာလ (၁၅) ရက္ေန့ကေတာ့ မင္းသမီးေခ်ာေလး ရတနာဗုိလ္ရဲ့ ေမြးေန့ေလးပဲ ျဖစ္ျပီး အလင္းေရာင္ကလည္း ခ်စ္သူငယ္ခ်င္းၾကီးအတြက္ “Happy Birthday မမဘိုကိတ္ Yadanar Bo ေမြးေန႔မွစ အခုလိုပဲ ယုံၾကည္မႈအျပည့္နဲ႔ အၿမဲခြီႏိုင္ ေႏွာက္ႏိုင္ပါေစ (😛)။ ပိုက္ဆံေတြအမ်ားႀကီးဝင္ၿပီး ခ်စ္ရတဲ့သူနဲ႔အတူ ေပါင္းသင္းႏိုင္ပါေစ (အားနာလိုက္တာ🤪) CO2 ကားထဲကလိုမ်ိဳး ႏွစ္ေယာက္ဆုံၿပီး ငါလည္း နင့္ကို တံေတြးနဲ႔ေထြးတဲ့အခန္း အျမန္ဆုံး ႐ိုက္ကူးလာႏိုင္ပါေစ 🤣🤣🤣” ဆိုျပီး စစေနာက္ေနာက္နဲ့ ေမြးေန့ဆုမြန္ေကာင္းေတာင္းေပးခဲ့ပါတယ္။

ရတနာဗိုလ္ကေတာ့ သူငယ္ခ်င္းအလင္းေရာင္ရဲ့ ေမြးေန့ဆုေတာင္းေၾကာင့္ ေပ်ာ္ရမလို၊ စိတ္ေကာက္ရမလိုျဖစ္ေနမွာ ေသခ်ာပါတယ္။ ပရိသတ္ၾကီးလည္း ဒီကေန့ရဲ့ ေမြေန့ရွင္ေလး ရတနာဗုိလ္အတြက္ ေမြးေန့ဆုမြန္ေကာင္းေတာင္းေပးခဲ့ၾကဖို့ မေမ့ပါနဲ့ေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: ALINNYAUNG ‘s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ပြောမနာ၊ ဆိုမနာချစ်ရတဲ့ သူငယ်ချင်း ရတနာဗိုလ်အတွက် အမွှေအနှောက်တွေပြောပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့ အလင်းရောင်

မင်းသားချော အလင်းရောင်နဲ့ မင်းသမီးချော ရတနာဗိုလ်တို့ကတော့ အနုပညာလောကမှာ အောင်မြင်မှုကိုယ်စီနဲ့ ရပ်တည်နေသူတွေပဲ ဖြစ်ပါတယ်။ အလင်းရောင်နဲ့ ရတနာဗိုလ်တို့ က အနုပညာလုပ်ငန်းတွေကိုယ်စီလုပ်ကိုင်နေသလို သူတို့နှစ်ယောက် အတူတူလုပ်သမျှ လှုပ်ရှားမှုတိုင်းကလည်း ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းကို ခံရတာပဲ ဖြစ်ပါတယ်။ အလင်းရောင်နဲ့ ရတနာဗိုလ်တို့ နှစ်ယောက်စလုံးပါဝင်သရုပ်ဆောင်ခဲ့တဲ့ “ကာဗွန်ဒိုင်အောက်ဆိုက်” ရုပ်ရှင်ဇာတ်ကားကလည်း အောင်မြင်မှုရရှိခဲ့တာကို တွေ့ရပါတယ်။

ဒီကနေ့ နိုဝင်ဘာလ (၁၅) ရက်နေ့ကတော့ မင်းသမီးချောလေး ရတနာဗိုလ်ရဲ့ မွေးနေ့လေးပဲ ဖြစ်ပြီး အလင်းရောင်ကလည်း ချစ်သူငယ်ချင်းကြီးအတွက် “Happy Birthday မမဘိုကိတ် Yadanar Bo မွေးနေ့မှစ အခုလိုပဲ ယုံကြည်မှုအပြည့်နဲ့ အမြဲခွီနိုင် နှောက်နိုင်ပါစေ (😛)။ ပိုက်ဆံတွေအများကြီးဝင်ပြီး ချစ်ရတဲ့သူနဲ့အတူ ပေါင်းသင်းနိုင်ပါစေ (အားနာလိုက်တာ🤪) CO2 ကားထဲကလိုမျိုး နှစ်ယောက်ဆုံပြီး ငါလည်း နင့်ကို တံတွေးနဲ့ထွေးတဲ့အခန်း အမြန်ဆုံး ရိုက်ကူးလာနိုင်ပါစေ 🤣🤣🤣” ဆိုပြီး စစနောက်နောက်နဲ့ မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။

ရတနာဗိုလ်ကတော့ သူငယ်ချင်းအလင်းရောင်ရဲ့ မွေးနေ့ဆုတောင်းကြောင့် ပျော်ရမလို၊ စိတ်ကောက်ရမလိုဖြစ်နေမှာ သေချာပါတယ်။ ပရိသတ်ကြီးလည်း ဒီကနေ့ရဲ့ မွေနေ့ရှင်လေး ရတနာဗိုလ်အတွက် မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့ကြဖို့ မမေ့ပါနဲ့နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: ALINNYAUNG ‘s fb
Bilie – Cele Connections