


ယူနီကုဒ်ဖြင့်ဖတ်ရန်

ညီမလေးချက်ထားတဲ့ ဟင်းလျာတွေကို အရသာရှိရှိစားပြရင်း ပရိသတ်တွေအတွက် Live လွှင့်ပေးလာတဲ့ ဟိန်းဝေယံတို့ မောင်နှမနှစ်ယောက်

မင်းသားချော ဟိန်းဝေယံကတော့ သရုပ်ဆောင်ကောင်းသလို ရုပ်ရည်ကလည်း ပြောစရာမလိုအောင် ခန့်ညားလွန်းတာကြောင့် အထူးသဖြင့် မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတာပဲ ဖြစ်ပါတယ်။ ဟိန်းဝေယံရဲ့ ညီမလေး စွဲညှို့ရှင်ကလည်း အစ်ကိုဖြစ်သူရဲ့ ခြေရာကိုနင်းပြီး ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတာ ဖြစ်ပါတယ်။ ဟိန်းဝေယံတို့ မောင်နှမနှစ်ယောက်စလုံးကတော့ လက်ရှိအချိန်ထိ အိမ်ထောင်မပြုကြသေးပဲ မိသားစုတွေနဲ့အတူတူ အချိန်ကုန်ဆုံးနေလျက်ရှိပါတယ်။

ဟိန်းဝေယံကတော့ ညီမချောချောလေးကို ပိုင်ဆိုင်ထားပေမယ့် ညီမလေးနဲ့ အနေစိမ်းတာကြောင့် ပရိသတ်တွေက မောင်နှမနှစ်ယောက်ကို တွဲမြင်ရတဲ့အချိန်က အရမ်းကို နည်းပါးလှပါတယ်။ ဒီကနေ့မှာတော့ ဟိန်းဝေယံက ညီမလေး စွဲညှို့ရှင်ကိုယ်တိုင် ချက်ထားတဲ့ ပင်လယ်စာတွေကို အရသာရှိရှိစားပြရင်း ပရိသတ်တွေအတွက် အခုလိုပဲ အမှတ်တရ Live လွှင့်ပေးလာခဲ့ပါတယ်။

ဟိန်းဝေယံကတော့ ညီမလေး ပင်ပန်းရကျိုးနပ်အောင် ညီမလေး ချက်ထားတဲ့ ဟင်းလျာတွေကို အားရပါးရစားပြခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဟိန်းဝေယံနဲ့ စွဲညှို့ရှင်တို့ မောင်နှမနှစ်ယောက်ရဲ့ ထူးထူးခြားခြားဗီဒီယိုလေးကိုကြည့်ပြီး ကျေနပ်ကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Shwe Sin Win Ko’s fb
Bilie – Cele Connections